Sunday, October 16, 2016

့ အောင်စိုးမိုးကျော်(၂) ခရီးသည်တင် အမြန်ရေယာဉ်မတိမ်းမှောက်မှီ

r

မျိုးချစ်ရေ..မျိုးချစ်..

လမ်းတစ်ခြမ်းခင်းအောင်သိန်းလင်း ၏KTVအနမ်း

တစ်ဘာသာ ကျပ်တစ်သိန်းချီးမြှင့်ရန် သမ္မတရုံးညွှန်ကြား




တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရရှိသူများကို တစ်ဘာသာ ကျပ်တစ်သိန်းချီးမြှင့်ရန် သမ္မတရုံးညွှန်ကြား

ရန်ကုန်၊ အောက်တိုဘာ ၁၅


ပညာရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ထူးတစ်ဘာသာလျင် ကျပ်တစ်သိန်းချီးမြှင့်ရန် သမ္မတရုံးကညွှန်ကြားထားကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ပြည်လမ်းရှိ တက္ကသိုလ်စိန်ရတုခန်းမ၌ ယနေ့(အောက်တိုဘာ ၁၅ ရက်) ကျင်းပသည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ပညာရေးဝန်ထမ်းမိသားစုဝင် သား၊ သမီးများအား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားတွင် ၎င်းက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂုဏ်ထူးရရှိသူများ ဆုချီးမြှင့်ရာတွင် ငွေသားအစား ကမ္ဘောဇဘဏ်မှ ATM ကတ်များဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

ပညာရေးဝန်ကြီးဌာန၌ အရာထမ်း၊ အမှုထမ်းဦးရေ လေးသိန်းခုနစ်သောင်းကျော်ရှိပြီး ၄င်းတို့မိသားစုများမှ ပြီးခဲ့သည့်တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၆၁၈၀ဦးအောင်မြင်ခဲ့ကြောင်း၊ ငါးဘာသာဂုဏ်ထူးရှင် ၁၃၆ဦး၊ ခြောက်ဘာသာဂုဏ်ထူးရှင် ၈၅ဦးရရှိခဲ့ကြောင်း ယင်းဌာနထံမှ သိရှိရသည်။

အဆိုပါအခမ်းအနားတွင် နေရာအခက်အခဲကြောင့် ငါးဘာသာနှင့် ခြောက်ဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများကိုသာ ဂုဏ်ပြု ချီးမြှင့်နိုင်ပြီး ကျန်ရှိသည့်လေးဘာသာ၊ သုံးဘာသာ၊ နှစ်ဘာသာ၊ တစ်ဘာသာဂုဏ်ထူးရှင်များကို သက်ဆိုင်ရာဦးစီးဌာနအလိုက် ဆက်လက်ချီးမြှင့်မည်ဖြစ်သည်။ ရိုးရိုးအောင်မြင်သူများကို အများဆုံးကျပ်ငါးသောင်းချီးမြှင့်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးက ပြောကြားသည်။

၂၀၁၅-၂၀၁၆ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံးမှ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ခြောက်သိန်း ကျော်ရှိသည့်အနက် နှစ်သိန်းခန့်သာအောင်မြင်သောကြောင့် အောင်ချက်ရာခိုင်နှုန်း ၂၉ဒသမ၉၂ရာခိုင်နှုန်းသာရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန စာရင်းများအရ သိရှိရသည်။

http://thevoicemyanmar.com/news/2763-localnews

တရားမ၀င်​ ခိုးဝင်​လာသည့်​ ဘင်္ဂါလီများအား​နှစ်​ရက်​ဆက်​တိုက် ဖမ်းဆီးရမိ

မြန်​မာနိုင်​ငံ အတွင်းသို့ တရားမ၀င်​ ခိုးဝင်​လာသည့်​ ဘင်္ဂါလီများအား မြ၀တီမြို့ ​သောင်ရင်းမြစ်​ကူး (၁၃) ဂိတ်​​ဟောင်းတွင် ​နှစ်​ရက်​ဆက်​တိုက် ဖမ်းဆီးရမိ

ဖမ်းဆီးရမိထားသော ဘင်္ဂါလီ အချို့အား တွေ့ရစဉ်
တစ်ဖက်​ထိုင်းနိုင်​ငံမှ မြန်​မာနိုင်​ငံ အတွင်းသို့ သောင်​ရင်းဖြတ်​​ကျော်​ စက်​​လှေဂိတ်​များမှတစ်ဆင့်​ ဘင်္ဂါလီများ တရားမ၀င်​ ခိုးဝင်​လျက်​ရှိရာ ​အောက်​တိုဘာ ၁၃ ရက်​၊ ၁၄ ရက်တို့တွင်​ နှစ်​ရက်​ဆက်​ ဖမ်းဆီးရမိခဲ့​ကြောင်း သိရသည်​။မြ၀တီမြို့ အမှတ်​ (၅) ရပ်​ကွက်​၊ ၁၃ ဂိတ်​​ဟောင်းတွင်​ တစ်ဖက်​နိုင်​ငံမှ ခိုးဝင်​လာသူ ဘင်္ဂါလီခြောက်ဦးအား သက်​ဆိုင်​ရာ တာဝန်​ရှိသူများက ​အောက်​တိုဘာ ၁၄ ရက်​​နံနက်​ ၉ နာရီက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်​သည်။ထို့အတူ ​အောက်​တိုဘာ ၁၃ ရက်​​ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်က အမှတ်​ (၅) ရပ်​ကွက်ရှိ အဆိုပါ (၁၃) ဂိတ်၌ပင်​ ဘင်္ဂါလီအမျိုးသား ၁၆ ဦး၊ အမျိုးသမီလေးဦး  စုစု​ပေါင်း၂၀ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်​။တစ်ဖက်​ထိုင်းနိုင်​ငံမှ ဘင်္ဂါလီလူမျိုးများ တရားမ၀င် ​ခိုးဝင်​လာသည့်​ အဆိုပါအမှတ်​ (၁၃) ​သောင်​ရင်းဖြတ်​​ကျော်​ စက်​​လှေဂိတ်မှာ မြန်​မာနိုင်​ငံသို့ Without Cars အများဆုံး တင်​သွင်းသည့်​ ကမ်းကူးကုတိုးဆိပ်​လည်းဖြစ်​သည်​။ထို့ပြင်​ ယင်း (၁၃) ဂိတ်​၊ ထိုင်းဘက်​ကမ်းတွင်​ ဘင်္ဂလား​​​ဒေ့ရှ်​နိုင်​ငံသားများစု​ပေါင်းကာ ကားအ​ရောင်းအ၀ယ်​လုပ်​သည့်​ ဂိတ်​လည်း ဖြစ်​ကြောင်း၊ ယခုအခါ ဘင်္ဂါလီ ၀င်​​ရောက်​မှု များပြားလာခြင်းကြောင့် ဒေသခံများက စိုးရိမ်​​နေကြကြောင်း သိရသည်​။၂၀၁၆ ခုနှစ်​ ​အောက်​တိုဘာ ၁၄ ရက်​​ နံနက် ၉ နာရီက ကရင်​ပြည်​နယ်​၊​ ရှေ့တန်း ၃၁၀ မှ ဗိုလ်​ကြီး လင်းဝင်းထွဋ်​ ဦးစီးအဖွဲ့၊ မြ၀တီ မြို့မရဲစခန်းမှ ဒုမြို့မ ရဲစခန်းမှူး ရဲအုပ်​အောင်​ကိုလတ်​၊ ရာအိမ်​မှူးများ ပါဝင်​သည့်​ ပူးပေါင်းအဖွဲ့သည်​ နယ်​​မြေလှည့်​ကင်း​ ဆောင်​ရွက်​​နေစဉ်​ ခိုးဝင်​ဘင်္ဂါလီများ ​ရောက်​ရှိ​နေ​ကြောင်းသတင်းအရ အမှတ်​ (၅) ရပ်​ကွက်​ရှိ (၁၃) ဂိတ်​ဟောင်းတွင်​ စစ်​​ဆေးဖမ်းဆီးရာ ဘင်္ဂါလီအမျိုးသား ခြောက်ဦး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်​သည်​။ယင်းဘင်္ဂါလီ လူမျိုးခြောက်ဦးမှာ ဆာလင်​ (၃၃ နှစ်​) (ဘ) အဒူ​မော်​ဇိတ်​၊ ရန်​ကုန်​၊ ​မော်​ဂျီရာမတ်​ (၃၀ နှစ်​) (ဘ) ဦးမာမတ်​ကာ စီ၊ ရန်​ကုန်​​၊ နေသလာ (၂၈ နှစ်​) (ဘ) ဦးရိနာဂျား၊ ပဲခူး၊ ရာဂူး (၂၀ နှစ်​) ပဲခူး၊ အီစမိုင်​ (၄၆ နှစ်​) (ဘ) ဦးကို​လေး၊ ရန်ကုန်​၊ အစိုးကူးမား (၃၄ နှစ်​) (ဘ) ဦးပူစူးသာ ပဲခူးတိုင်းဒေသကြီး​ နေသူတို့ ဖြစ်​သည်​ဟု ၎င်းးတို့မှ ထွက်​ဆိုခဲ့ပြီး၊ စစ်​​ဆေးစဉ် မည်​သည့်​သက်​​သေခံကတ်​ပြား တစ်စုံတစ်ရာ ပြသနိုင်​ခြင်း မရှိဘဲ တစ်ဖက်​နိုင်​ငံသို့တရားမ၀င်​ သွား​ရောက်ခဲ့ပြီး မြန်မာနိုင်​ငံသို့ တရားမ၀င် ​ခိုးဝင်​လာသူများ ဖြစ်​​ကြောင်း သိရသည်​။အောက်​တိုဘာ ၁၃ ရက်​​တွင်​ တစ်ဖက်​ထိုင်​နိုင်​ငံမှ ခိုးဝင်​လာသူများအဖြစ်​ စစ်​​ဆေး​ပေါ်​ပေါက်​ခဲ့သည့်​ ဘင်္ဂါလီလူမျိုး အမျိုးသား အမျိုးသမီး ၂၀ ဦးနှင့်​ အောက်တိုဘာ ၁၄ ရက်​​က ဖမ်းဆီးရမိခဲ့သော ဘင်္ဂါလီလူမျိုး အမျိုးသား ခြောက်ဦးတို့အား ခရိုင်​လ၀ကမှူးရုံးသို့ အပ်​နှံစစ်​​ဆေးရာ တရားမ၀င် ​ခိုးဝင်​လာကြောင်း စစ်​​ဆေး​ပေါ်​ပေါက်​သဖြင့်​ ၁၉၄၇ ခုနှစ်​ လူဝင်​မှုကြီးကြပ်​​ရေး အက်​ဥပ​ဒေပုဒ်​မ ၃ (၂) ကို ကျူးလွန်​၍ ၎င်းးဥပ​ဒေပုဒ်​မ ၁၃ (၁) အရ အ​ရေးယူ​ပေးရန်​ တိုင်တန်းသဖြင့်​ မြ၀တီမြို့မ ရဲစခန်းတွင်​ အမှုဖွင့်​ စစ်​​ဆေးလျက်​ရှိ​ကြောင်း သိရသည်​။
  Writer: ကို​ရွှေသိန်း
http://news-eleven.com/crime/26444

မောင်တောဒေသ လုံခြုံရေး ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော ကွပ်ကဲဆောင်ရွက်



Byအောင်ခိုင်မောင်ကံOn  Sun, 2016-10-1606:30Locationမောင်တောIssue No.No.1243 Sunday, October 16, 2016

မြန်မာ−ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ကင်းလှည့်နေစဉ် (ဓာတ်ပုံ − စိုင်းဇော်)

စစ်ဆင်ရေးနယ် မြေအဖြစ် သတ်မှတ်ထားသော မောင်တောဒေသတွင် လုံခြုံရေး လုပ်ငန်းများကို ကာကွယ်ရေးဝန် ကြီးဌာန အမှတ်(၃)စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ် ကြီးအောင်ကျော်ဇောက ကွပ်ကဲ ဆောင်ရွက်နေပြီး တပ်မတော် (ရေ)အထူးတပ်ဖွဲ့(Navy SEAL) တပ်ဖွဲ့ဝင်များကို အောက်တိုဘာ ၁၅ ရက်က အင်အားတိုးချဲ့ခဲ့ ကြောင်း သတင်းရရှိသည်။အောက်တိုဘာ ၉ ရက်က မောင်တောဒေသတွင် အကာလ် မူလ်မူဂျာဟီဒင်န်အဖွဲ့က အ ကြမ်းဖက်တိုက်ခိုက်ခဲ့ပြီးနောက် မောင်တောနှင့် ဘူးသီးတောင်မြို့ နယ်များကို စစ်ဆင်ရေးနယ်မြေ အဖြစ် သတ်မှတ်ထားကာ တပ်မ တော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသည်။‘‘လက်ရှိ အခြေအနေမှာဆို ရင် စစ်ဆင်ရေးအထူးအဖွဲ့မှူးက ဘူးသီးတောင်မှာ အခြေပြုပြီးနေ ပါတယ်။ တိုင်းမှူးကြီးနဲ့ ကျွန် တော်က မောင်တောမှာရှိနေပြီး တော့ တပ်မမှူးတို့က ကျီးကန်းပြင်(နယ်ခြားစောင့်ရဲဌာနချုပ်)မှာ ရှိ နေပါတယ်။ ထို့အတူပဲ မြန်မာနိုင် ငံရဲတပ်ဖွဲ့ ဒုရဲချုပ်က ကျီးကန်း ပြင်မှာ အခြေပြုပြီးတော့ လုံခြုံရေးကိစ္စရပ်များကို လက်ရှိ ဆောင် ရွက်နေပါတယ်’’ ဟု ရခိုင်ပြည် နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက အောက်တိုဘာ ၁၅ ရက်တွင် မောင်တောမြို့နယ်၌ ပြုလုပ်ခဲ့ သည့် အကြမ်းဖက်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် မိသားစုဝင်များအတွက် အလှူ ပေးအပ်ပွဲနှင့် နယ်မြေအခြေအနေ ရှင်းလင်းပွဲတွင် ပြောကြားသည်။ဗိုလ်မှူးကြီး ထိန်လင်းက ဆက်လက်၍ ‘‘လက်ရှိ အနေအ ထားမှာလည်း ကျွန်တော်တို့တပ် များက နေရာဒေသအသီးသီးကို ရောက်ရှိပြီးတော့ စစ်ဆင်ရေး ကိစ္စရပ်များကို စနစ်တကျဆောင် ရွက်နေတယ်ဆိုတာ တင်ပြလိုပါ တယ်’’ဟု ပြောသည်။ထို့အပြင် ယမန်နေ့က နေရာနှစ်ခုတွင် အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အကြမ်းဖက်သူ လေးဦးကို အရှင်ဖမ်းမိပြီး သုံးဦးကို အသေဖမ်းဆီးနိုင်ခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် မောင်တောမြို့ နယ် လိပ်အိုင်ကျေးရွာသို့ လုံခြုံ ရေးတပ်ဖွဲ့များက နယ်မြေရှင်း လင်းရေးဆောင်ရွက်စဉ်အကြမ်း ဖက်တိုက်ခိုက်သူ အမျိုးသားတစ် ဦးနှင့် အမျိုးသမီး နှစ်ဦးတို့က ဓားများဖြင့် တိုက်ခိုက်သဖြင့် ပစ် ခတ်ဖမ်းဆီးရာ အကြမ်းဖက်သူ သုံးဦးကို အသေ ဖမ်းဆီးနိုင်ခဲ့ သည်။ အကြမ်းဖက်သူ သုံးဦးက ဓားဖြင့်တိုက်ခိုက်သော်လည်း ရဲ တပ်ဖွဲ့ဝင် သုံးဦးက တိမ်းရှောင် နိုင်ခဲ့သဖြင့် ဒဏ်ရာမရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန် သည်။ထို့အပြင် ရီဒါကျေးရွာတစ် ၀ိုက် တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ လေးဦးက တိုက်ခိုက်လာသောကြောင့် စစ် ကြောင်းက ၎င်းတို့ လေးဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း သ တင်းထုတ်ပြန်ထားသည်။ထို့ကြောင့် အကြမ်းဖက်စီး  နင်းမှုများဖြစ်ပွားပြီးနောက် လုံခြုံ ရေး တပ်ဖွဲ့ဝင်များက အကြမ်း ဖက်သမား ၂၀ ဦးကို အသေဖမ်းမိပြီး ၈ ဦးကို အရှင်ဖမ်းမိထားသည်။ ထို့အပြင် ဘင်္ဂလားဒေ့ရှ်မှအကြမ်းဖက်သမားတစ်ဦးကို ဖမ်းဆီးလွှဲပြောင်းပေးထားသည်။ထို့အပြင် မောင်တောဒေသ တွင် အောက်တိုဘာ ၁၅ ရက်က Navy Seal တပ်ဖွဲ့ဝင်များ တာဝန်စတင်ထမ်းဆောင်ခဲ့ကြောင်း ပြန် ကြားရေးဝန်ကြီးဌာနမှ တစ်ဆင့် သတင်းထုတ်ပြန်ထားသည်။မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ် စပ် ခြံစည်းရိုးတွင် လုံခြုံရေးတာ ဝန် ထမ်းဆောင်နေသည့် နယ်ခြားစောင့်ရဲအရာရှိတစ်ဦးက ယခင်က အဖွဲ့များခွဲပြီး လှည့်ကင်း ဆောင်ရွက်ခဲ့သော်လည်းလက်ရှိ အချိန်တွင် စုစည်း၍ လုံခြုံရေးကို တိုးမြှင့် ဆောင်ရွက်နေကြောင်း သတင်းထောက်များအားရှင်းပြ သည်။   အကြမ်းဖက် တိုက်ခိုက်မှု များဖြစ်ပွားပြီးနောက် တစ်ပတ်အ ကြာ အောက်တိုဘာ ၁၅ ရက် မောင်တောမြို့ပေါ်အခြေအနေ မှာ နံနက်ပိုင်းတွင် ဈေးပြင်တန်းမှ ဈေးဆိုင်အများစု ပြန်လည်ဖွင့် လှစ်ခဲ့ပြီး နေ့လယ်ပိုင်းတွင် ပြန် လည်ပိတ်ထားခဲ့ကြသည်ကိုတွေ့ ရသည်။ သို့သော်လည်း ယခင် ရက်များထက် လူသွားလူလာများ ပြားလာသည်ကိုတွေ့ရပြီး ကျေး လက်ဒေသများမှ မိသားစုဝင်များ မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်မှုများရှိနေဆဲ ဖြစ်သည်။လက်ရှိအချိန်ထိ မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေမြို့ပေါ် သို့ ထွက်ပြေးတိမ်းရှောင်သူ ဦးရေ သုံးထောင်ကျော်ရှိနေပြီဖြစ် ကြောင်း သတင်းရရှိသည်။
http://www.7daydaily.com/story/78238