Sunday, October 16, 2016

တရားမ၀င်​ ခိုးဝင်​လာသည့်​ ဘင်္ဂါလီများအား​နှစ်​ရက်​ဆက်​တိုက် ဖမ်းဆီးရမိ

မြန်​မာနိုင်​ငံ အတွင်းသို့ တရားမ၀င်​ ခိုးဝင်​လာသည့်​ ဘင်္ဂါလီများအား မြ၀တီမြို့ ​သောင်ရင်းမြစ်​ကူး (၁၃) ဂိတ်​​ဟောင်းတွင် ​နှစ်​ရက်​ဆက်​တိုက် ဖမ်းဆီးရမိ

ဖမ်းဆီးရမိထားသော ဘင်္ဂါလီ အချို့အား တွေ့ရစဉ်
တစ်ဖက်​ထိုင်းနိုင်​ငံမှ မြန်​မာနိုင်​ငံ အတွင်းသို့ သောင်​ရင်းဖြတ်​​ကျော်​ စက်​​လှေဂိတ်​များမှတစ်ဆင့်​ ဘင်္ဂါလီများ တရားမ၀င်​ ခိုးဝင်​လျက်​ရှိရာ ​အောက်​တိုဘာ ၁၃ ရက်​၊ ၁၄ ရက်တို့တွင်​ နှစ်​ရက်​ဆက်​ ဖမ်းဆီးရမိခဲ့​ကြောင်း သိရသည်​။မြ၀တီမြို့ အမှတ်​ (၅) ရပ်​ကွက်​၊ ၁၃ ဂိတ်​​ဟောင်းတွင်​ တစ်ဖက်​နိုင်​ငံမှ ခိုးဝင်​လာသူ ဘင်္ဂါလီခြောက်ဦးအား သက်​ဆိုင်​ရာ တာဝန်​ရှိသူများက ​အောက်​တိုဘာ ၁၄ ရက်​​နံနက်​ ၉ နာရီက ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်​သည်။ထို့အတူ ​အောက်​တိုဘာ ၁၃ ရက်​​ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်က အမှတ်​ (၅) ရပ်​ကွက်ရှိ အဆိုပါ (၁၃) ဂိတ်၌ပင်​ ဘင်္ဂါလီအမျိုးသား ၁၆ ဦး၊ အမျိုးသမီလေးဦး  စုစု​ပေါင်း၂၀ ဦးတို့အား ဖမ်းဆီးရမိခဲ့သည်​။တစ်ဖက်​ထိုင်းနိုင်​ငံမှ ဘင်္ဂါလီလူမျိုးများ တရားမ၀င် ​ခိုးဝင်​လာသည့်​ အဆိုပါအမှတ်​ (၁၃) ​သောင်​ရင်းဖြတ်​​ကျော်​ စက်​​လှေဂိတ်မှာ မြန်​မာနိုင်​ငံသို့ Without Cars အများဆုံး တင်​သွင်းသည့်​ ကမ်းကူးကုတိုးဆိပ်​လည်းဖြစ်​သည်​။ထို့ပြင်​ ယင်း (၁၃) ဂိတ်​၊ ထိုင်းဘက်​ကမ်းတွင်​ ဘင်္ဂလား​​​ဒေ့ရှ်​နိုင်​ငံသားများစု​ပေါင်းကာ ကားအ​ရောင်းအ၀ယ်​လုပ်​သည့်​ ဂိတ်​လည်း ဖြစ်​ကြောင်း၊ ယခုအခါ ဘင်္ဂါလီ ၀င်​​ရောက်​မှု များပြားလာခြင်းကြောင့် ဒေသခံများက စိုးရိမ်​​နေကြကြောင်း သိရသည်​။၂၀၁၆ ခုနှစ်​ ​အောက်​တိုဘာ ၁၄ ရက်​​ နံနက် ၉ နာရီက ကရင်​ပြည်​နယ်​၊​ ရှေ့တန်း ၃၁၀ မှ ဗိုလ်​ကြီး လင်းဝင်းထွဋ်​ ဦးစီးအဖွဲ့၊ မြ၀တီ မြို့မရဲစခန်းမှ ဒုမြို့မ ရဲစခန်းမှူး ရဲအုပ်​အောင်​ကိုလတ်​၊ ရာအိမ်​မှူးများ ပါဝင်​သည့်​ ပူးပေါင်းအဖွဲ့သည်​ နယ်​​မြေလှည့်​ကင်း​ ဆောင်​ရွက်​​နေစဉ်​ ခိုးဝင်​ဘင်္ဂါလီများ ​ရောက်​ရှိ​နေ​ကြောင်းသတင်းအရ အမှတ်​ (၅) ရပ်​ကွက်​ရှိ (၁၃) ဂိတ်​ဟောင်းတွင်​ စစ်​​ဆေးဖမ်းဆီးရာ ဘင်္ဂါလီအမျိုးသား ခြောက်ဦး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်​သည်​။ယင်းဘင်္ဂါလီ လူမျိုးခြောက်ဦးမှာ ဆာလင်​ (၃၃ နှစ်​) (ဘ) အဒူ​မော်​ဇိတ်​၊ ရန်​ကုန်​၊ ​မော်​ဂျီရာမတ်​ (၃၀ နှစ်​) (ဘ) ဦးမာမတ်​ကာ စီ၊ ရန်​ကုန်​​၊ နေသလာ (၂၈ နှစ်​) (ဘ) ဦးရိနာဂျား၊ ပဲခူး၊ ရာဂူး (၂၀ နှစ်​) ပဲခူး၊ အီစမိုင်​ (၄၆ နှစ်​) (ဘ) ဦးကို​လေး၊ ရန်ကုန်​၊ အစိုးကူးမား (၃၄ နှစ်​) (ဘ) ဦးပူစူးသာ ပဲခူးတိုင်းဒေသကြီး​ နေသူတို့ ဖြစ်​သည်​ဟု ၎င်းးတို့မှ ထွက်​ဆိုခဲ့ပြီး၊ စစ်​​ဆေးစဉ် မည်​သည့်​သက်​​သေခံကတ်​ပြား တစ်စုံတစ်ရာ ပြသနိုင်​ခြင်း မရှိဘဲ တစ်ဖက်​နိုင်​ငံသို့တရားမ၀င်​ သွား​ရောက်ခဲ့ပြီး မြန်မာနိုင်​ငံသို့ တရားမ၀င် ​ခိုးဝင်​လာသူများ ဖြစ်​​ကြောင်း သိရသည်​။အောက်​တိုဘာ ၁၃ ရက်​​တွင်​ တစ်ဖက်​ထိုင်​နိုင်​ငံမှ ခိုးဝင်​လာသူများအဖြစ်​ စစ်​​ဆေး​ပေါ်​ပေါက်​ခဲ့သည့်​ ဘင်္ဂါလီလူမျိုး အမျိုးသား အမျိုးသမီး ၂၀ ဦးနှင့်​ အောက်တိုဘာ ၁၄ ရက်​​က ဖမ်းဆီးရမိခဲ့သော ဘင်္ဂါလီလူမျိုး အမျိုးသား ခြောက်ဦးတို့အား ခရိုင်​လ၀ကမှူးရုံးသို့ အပ်​နှံစစ်​​ဆေးရာ တရားမ၀င် ​ခိုးဝင်​လာကြောင်း စစ်​​ဆေး​ပေါ်​ပေါက်​သဖြင့်​ ၁၉၄၇ ခုနှစ်​ လူဝင်​မှုကြီးကြပ်​​ရေး အက်​ဥပ​ဒေပုဒ်​မ ၃ (၂) ကို ကျူးလွန်​၍ ၎င်းးဥပ​ဒေပုဒ်​မ ၁၃ (၁) အရ အ​ရေးယူ​ပေးရန်​ တိုင်တန်းသဖြင့်​ မြ၀တီမြို့မ ရဲစခန်းတွင်​ အမှုဖွင့်​ စစ်​​ဆေးလျက်​ရှိ​ကြောင်း သိရသည်​။
  Writer: ကို​ရွှေသိန်း
http://news-eleven.com/crime/26444

0 အကြံပြုခြင်း: