Saturday, October 15, 2016

RSO ဆိုတာ ဘာလဲ




RSO ဆိုတဲ့အကြမ်းဖက်အဖွဲကို ၁၉၇၀ ခုနှစ်မှာ
ဘင်္ဂလားဒေ့(ရှ်)နိုင်ငံထဲမှာ စပြီးဖွဲစည်းခဲ့တာပါ။
RSO ဆိုတာရဲ့ အမည်အပြည့်အစုံကတော့
"Rohinngya Solidarity Organization "
ရဲ့အတိုကောက်ပါ။

မြန်မာလိုကတော့
"ရိုဟင်ဂျာစည်းလုံးညီညွှတ်ရေးအဖွဲအစည်း"လို
အဓိပါယ်ရပါတယ်။
သူတိုရဲ့ရည်ရွယ်ချက်က ရခိုင်ပြည်နယ်ကိုသိမ်းပိုက်ပြီး
"အာရကန်နစ္စတန်ပြည်နယ်" ဆိုပြီး
အစ္စလာမ်မစ်နိုင်ငံတစ်ခုတည်ထောင်ဖို့ပါ။

ဒီအကြမ်းဖက်အဖွဲ.အစည်းကို
ဘင်္ဂလားဒေ့(ရှ်)အစိုးရအပြင်
ဆော်ဒီအာရေဗျ၊ကူဝိတ်၊ပါကစ္စတန်နဲ့
အာရပ်စော်ဘွားများနိုင်ငံတွေက ထောက်ပံ့ပေးထားပါတယ်။
တစ်နှစ်တစ်နှစ်ကိုထောက်ပံ့ငွေစုစုပေါင်း
ဒေါ်လာသန်း(၅၀)လောက်ရတယ်လိုဆိုပါတယ်။
သူတို့ဆီက တစ်ချို့လက်နက်တွေက
လစ်ဗျားကလက်နက်တွေတောင်ပါတယ်လို့သိရပါတယ်။
တစ်ချို့လက်နက်တွေကို
ထိုင်းဘက်ကနေ သွင်းပါတယ်။

M-22 သေနတ်ဆိုတာလည်း
ထိုင်းဘက်ကရတာဖြစ်ဖို့ များပါတယ်။
ဘင်္ဂလားဒေ့(ရှ်)က ဘာသာရေးအကြောင်းပြချက်နဲ့
RSO အဖွဲ့ကို သူ့နိုင်ငံထဲမှာ လက်ခံထားပါတယ်။
ဘာသာရေးအပြင် နောက်ထပ် ရည်ရွယ်ချက်တစ်ခုကတော့
နိုင်ငံတော်တော်များများမှာ ကျင့်သုံးလေ့ရှိတဲ့
Buffer Zoneဆိုတဲ့ သဘောတရားပါ။
Buffer Zone ဆိုတာကတော့ နိုင်ငံနှစ်နိုင်ငံကြားမှာ
ကြားခံထားတဲ့မြေနေရာတစ်ခုဖြစ်ပြီး
အဲသည်မြေပေါ်မှာ ကိုယ့်လူတွေမွေးထားခြင်းဖြင့်
စစ်ဖြစ်မယ်ဆိုရင်တောင် ကိုယ့်နယ်နိမိတ်ထဲမရောက်ခင်
Buffer zone ထဲမှာ ကိုယ်မွေးထားတဲ့
သူပုန်တွေနဲ့တစ်ဘက်ကစစ်သားတွေကို
အရင်ဆုံးရင်ဆိုင်စေတဲ့နည်းပါ။

ခုလည်း ဘဂ်လားဒေ့(ရှ်)က RSO တွေကို
သူတို့ရဲ့ Buffer Zoneထဲက သားကောင်တွေအဖြစ် အဖြစ်အသုံးချနေတဲ့သဘောပါ။
"ဘ"တွေကတော့
သူ့နိုင်ငံထဲမှာ RSO မရှိဘူးဆိုပြီး ငြင်းတယ်။
သူကလည်း ပါကစ္စတန်ကို
အားကျလို့ထင်ပါရဲ့။
ပါကစ္စတန်တုန်းကလည်း
"သူ့နိုင်ငံထဲမှာအကြမ်းဖက်သမားတွေ
အတွက်နေရာမရှိဘူး။
အကြမ်းဖက်သမားတွေကိုလည်းလက်မခံဘူး"
ဆိုပြီးကြော်ငြာထားပါတယ်။

ဒါပေမယ့် ကမ္ဘာ့အကြမ်းဖက်ခေါင်းဆောင်ကြီး
ဘင်လာဒင်လိုလူကိုတောင် စစ်တပ်တွေဝန်းရံထားတဲ့
သူ့နိုင်ငံထဲက မြို့တစ်မြို့ထဲမှာ
လုံလုံခြုံခြုံဖွက်ထားပေးထားခဲ့တာ အားလုံးအသိပါ။
ပြီးတော့ ပါကစ္စတန်နိုင်ငံထဲမှာ
အကြမ်းဖက်စခန်းပေါင်း(၆၃)ခုတောင်ရှိပါတယ်။

ခုလည်း RSO တွေက သူတို့နဖူးမှာ
"ကျွန်တော်တို. RSO တွေပါ"ဆိုပြီး စာကပ်မထားတော့
ဘင်္ဂလားဒေ့(ရှ်)ကလည်း ငြင်းနေပေမယ့်
သူတို့ရဲ့ရည်မှန်းချက်အချိန်ရောက်လာပြီဖြစ်လို့
မြန်မာပြည်နောက်တံခါးကို ရိုက်ချိုးလိုက်တာပါ...
ယခုလိုအခြေအနေမျိုးမှာ
မြန်မာတွေအနေနှင့်သိထားသင့်ဖို့လိုတာကတော့
ဒါဟာတိုင်းတပါးသားလူမျိုးခြားက
မြန်မာရေမြန်မာမြေကို ကျူးကျော်ရန်စလာတာဖြစ်လို့
မြန်မာတမျိုးသားလုံးအနေဖြင့် နိုးကြားပါဝင်ဖို့
အချိန်တန်ပါပြီ လို့နိုးဆော်လိုက်ပါစေ....။

~ Wai Zin Khine ~


0 အကြံပြုခြင်း: