Saturday, October 15, 2016

"ဥာဏ်ပညာရဲ့အစွမ်းသတ္တိ"

ဘယ်သူမှ ရေတွက်လို့မရနိုင်တဲ့ ကစားကွက်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလီအရေးကို ပုံဖော်သွားတယ် ! ပထမဦးဆုံးအကွက်က ရခိုင်ပြည်မှ မူဆလင်များဆိုပြီး အမည် မှည့်ခေါ်ပြီးတော့ စတင်လိုက်တယ် ! အဲဒီလို နာမည်ပေးလိုက်တာကို ရခိုင်ခေါင်းဆောင် တစ်ချို့က မကျေမလည်ခဲ့ကြဘူး ! လူထုကို လမ်းပေါ်ထွက်ခိုင်းပြီး ဆန္ဒပြခိုင်းတာ အားလုံးအသိဘဲ ! တကယ်တော့ မူဆလင်လို့ အမည်ပေးလိုက်တာ အကြောင်းရှိလို့ ဖြစ်နေတာ အခုမှ သိကြပြိမို့လား ! ကြိုးနဲု့တုတ် ချည်နှောင်စရာ မလိုတော့လောက်အောင် နာမည်လေးတစ်လုံး ပေးပြီး အသေချည်ပစ်လိုက်တာ ဗျူဟာတွေက လှမှလှပေါ့ဗျာ ! ဘင်္ဂလီတွေက ပြည်တွင်းနိုင်ငံသား မူဆလင်တွေ သူတို့ဘက်ပါလာအောင် မြူဆွယ်နေချိန် ဒေါ်အောင်အောင်စုကြည်က မူဆလင်လို့ သိမ်းကျူံးလိုက်တော့ ပြည်တွင်းနိုင်ငံသား မူဆလင်တွေခဗျာ ဘင်္ဂလီတွေနဲ့ သေခန်းဖြတ်ပေးလိုက်သလိုဘဲ ဘာဆို ဘာမှ လှုပ်လို့မရတော့ဘူး ! နောက်တစ်ချက် ကူဖအာနန်ကို မဖိတ်ခေါ်ခင် သတင်းစာရှင်းလင်းအဲလုပ်ပြီးတော့ ကမ္ဘာကို လေသံတစ်ချက် ပစ်ကျွေးလိုက်တာ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဝန်ကြီးချုပ်က မြန်မာနိုင်ငံရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်ကို အသည်းအသန် လာတွေ့သွားတယ် ! ကူဖီအာနန် ရောက်လာတော့ လူ့အခွင့်အရေးကို တစ်ခွန်းမှမပါစေဘဲ နိုင်ငံတော်ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းစေတဲ့ အမျိုးသားကော်မရှင်ဆိုတဲ့ နာမည်လေးတပ် စီစစ်ခိုင်းလိုက်တယ် ! အဲဒီတစ်ချက်မှာတင် ဘင်္ဂလီတွေနဲ့ သူတို့ရဲ့နောက်ကွယ် ထိန်းချုပ်သူတွေ ရှေ့ဆက်ကစားဖို့ အကွက်မမြင်ကြတော့ဘူး ! ကုလသမဂ္ဂမှာ ကြေငြာ အသိပေးသွားတော့လည်း နိုင်ငံတကာတွေ ကိုယ်ချင်းစာနာစေအောင် ဖြေရှင်းပြလိုက်ပြီး ကုလသမဂ္ဂလည်း ဘင်္ဂလီအရေး ရှေ့ဆက်ဖိအားမပေးရဲဘဲ နှုတ်ဆိတိသွားကြတဲ့အပြင် အမေရိကန် သမ္မတ အိုဘာမားတောင် သူမရဲ့တရားသော ကစားကွက်တွေကို ချီးကျူးခဲ့သေးတယ် ! ဆက်ပြောအုံးမယ် ! ဒီတော့ ကုလသမဂ္ဂလည်း အရင်ကပြောမြဲဖြစ်နေတဲ့ မြန်မာအစိုးရအပေါ် ဘင်္ဂလီအရေးတွေကို ဖိအားလျော့ကျသွားတဲ့အပေါ် ဘင်္ဂလီတွေက အဲဒီမှာပိုဆိုးပြီး အကြမ်းဖက်ဖို့အထိ လမ်းကြောင်း ပြောင်းလာခဲ့ရတယ် ! ဒီတော့ အရင်တုန်းကနေ ဘင်္ဂလီတွေက သူတို့ကို မြန်မာအစိုးရ မျိုးတုံးလုသတ်ဖြတ်နေတဲ့ ဆိုတဲ့ လိမ်ညာမှုတွေဟာ အခုအချိန်မှာ သနားစရာဘဝ ဘင်္ဂလီဘဝကနေ ဖုံးမနိုင်ဖိမရတော့ဘဲ အကြမ်းဖက်သမား ဘင်္ဂလီဘဝကို သူ့လိုလို ပိုင်ဆိုင်သွားကြပြီ ! ပိုဆိုးတာက ဘင်္ဂလီတွေရဲ့ကွက်ရွှေ့မှု နောက်ထပ် အကြီးကြီး မှားကြပြန်တယ် ! မောင်တောက ရဲစခန်းတွေကို အကြမ်ဖက်ပြပြီးတော့ ရဲတွေနဲ့စစ်သားတွေကိုပါ သတ်ဖြတ်ပြီးတော့ ဘာသာရေးစစ်ပွဲလိုလို လူမျိုးရေးစစ်ပွဲလိုလို တံဆိပ်ကပ်ပြီးတော့ နိုင်ငံတကာက မူဆလင်တွေကိုပါ မြူဆွယ်ကြတော့ အဲဒီမှာ အကြီးကြီး ထပ်မှားကြပြန်တယ် ! အကြမ်းဖက်ပြတယ် ! မြန်မာအစိုးရ ရိုဟင်ဂျာဆိုပြီး အမည်ပေး ကမ္ဘာကို ကြေငြာမလားပေါ့ ! ဒါပေမဲ့ သူတို့ထင်ထားတဲ့ အကြံအတိုင်း ဖြစ်မလာဘဲ မည်သူမည်ဝါ မည်သည့်အဖွဲ့ပါလို့ ထုတ်ဖော်မပြောဘဲ သေချာသိတဲ့နေ့ ပြောမယ်ဆိုတော့ ဘင်္ဂလီတွေ အသည်းပေါက်ရပြန်တယ် ! ဒီတော့ ဘင်္ဂလီခဗျာ ဖွတ်လည်းမရ ဖွတ်လိုက်ဓားမ တွင်းထဲဝင် ပြန်ယူမရဖြစ်ကာ မိမိကိုယ်ပေါ်ပတ်ထားတဲ့ ပုဆိုးကိုမီးရှို့ ထပ်အရင်းပြုပြန်တော့ အခုဆိုရင် ဘင်္ဂလီတွေဆိုတာ သနားရာဘဝကနေ တစ်ကမ္ဘာလုံးမုန်းတီးသွားတဲ့ အကြံသမား တံဆိပ် အကြမ်းဖက်သမားတံဆိပ် ကပ်ခံလိုက်ရလေပြီ ! ပြောချင်တာ အမျိုးသားရေး အမျိုးသားရေး ကုလာအရေးလို့ အမျိုးသားရေးအယောင်ဆောင် အတု လုပ်ပြီး လူအမြင်ကပ်အောင် တစ်ကမ္ဘာလုံး လက်မခံနိုင်အောင် နိုင်ငံရေးအချောင်နှိုက်အကြံနဲ့ အတ္တကြီးနေမယ့်အစား ဒေါ်အောင်ဆန်းစုကြည် ဘယ်လို လုပ်သွားသလဲ ဘယ်လိုကစားသွားသလဲ ဟိုလူမျိုးကိုမလို ဒီလူမျိုးကိုမလို စကားတစ်ခွန်း ပြောဖူးသလား ? အဲဒါပဲဗျ ! ဥာဏ်ပညာရဲ့ အစွမ်းဆိုတာ အမုန်းစကားတွေ အပြုအမူတွေနဲ့ သရုပ်ပျက်ဖို့ မလိုဘူး ! အထူးသဖြင့် ပညာရှိတွေမှာ ရုပ်ဝတ္ထုလက်နက်ထက် ဥာဏ်ပညာကသာ သူတို့ရဲ့ လက်နက်ဆိုတာပါ ! #အမေစု ကျန်းမာပါစေ ! Khant Naing

0 အကြံပြုခြင်း: