Sunday, January 10, 2016

အစီရင်ခံစာလာဖတ်တဲ့ ဒုသတ္တုတွင်းဝန်ကြီး သန်းထွန်းအောင်

r


ဒီနေ့ ပြည်သူ့လွှတ်တော်မှာလာ အစီရင်ခံစာလာဖတ်တဲ့ ဒုသတ္တုတွင်းဝန်ကြီး သန်းထွန်းအောင်ရဲ့စကား နားထောင်လိုက်တော့ ဘုရားတောင် တမိတယ်။

ဘာလို့လဲဆိုတော့ အင်မတန်လူစိတ်ကင်းမဲ့တဲ့ တစ်ကိုယ်ကောင်းစိတ်များတဲ့ အသိညဏ်နဲပါးတဲ့ လူတွေရဲ့ အုပ်ချုပ်မှု့အောက် နောက်၃လဆို လွတ်တော့မှာမို့ပါ။

သုအစီအရင်ခံစာဖတ်တဲ့ တစ်လျှောက်လုံး တရုပ်ကုမ္ပဏီကြီးတွေ ဘယ်လောက်အနစ်နာခံ ပြည်သူကို ထောက်ထားညှာတာပုံ.....

တစ်နှစ်လုံး ခြောက်လလောက်ပဲ ခမျာများ ရှာဖွေစားသောက်ရပုံ.....

၁၅မိုင်ခရီးကို မြေစာသွားပစ်ရတာမို့ သယ်ကားကြီးကြီးလိုအပ်ပုံ.....

ကချင်သောင်းကျန်းသူုနဲ့ ရေမဆေးကျောက်ရှာတဲ့ စည်းကမ်းမဲ့သမားတွေရဲ့ဒဏ်ကို တရုပ်ကုမ္ပဏီကြီးတွေခမျာ ခံနေရပုံ.....

ဒီတရုပ်ကုမ္ပဏီကြီးတွေဟာ ငွေသန်းဘီလီယံ ရင်းနှီးထားရတာ အချိန်ကိုလု အလုပ်လုပ်ရတာမို့ ဧရာမယန္တယားကြီးတွေ ဧရာမမြေသယ်ယာဉ်ကြီးတွေ လိုအပ်လို့ တရားဝင်အစိုးရက ခွင့်ပြု့ပေးရတာကို

မီဒီယာနဲ့ဖေ့စ်ဘုတ်တွေမှာ ပုံကြီးချဲ့ ဖေါ်ပြကြ၍ အခုလို ပြည်သူတွေ အထင်မှားအမြင်မှားမှာကို လွှတ်တော်မှာ ရှင်းပြနေရပုံ...တွေ ကြားရတာများ ရင်နာလိုက်တာဗျာ။

ရေမဆေးရှာ ကျောက်သမားတွေ စည်းကမ်းမဲ့ လောဘကြီးလို့ သေရတာလို့ သုံးခါလောက် ရက်ရက်စက်စက် ပြောသေးတယ်။ တကယ်ပါပဲကြည့်မိတာ...


Credit Chit ko ko

0 အကြံပြုခြင်း: