Sunday, February 28, 2016

ငပိန်းတွေစုတာ ဗိုလ်စိန်မှန်ကွင်းတစ်ကွင်းစာတောင် မပြည့်မှီ



Nyo Thet Lwin
မြန်မာအမျိုးသားရေး လှုပ်ရှားတက်ကြွသူ ဆိုသူများက ဦးဆောင်ပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်အားကစားကွင်းမှာ ကျင်းပပြုလုပ်ကြတဲ့ ပုဒ်မ ၅၉ (စ) ဆက်လက်တည်ရှိရေး ထောက်ခံဟောပြောပွဲရဲ့ အင်အားအခြေအနေကိုကြည့်ပြီး ကျနော့်အတွက်တော့ ဝမ်းသာရတဲ့ခံစားမှု အကျိုးရလာဒ်ကောင်းတခုကို မျက်ဝါးထင်ထင် ထပ်မံတွေ့ခဲ့ရပါတယ်ခင်ဗျား။

ဘာလဲဆိုတော့ ကျနော်တို့တိုင်းပြည်မှာ မျက်ကန်းအမျိုးသားရေးဝါဒီ ငပိန်းတွေစုတာ ဗိုလ်စိန်မှန်ကွင်းတစ်ကွင်းစာတောင် မပြည့်မှီတဲ့အတွက် တိုင်းပြည်အတွက်၊ ကျနော်အလွန် ဝမ်းသာရပါတယ်ခင်ဗျား

 " ဘကြီးရေ ၅၉ ထောက်ခံပွဲတွေလုပ်နေပြီဗျ၊ ပြင်ဖို့တော့ မလွယ်တော့ဘူး "

" ဟုတ်လား၊ ဘယ်သူတွေကလုပ်တာလဲ "

" NDFပါတီ က ဒေါ်ခင်ဝိုင်းကြည်ဗျာ၊ မတူကွဲပြားပါတီက ဦးနေမျိုးဝေဗျာ၊ မြန်မာ့အမျိုးသားရေးက ဦးဝင်းကိုကိုလတ်ဗျာ၊ ရှေ့နေကြီး ဦးအေးပိုင်ဗျာ၊ ဒိတ်ဒိတ်ကြဲတွေနော် ဘကြီး "

" ဟေ... ကြောက်တောင်လာပြီ၊ နေပါအုံးကွ.. မင်းပြောတဲ့ ဒိတ်ဒိတ်ကြဲတွေ ခေါင်းဆောင်တာဆိုတော့ လူဘယ်လောက်များများ တက်သတုန်း "

" သုံးရာတောင်ဗျ ဘကြီးရေ "

" လခွီး... ရန်ကုန်လိုနေရာမျိုးမှာ လူသုံးရာတက်တာကို စကားထဲထည့်ပြောနေတယ်၊ ငါ့အိမ်က ထူးလုံနဲ့ မိဖီ ခွေးနှစ်ကောင် ပူးတုန်းကတောင် အဲဒီထက်လူစည်သေးတယ် "

" တိန် ... ဟုတ်လို့လားဘကြီးရယ် "

" ဟိုဘက်တောင် လွန်သေးတယ်၊ ခုနက မင်းပြောတော့ ပါတီ သုံးခုတောင်ပါတာနော် "

" ဟုတ်တယ်လေ ဘကြီးရဲ့၊ အာ့ကြောင့်ပြောတာ "

" ပိုဆိုးသွားပြီ ဟကောင်ရေ၊ သုံးဖွဲ့ပေါင်းပြီး လုပ်တာတောင် လူက ဒီလောက်ပဲလာတာဆိုတာနဲ့တင် အတော်ရှက်စရာကောင်းနေပြီ၊ ငါ့အိမ်ကခွေးတွေ ထွက်အူလိုက်ရင်တောင် ရွာနီးချုပ်စပ်ကခွေးတွေထွက်ပြီးလိုက်အူကြတာနဲ့တင် အကောင် သုံးရာကျော်သေးတယ်ဟ "

" ဘကြီး.. အာ့တော့ နဲနဲများသွားပြီ၊ ဘယ်လိုခွေးက အဲလောက်များမှာလဲဗျ "

" ဟ.. များတယ်ကွ၊ မသိပဲ လျှောက်ပြောပြန်ပြီ၊ အိမ်က မိဖီတောင် လင်သုံးလေးကောင်ရှိတယ်၊ တနှစ်တနှစ် မွေးလိုက်တဲ့ခွေးတွေ နည်းတာမဟုတ်ဘူး၊ ရွာနီးချုပ်စပ်က ဟာတွေပါထည့်ပေါင်းရင် အကောင်သုံးရာ အပျော့လေးပဲ "

" တော်ပါပြီ ဘကြီးရယ်၊ ဘကြီးပြောရတာ သိပ်မမိုက်ပါဘူး၊ ပြောလိုက်ရင် သူ့ခွေးတွေနဲ့ပဲ ကိုင်ပေါက်နေတာ "

" ဘကြီးမှာလည်း ဒီခွေးတွေနဲ့ပဲ ရန်ဖြစ်နေရတာဆိုတော့ ဒါပဲပြောစရာရှိတာကိုးကွ၊ သိပ်တော့ မထူးပါဘူးကွာ၊ မင်းလာပြောတဲ့ လူတွေအကြောင်းကလည်း ငါ့ခွေးတွေလောက်တောင် အကျိုးပြုတဲ့ဟာတွေမဟုတ်ဘူး၊ ငါ့ခွေးတွေကမှ ခြံစောင့်ဖော် ရသေးတယ်၊ မင်းပြောတဲ့လူတွေက ဆန်ကုန်မြေလေးတွေ "

" တိန် "
.
YaeTayZa@တောကဘကြီး

0 အကြံပြုခြင်း: