Saturday, October 15, 2016

အကြမ်းဖက်သမားတွေလက်ထဲကနေ RSO အလံနဲ့လည်စီးတွေ သိမ်းမိ

Kamayut Media

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဝါးပိတ်ကျေးရွာအနောက်ဘက်က တောင်ကုန်းမှာ နယ်ခြားစောင့်ရဲကင်းကို အကြမ်းဖက်စီးနင်းခဲ့သူ ဖော်ဆော်လာမောကို ဖမ်းဆီးရမိခဲ့ပြီး တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းရေးလုပ်ရာမှာ မီးလောင်ထားတဲ့ MA-11 သေနတ်တစ်လက်၊ ကျည်မျိုးစုံ ၁၅ဝဝတောင့်ကျော်၊ ပျောက်ကျားယူနီဖောင်းတစ်ခုနဲ့ RSO အလံ ၂၄ခု၊ RSO တံဆိပ်ပါ လည်စီး ၄ဝနဲ့ ဓားရှည်တစ်ခုကို သိမ်းဆည်းရမိတယ်လို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။
မောင်တောက တောင်ပြိုပွဲကျေးရွာနဲ့ ပတ်ဝန်းကျင်ရွာတွေက ဆရာ၊ ဆရာမတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒေသခံပြည်သူတွေကို တပ်မတော်ရဟတ်ယာဉ်တွေနဲ့ အေးချမ်းတဲ့နေရာတွေကို ပို့ဆောင်ပေးနေပြီး ရဟတ်ယာဉ် ၂စီးနဲ့ ၆ခေါက်သယ်ယူခဲ့ရာမှာ စုစုပေါင်း ၁၈ဝကျော်ကို ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


0 အကြံပြုခြင်း: