Friday, March 11, 2016

လက်ပက်နီဂိုဏ်းချုပ်ဦးမြင့်ဆွေရဲ့ ကိုယ်ရေးအကျဉ်း

လက်ပက်နီဂိုဏ်းချုပ်ကို ကာချုပ်က ဒုသမ္မတ စာရင်းတင်သွင်းတော့ ပြည်သူ့ရင်ဘတ်ကို ဆောင့်ကန်လိုက်သလိုပဲ။


ဦးမြင့်ဆွေသည် ဦးသန်းရွှေ၏ အမြဲတမ်းလူယုံတစ်ဦးဖြစ်ပြီးဦး သန်းရွှေမိသားစု၏ အကျိုးစီးပွား များကို ကာကွယ်စောင့်ရှောက်ပေးသူအဖြစ်သည်။
ဦးမြင့်ဆွေသည် ရန်ကုန်မြို့ကို အုပ်ချုပ်နေသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာခဲ့ပြီဖြစ်သည်။ ၂၀၀၀ပြည့်နှစ်စွန်းစ အချိန်ကတည်းက ရန်ကုန်တိုင်းမှူးဖြစ်ခဲ့သူ ဦးမြင့်ဆွေသည် ၂၀၁၁တွင် တပ်မတော်အစိုးရမှ အရပ်သားအစိုးရ အပြောင်းတွင်လည်း ၀န်ကြီးချုပ် အဖြစ် ရန်ကုန်ကို ဆက်လက်ကိုင် တွယ်အုပ်ချုပ်ခဲ့သည်။ သူသည်ထောက်လှမ်းရေးအဖွဲ့ကြီးကို ဖြိုခွင်းစဉ်ကထောက်လှမ်းရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီးခင်ညွန့်ကို ရန်ကုန် လေဆိပ်မှစစ်ရုံးသို့ခေါ်ဆောင်လာခဲ့သူလည်းဖြစ်သည်။

နာမည်ကျော်ရွှေဝါရောင် တော်လှန်ရေးမှာသူ၏လက်ထက် တွင်ဖြစ်ပွားခဲ့သည်။ DSA အပတ် စဉ် ၁၅(BC 12629)ဆင်း ဦးမြင့် ဆွေနှင့်တစ်ပတ်စဉ်တည်းတွင် မန္တလေးတိုင်းဝန်ကြီးချုပ်ဦးရဲမြင့်၊ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးဉာဏ်ဝင်း နှင့် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်တို့ဖြစ်သည်။ ဦးမြင့် ဆွေသည်စရဖချုပ်လည်းဖြစ်ပြီး ၂၀၀၅ခုနှစ်တွင် ဒုတိယဗိုလ်ချုပ် ကြီးဖြစ်လာပြီးနောက်တစ်နှစ်တွင် ကစထ(၅)၏ ကစထမှူးဖြစ်လာ သည်။ မွန်အမျိုးသားတစ်ဦးဖြစ် သည့် ဦးမြင့်ဆွေ၏ ဇနီးသည် မော် လမြိုင်တက္ကသိုလ်ဘွဲ့ရဒေါ်ခင် သက်ဌေးဖြစ်သည်။ သူသည်တပ် မတော်ကတင်သွင်းသည်ဒုသမ္မတသီဟသူရဦးတင်အောင်မြင့်ဦးအ နားယူစဉ်က ဒုသမ္မတအဖြစ်လျာထားခံခဲ့ရသော်လည်း သမီးဖြစ်သူ၏ ခင်ပွန်းကြောင့် ၅၉(စ)နှင့် ငြိကာ ဒု သမ္မတရာထူးနှင့်လွဲခဲ့သည်။လက်ရှိအချိန်တွင် နိုင်ငံသားအဖြစ်ခံယူ လိုက်ပြီး ၅၉(စ)နှင့် မငြိစွန်းတော့ဟု သတင်းများထွက်ပေါ်လာပြီးနောက် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်အစုအဖွဲ့က အမည်စာရင်းတင်သွင်းသည့် ဒုသမ္မတဖြစ်လာပါသည်။
.khaing thitsar

တပ်မတော်က ရွေးချယ်လိုက်တဲ့ ဒုသမ္မတ ဦးမြင့်ဆွေဟာ ၂၀၁၂ ခုနှစ် သီဟသူရတင်အောင်မြင့်ဦး ဒုသမ္မတ တာဝန်က အနားယူပြီးနောက် ဒုသမ္မတအဖြစ် တင်ဖို့ ကြိုးစားပေမယ့် သားသမီးတဦးက နိုင်ငံခြားသားဖြစ်နေလို့ ပုဒ်မ၅၉ (စ) နဲ့ ငြိစွန်းလို့ ဒုသမ္မတ မဖြစ်ခဲ့သူဖြစ်ပါတယ်။ ။

တပ်မတော်က ရွေးချယ်လိုက်တဲ့ ဒုသမ္မတ ဦးမြင့်ဆွေဟာ စစ်အစိုးရ လက်ထက် ဒုတိယဗိုလ်ချုပ်ကြီးဘ၀နဲ့ ဦးသိန်းစိန် အစိုးရလက်ထက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဘ၀မှာ ဘာတွေ လုပ်ခဲ့လဲ။ သဘောထားတင်းမာသူ၊ စစ်အစိုးရခေါင်းဆောင် ဦးသန်းရွှေနဲ့နီးစပ်သူ၊ ၂၀၁၂ ခုနှစ် သီဟသူရတင်အောင်မြင့်ဦး ဒုသမ္မတ တာဝန်က အနားယူပြီးနောက် ဒုသမ္မတအဖြစ် တင်ဖို့ ကြိုးစားပေမယ့် သားသမီးတဦးက နိုင်ငံခြားသားဖြစ်နေလို့ ပုဒ်မ၅၉ (စ) နဲ့ ငြိစွန်းလို့ ဒုသမ္မတ မဖြစ်ခဲ့သူ။ ရန်ကုန်မြို့သစ်စီမံကိန်းကို မြန်မာ့စေတနာကုမ္ဗဏီလို့ ခေါ်တဲ့ ရှောက်ပန်းနဲ့ ရှောက်စန်း တရုတ်ညီအကိုကို လက်သိပ်ထိုးချပေးလို့ ဝေဖန်ခံရသူ၊ မြို့တော်ခန်းမရှေ့ ကျောင်းသားဆန္ဒပြမှုကို လက်ပတ်နီတွေနဲ့ အကြမ်းဖက်ဖြိုခွင်းတာ တရားဝင်တယ်လို့ ဆိုသူ စတဲ့ စတဲ့ ဝေဖန်မှုများ ရင်ဆိုင်နေရတဲ့ ဦးမြင့်ဆွေကို ဘာကြောင့် တပ်မတော်က ရွေးချယ်သလဲဆိုပြီး နိုင်ငံရေးအသိုင်းအ၀ိုင်းက မေးခွန်းထုတ်နေကြပြီဖြစ်ပါတယ်။
ဦးမြင့်ဆွေဟာ ၂၀၀၇ ရွှေဝါရောင် သံဃာအရေး လှုပ်ရှားမှာလည်း သူကိုယ်တိုင် အဓိကရုဏ်း ဖြိုခွင်းရေးဖက်ကနေ ဦးစီးတာဝန်ယူရသူ။ ယမန်နှစ်၊ မတ်လက မြို့တော် ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကျောင်းသားတွေ၊ ပြည်သူတွေကို လူမိုက်ဆန်ဆန် အရပ်သားတွေက တာဝန်ဆိုတဲ့ အနီရောင်လက်ပတ်တွေ တပ်ဆင်ပေးပြီး ဖြိုခွင်းခိုင်းတာကို ဥပဒေနဲ့ အညီ လုပ်တာ ဖြစ်တယ် လို့ ပြောခဲ့ဖူးသူလည်းဖြစ်ပါတယ်။
.
.

ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လက်ရင်းတပည့် တဦးဖြစ်ခဲ့ပြီး၊ သဘောထား တင်းမာသူ၊ လာဘ်စားမှုများနှင့် ပတ်သက်သူ၊ ခရိုနီများနှင့်တွဲ၍ လုပ်ပိုင်ခွင့်များကို အသုံးချသူအဖြစ် ဝေဖန်ခံရတဲ့ ဦးမြင့်ဆွေဟာ ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး အနားယူသွားချိန်မှာ ဒု သမ္မတအဖြစ် စာရင်းသွင်းတဲ့ အချိန်တုန်းကလည်း ဝေဖန်ခံခဲ့ရဖူးပါတယ်။

ဦးမြင့်ဆွေနဲ့ ပတ်သက်လို့ မကြာသေးမီက ဂယက်အရိုက်ဆုံး ဖြစ်သွားခဲ့တဲ့ ကိစ္စကတော့ ပွင့်လင်းမြင်သာမှု မရှိဘဲ လုပ်ဆောင်ခဲ့တဲ့ ရန်ကုန် အနောက်တောင်ပိုင်း မြို့သစ် စီမံကိန်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ နီးစပ်တဲ့ ရှောက်ပန်းနဲ့ ရှောက်စန်း တရုတ်လူမျိုးနှစ်ဦးပိုင် ကုမ္ပဏီကို စီမံကိန်းကြီးအား လက်သိပ်ထိုး ချပေးလိုက်တဲ့ ကိစ္စဖြစ်ပြီး မီဒီယာတွေရဲ့ ဖော်ထုတ်ရေးသားမှု၊ အကြီးအကျယ် ကန့်ကွက်မှုတွေကြောင့် ရပ်ဆိုင်းထားလိုက်ရတဲ့ အဆင့် ရောက်သွားပါတယ်။ ဒါပေမယ့် ဒီနှစ်အစောပိုင်းမှာပဲ တဖက်လှည့်နဲ့ ကုမ္ပဏီ ၃ ခုကို ကန်ထရိုက် ချထားပေးပြန်ကြောင်း ဧရာဝတီက ဖော်ထုတ်ရေးသားခဲ့ပါတယ်။

ရွှေတိဂုံစေတီတော် အနီး တည်ဆောက်မယ့် ဒဂုံစီးတီး စီမံကိန်း ကိစ္စမှာလည်း ဦးမြင့်ဆွေကို ဝေဖန်မှုတွေ ရှိခဲ့ပြီး ရဟန်ရှင်လူ ပြည်သူတွေကပါ အုံကြွ ကန့်ကွက်ခဲ့လို့ နောက်ဆုံးမှာ ရပ်ဆိုင်းလိုက်ရပြန်ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း တဦးလည်း ဖြစ်တဲ့ ဦးမြင့်ဆွေ ဟာ ယမန်နှစ်၊ မတ်လက မြို့တော် ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကျောင်းသားတွေ၊ ပြည်သူတွေကို လူမိုက်ဆန်ဆန် အရပ်သားတွေက တာဝန်ဆိုတဲ့ အနီရောင်လက်ပတ်တွေ တပ်ဆင်ပေးပြီး ဖြိုခွင်းခိုင်းတာကို ဥပဒေနဲ့ အညီ လုပ်တာ ဖြစ်တယ် လို့ ပြောခဲ့ဖူးတဲ့အတွက် တာဝန်မဲ့စွာ ပြောဆိုတယ်ဆိုပြီး ဝေဖန်ခံခဲ့ရဖူးပါတယ်။

ယခင်စစ်အစိုးရဟာ ပြည်သူများအတွက် အရှုံးခံ၊ အနစ်နာခံ ဆောင်ရွက်ပေးခဲ့သဖြင့် အဆင်းရဲဆုံးနိုင်ငံအဖြစ် ရောက်ရှိ ခဲ့ရကြောင်း ပြောဆိုခဲ့သူ၊ ရွှေဝါရောင် တော်လှန်ရေး နှိမ်နင်းမှုဟာ တာဝန်အရ ဆောင်ရွက်တာဖြစ်ပြီး မှားယွင်းတယ်လို့ တင်ပြလာပါက ကြိုးပေးလျှင် ခံနိုင်တယ် လို့လည်း ဦးမြင့်ဆွေက ပြောဆိုခဲ့ဖူးပါတယ်။

DSA အပတ်စဉ် ၁၅ ကဆင်းခဲ့တဲ့ ဗိုလ်ချုပ်ကြီး မြင့်ဆွေဟာ နာမည်ကြီး တပ်မ (၁၁) မှာ တာဝန်ယူခဲ့ဖူးသူ ဖြစ်ပြီး ရန်ကုန်ရဲ့ လုံခြုံရေးကို အဓိကတာဝန်ယူရတဲ့ ကြီးမားတဲ့ တာဝန်တွေကို ပေးအပ်ခြင်း ခံရသူဖြစ်ပါတယ်။
ကစထ (၅) ရဲ့ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ ၂၀၀၄ မှာ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ ထောက်လှမ်းရေးအဖွဲ့ကို တပ်မတော် (ကြည်း) က ရှင်းထုတ်တဲ့ Operation ကို ကိုင်တွယ်ရသူ ဖြစ်ခဲ့သလို ၂၀၀၇ ရွှေဝါရောင် သံဃာအရေး လှုပ်ရှားမှာလည်း သူကိုယ်တိုင် အဓိကရုဏ်း ဖြိုခွင်းရေးဖက်ကနေ ဦးစီးတာဝန်ယူရသူ ဖြစ်ပါတယ်။
.The Irrawaddy (Burmese Version)

1 အကြံပြုခြင်း:

mmark121 said...

Make elected president to be the commander- in- chief of the arm forces in Burma. Make Hlut Taw that only can declare war. Most important thing: make justice system really do its job without fear or influence form gang of military leaders. Help Burma a better place.