Tuesday, December 29, 2015

အပုပ်ချရန်စစ်အစိုးရကအာဏာကုန်လွှဲအပ်ခြင်းခံထားရသူများ


ဦးဝီရသူနှင့် NDF ပါတီဝင်ဒေါ်ခင်ဝိုင်းကြည်အဖွဲ့...


ဦးဝီရသူနှင့် ရုပ်ရှင်သရုပ်ဆောင်နေအောင်...


ဦးစု ( နေပြည်တော် တပ်ကုန်း ) (ဘယ်) နှင့် ဦးဝီရသူ(ညာ)


မေသရဖီဝင်းသန်း ( အလယ်) နှင့် မောင်မောင်အောင် (ခ)ရောင်နီဦး(ညာစွန်)


အဝါရောင်စည်းဝိုင်းထဲမှ - မသရဖီဝင်းသန်း(ဘယ်) နှင့် ဒေါ်ခင်ဝိုင်းကြည်


NDF ပါတီမှ ထူးဥာဏ်နှင့်ဒေါ်ခင်ဝိုင်းကြည်များအဖွဲ့...


ထူးဥာဏ် (ဘယ်) NDF ပါတီ နှင့် ငါးမင်းဆွေ (ညာ)


မောင်မောင်အောင်(ခ)ရောင်နီဦး (ဘယ်) နှင့် ရဲမိုး Myanmar Review ဂျာနယ်အယ်ဒီတာ ( ညာ)


ငြိမ်းချမ်း (ဘယ်) နှင့် မောင်မောင်အောင်(ခ)ရောင်နီဦး (ညာ )


ရဲမိုး Myanmar Review ဂျာနယ်အယ်ဒီတာ ( ဘယ်) နှင့် မောင်မောင်အောင်(ခ) ရောင်နီဦး(ညာ)


ဦးဝီရသူ (ဘယ်) ဦးပါမာက္ခ ( အလယ်) နှင့် မောင်မောင်အောင်(ခ) ရောင်နီဦး (ညာ )


ဗိုလ်ချုပ်ခင်ညွန့် (ဘယ်) နှင့် ဦးဝီရသူ ( ညာ)


ဦးဝီရသူ မဘသ အဖွဲ့ခေါင်းဆောင်...

နေမျိုးဝေ

လိပ်ကျွန်းဆန္ဒပြပွဲတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေးအရ လှုံ့ဆော်မှုတွေ တကယ်ရှိနေတာလား

r


အင်ဘရန် လတောင်

ကွမ်းတဗျစ်ဗျစ်နဲ့ ပေါင်မုန့် ခေါက်.. နေမျိုးဝေ ငမူး ... တို့ က ဟောပြောတဲ့ ဗိုလ်စိန်မှန်
က ပွဲ တဲ့ .. ကျက်သရေတုံးလိုက်တာမပြောနဲ့ .. ဘယ် လက်မည်းကြီးက မီးစိမ်းပြတယ်
တော့ မသိ ပြောလိုက်တာ စောက်ကြီးစောက်ကျယ်နဲ့ .. လိပ်ကျွန်းက ကောင်လေး
၂ သက်ကနေ မြန်မာထိုင်းပဲ စစ်အကြီးစားကြီးဖြစ်မှာလိုလို ဘာလိုလိုနဲ့ ...
တိုင်းပြည်မငြိမ်ဘူး ဆိုရင် တရားခံက အဲဒီ ကျက်သတုံးတွေပဲ လို့ သာမှတ်လိုက်..
ဘယ်တော့မှ လဲ တိုင်းပြည်အတွက် မကောင်းခဲ့သလို အဖျက်အမှောင့်တွေပဲ
လုပ်နေတဲ့ လက်ကိုင်တုပ်တွေ ထမင်းလွတ်ရူးနေတာ.. ကျက်သရေကိုတုံးတယ်


Soe Moe Kyaw
December 27
အမိန့်ချပြီး နာရီပိုင်းအတွင်း ခွင့်ပြုမိန့်တောင် မယူဘဲ နေမျိုးဝေ တပည့်တွေ ဆန္ဒထပြတာ
 လိုတာထက်ဆိုပြီး ဒီကိစ္စကို Double Standard လုပ်ပြနေကတည်းက တခုခုပဲလို့ထင်နေခဲ့ တာ....
ငါးမင်းဆွေ ရောက်လာတယ်၊ငြိမ်းချမ်း ဆိုတဲ့ ကောင်ရောက်လာတယ်၊ခု ပါမောက္ခတို့ အုပ်စုပါ
...ပါလာတယ် မဆီမဆိုင် ပါဝါ ၅၄ ရှေ့ပါ သွားနေကြပြီ ဆိုတော့....
အင်း အဖြူထည် မျိုးချစ်စိတ်တွေ နောက်ကွယ်က လက်မဲ ကြီးရဲ့ အသုံးချခံတွေတော့ မဖြစ်စေနဲ့ ဗျို့....။

လိပ်ကျွန်းဆန္ဒပြပွဲတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေးအရ လှုံ့ဆော်မှုတွေ
တကယ်ရှိနေတာလား
|| စိုင်းထွန်းအောင်လွင် ||
ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ဗြိတိသျှ စုံတွဲ အသတ်ခံရတာနဲ့ ပတ်သက်လို့
မြန်မာရွှေ့ပြောင်း လုပ်သား နှစ်ဦးကို သေဒဏ်ချမှတ်ခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့
နောက်ပိုင်းမှာတော့ အားလုံးသိကြတဲ့ အတိုင်းပါပဲ။ နိုင်ငံတစ်ဝန်းမှာ လူသတ်မှုနဲ့
ပတ်သက်လို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာနေခဲ့တာပါ။ ဆန္ဒပြပွဲတွေ ဖြစ်လာနေတာ
ဆိုရင် လေးရက်လောက်ကို ရှိနေပါပြီ။ အရင်က နိုင်ငံတကာသတင်းတွေမှာသာ
တွေ့ရတတ်တဲ့ မိမိနိုင်ငံသား မတရားခံရရင် နိုင်ငံတစ်ဝန်းလုံး ပြုလုပ်တတ်တဲ့
ဆန္ဒပြပွဲတွေလို ကိစ္စမျိုးတွေဟာ မြန်မာပြည်မှာ မြင်တွေ့ရတော့ ပြည်သူတွေရဲ့
စည်းလုံးမှုကို အားတက်မိတာလည်း အမှန်ပါပဲ။ ဒါပေမဲ့လည်း စိတ်ပူပန်စရာ
ကိစ္စတွေလည်း တစ်ပြိုင်နက်တည်း တွေ့ရလာရတယ်လို့ ဆိုချင်ပါတယ်။
စာရေးသူကိုယ်တိုင်လည်း ရန်ကုန်မြို့က ထိုင်းနိုင်ငံဆိုင်ရာ သံရုံးရှေ့က ဆန္ဒပြပွဲတွေ
ကို သွားရောက် လေ့လာခဲ့ပါတယ်။ အွန်လှိုင်းတွေပေါ်က လှုံ့ဆော်မှု တွေကလည်း
တရားမျှတမှုအတွက် အဓိကကျတဲ့ ဒီအမှုအတွက် ဘေးထွက် ဆိုးကျိုးကို
မြင်လာရတဲ့ သဘောမျိုးလည်း တွေ့မြင်လာရပါတယ်။ ဥပမာအားဖြင့် ထောင်နဲ့ချီတဲ့
ဆန္ဒပြသူတွေကိုသံရုံးရှေ့မှာပဲ ဆန္ဒပြနေတာက တစ်ပိုင်း မြို့ထဲကို လူအုပ်တွေနဲ့
ချီတက် စည်းလွတ်ဝါးလွတ် ချီတက်လာတာတွေက စလို့ လူမှုကွန်ရက်
မီဒီယာတွေမှာ မဆီမဆိုင် ထိုင်းနိုင်ငံသားတွေကိုပါ ရုန့်ရင်းကြမ်းတမ်းမှု အပြည့်နဲ့
ဆဲဆိုနေကြတာတွေ အဆုံးပါ။ လေ့လာသူတွေနဲ့ နိုင်ငံရေး အသိုင်းဝိုင်းကြားမှာ
လည်း စိုးရိမ်မှုအချို့လည်း ရှိလာနေခဲ့တာပါ။ နောက်ဆုံး သတင်းတွေအရ
ဆိုရင်တော့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင်
ကိုယ်တိုင် ရခိုင်နှစ်ဦး မတရား သေဒဏ်ချမှတ်ခံတဲ့အတွက် တုံ့ပြန်ဆန္ဒပြတာကို
ကြိုဆိုရမှာဖြစ်ပေမယ့် ဆန္ဒပြမှုတွေအပေါ် နိုင်ငံရေးအရ အမြတ်ထုတ် အသုံးချတာ
တွေ မဖြစ်သင့်ကြောင်း သတိပေးပြောဆိုမှုတွေ လုပ်လာခဲ့ပြီဖြစ်သလို ထိုင်းနိုင်ငံ
ရဲချုပ်ကလည်း လိပ်ကျွန်းဆန္ဒပြမှုတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေးအရ လှုံ့ဆော်မှု
တွေ ရှိနိုင်တယ်လို့ ဆိုလာတာ တွေ့ရပါတယ်။
တကယ်တော့ လိပ်ကျွန်းအမှုက တရားမျှတမှု ပြသ၁နာပါပဲ။ နိုင်ငံရေး၊ လူမျိုးရေး၊
ဘာသာရေး ပြသ၁နာလည်း မဟုတ်ပါဘူး။ နိုင်ငံရဲ့ နှစ်ပေါင်းများစွာ ဆင်းရဲနေမှု၊
ချွတ်ခြုံကျနေမှုက တစ်ဆင့် တိုင်းသူပြည်သားတွေ အစုလိုက် အပြုံလိုက်
နိုင်ငံရပ်ခြားကို တရားဝင်တာရော ၊ မ၀င်တာပါ ရေကြည်ရာ မြက်နုရာ သွားရောက်
ရာမှ ကြုံတွေ့နေခဲ့ရတဲ့ ပြသနာတစ်ရပ်သာ ဖြစ်ပါတယ်။ ဗြိတိသျှစုံတွဲနှစ်ဦး
အသတ်ခံခဲ့ရမှုက တရားမျှတမှု ပြသ၁နာဆိုတာတောင် တကယ့် တရားခံက
ဘယ်သူဆိုတာ ပြောရခက်တဲ့ အနေထားရှိနေဆဲပါပဲ။ ဘာပဲဖြစ်ဖြစ် ခုလိုလိပ်
ကျွန်းအမှုကနေ ပြည်သူတွေ အမျိုးသားအရေး နှိုးကြားတက်ကြွလာဟာ
ကြိုဆိုရမယ့်ကိစ္စပါ။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်းပဲ ရှိသင့်တာထက် ၊
လုပ်သင့်တဲ့ အတိုင်းအတာထက် ပိုလာရင် ဘယ်ဟာမှ မကောင်းပါဘူး။ အခု
လိပ်ကျွန်းကိစ္စမှာလည်း နောက်ပိုင်းမှာ စိုးရိမ်စရာအချက်တွေ ရှိလာတာ ငြင်းမရ
နိုင်တဲ့ ကိစ္စပါ။ ဥပမာအားဖြင့် သံရုံးနားမှာ ဆန္ဒပြ ၊ အချိန်တန်ရင် ပြန်သွားဆိုတဲ့
ကိစ္စတွေက ကိစ္စမရှိပေမယ့် ရန်ကုန်မြို့ထဲ ဆူးလေလောက်အထိ ချီတက်မှုတွေ
လုပ်လာတာက ရေရှည်မှာ မလိုလားအပ်တဲ့ ပြသ၁နာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် ဆန္ဒစပြတဲ့ နေ့ကစခဲ့ပုံတွေကို ကြည့်မယ်ဆိုရင်လည်း လူမှုကွန်ရက်မှာ
ကြက်ဖကြီးဆိုတဲ့ သံသယရှိစရာ ကောင်းတဲ့ အကောင့်က လှုံ့ဆော်တယ် ၊
အမျိုးသားရေး ၀ါဒီယောင်ယောင် အမုန်းစကားတွေ တောက်လျှောက် ဖြန့်ဖြူးတဲ့
နေမျိုးဝေ တပည့် နောင်တော်လေး ( မြန်မာအမျိုးသားကွန်ရက် ၊ သမ္မတဦးသိန်းစိန်
ကို ထောက်ခံသူ) တို့က ဆန္ဒစပြတယ်။ မဘသကိုယ်တော်တွေပါ ပါလာတယ်ဆိုတဲ့
အထိပါပဲ။ စာရေးသူဆိုလိုတာက အားလုံး နိုင်ငံချစ်စိတ်နဲ့ လုပ်နေတာကို အပြစ်
မြင်နေတာ မဟုတ်ပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဆန္ဒပြတဲ့ မဘသ ကိုယ်တော်
အချို့ ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့သွားတဲ့အထိ ဖြစ်လာပြီး ဘာမှ
မကူညီနိုင်ရကောင်းလားဆိုကာ တောင်းဆိုမှုတွေ လုပ်လာတာလည်း တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီအနေနဲ့ ဥပဒေကြောင်းအရ လိုအပ်တဲ့
ကူညီမှုတွေလုပ်သွားမယ်လို့ အစကတည်းက ပြောဆိုပြီးသား အခြေအနေပါ။
အမှုကလည်း ပြီးပြတ်သေးတာ မဟုတ်ပါဘူး။ အဆင့် နှစ်ဆင့် အယူခံတင်နိုင်
သေးတဲ့ အခြေအနေပါ။ ဒီအချိန်မှာ ဒီမိုကရေစီခေါင်းဆောင်ဆိုပြီး တခြားနိုင်ငံရဲ့
လွတ်လပ်တဲ့ တရားစီရင်ရေးကို ဖိအားပေးဖို့ဆိုတာ တကယ်တော့ မလွယ်တဲ့
ကိစ္စပါပဲ။ ဥပဒေကြောင်းအရ အကူညီပေးတာမျိုး ဘာမျိုးကတော့ ဖြစ်နိုင်ပါတယ်။
အမှုလုံးလုံးပြီးပြတ်သွားမှ ဆိုရင်လည်း တစ်မျိုးပါ။
ဒါပေမဲ့ အခုဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့သွားခဲ့တဲ့ ကိစ္စမှာ စဉ်းစားစရာကတော့
တစ်ချိန်လုံး သမ္မတဦးသိန်းစိန်နဲ့ ကြံ့ခိုင်ရေးပါတီကို ထောက်ခံတဲ့ သဘောမျိုးပြခဲ့တဲ့
မဘသ အဖွဲ့ဝင် တချို့အနေနဲ့ သမ္မတ ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့က
လိပ်ကျွန်းအရေး လုပ်နေပြီ၊ ဒေါ်အောင်ဆန်းစုကြည်က ဘာမှ မလုပ်သေးဘူးလား၊
ဒါဆို ဘာကြောင့် ပြည်သူတွေဆီက မဲယူထားသလဲဆိုတာမျိုး လာလုပ်တာလား
ဆိုတာကလည်း စဉ်းစားစရာပါ။ မြို့တော်တော်များများမှာ ဖြစ်နေတဲ့ ဆန္ဒြုပပွဲတွေ
လိပ်ကျွန်းအရေး ဆုတောင်းပွဲတွေမှာလည်း မဘသ အဖွဲ့ဝင်တွေ ဦးဆောင်နေတဲ့
သတင်းတွေ တက်လာနေပါတယ်။ ဘာသာရေး အစွန်းရောက်လို့ နိုင်ငံတာက
ရှုမြင်ခြင်းခံရတဲ့ မစိုးရိမ်တိုက် ဆရာတော် ဦးဝီရသူ ကိုယ်တိုင်လည်း မဘသတွေရဲ့
ဆန္ဒပြပွဲ ဦးဆောင်နေမှုအပေါ် လူမှုကွန်ရက် မီဒီယာကတစ်ဆင့် ပရိုမိုးရှင်းလုပ်ပေး
နေတာ အားလုံးအသိပါပဲ။
ဒါပေမဲ့ စိတ်ဝင်စားစရာ ကောင်းတာက မြန်မာနှစ်ဦးအတွက် ရှေ့နေလိုက်ပေးသူ
ကိုတောင်မှ မပံ့ပိုးပေးနိုင်၊ ရှေ့နေခ မပေးနိုင်တဲ့ အစိုးရအပေါ် ဆန္ဒပြပွဲ
ဦးဆောင်သူတွေက ဝေဖန်တာ မကြားမိသလောက်ပါပဲ။ အခုအချိန်က အာဏာ
လွှဲပြောင်းရေးအတွက် တည်ငြိမ်မှု ရှိရမယ့် အချိန်ဆိုတာလည်း ဂရုစိုက်တဲ့ပုံ
မပေါ်ကြပါဘူး။ စာရေးသူဆိုလိုတာက ကိုယ့်နိုင်ငံသား မတရားခံရတဲ့အတွက်
ဆန္ဒပြကြတာကို အပြစ်တင်နေတာ မဟုတ်ပါဘူး ။ ကိစ္စရပ်တိုင်းမှာ ကန့်သတ်
ချက်တွေ ရှိပြီးသားဖြစ်တဲ့အတွက် လိုအပ်တာထက် မပိုကြတာ အကောင်းဆုံးပါပဲ။
ဒါ့အပြင် လူမှုကွန်ရက် မီဒီယာတွေမှာ အမုန်းစကားတွေနဲ့ လူမျိုးရေးအရ ပြသ၁နာ
ဖြစ်နေသလိုလို လှုံ့ဆော်နေတဲ့ ကိစ္စတွေကိုလည်း နှစ်နိုင်ငံ ဆက်ဆံရေးပျက်မှာကို
အလေးမထားဘဲ အစိုးရအနေနဲ့ ဘာမှ ထိထိရောက်ရောက် သတိပေးပြောဆိုတာ
မတွေ့ရပါဘူး။ ယုတ်စွအဆုံး လူတွေ ခွင့်ပြုမိန့်တွေမယူဘဲ ချီတက်ဆန္ဒပြနေတာ
တွေကို အမှုဖွင့်ထားတာ တစ်နေရာမှ မတွေ့ရသေးပါဘူး။ ဒါက အံ့သြစရာကိစ္စရပ်
ပါပဲ။ အခုနောက်ဆုံး ထိုင်းသံရုံးက ကောင်စစ်ဝန်ဌာန ပိတ်လိုက်မှသာ ဆန္ဒပြသူတွေ
ကို အဲဒီအနားကနေ လူစုခွဲခိုင်းတာတွေ ဘာတွေ လုပ်လာခဲ့တာပါ။
ဒါ့အပြင် အခုလို လိပ်ကျွန်းကိစ္စဖြစ်နေတဲ့ အချိန်မှာသမ္မတနဲ့ တပ်မတော်ကို
အလွန်အမင်း အကာကွယ်ပေး၊ အသာပေးထားတဲ့ ဥပဒေကြမ်းတွေကို အတည်ပြုဖို့
ကြိုးစားလာတာလည်း တွေ့ရပါတယ်။ ဒါကိုလည်း သတိမမူကြတဲ့ လူတွေ
ပိုများနိုင်ပါတယ်။ ကျောက်စိမ်းတွေလည်း ပရမ်းပတာ တူးနေဆဲပါပဲ။ တကယ်တော့
အခုလို တိုးတက်တဲ့ ခေတ်သစ်ကမ္ဘာကို ရောက်နေချိန်မှာ မြန်မာနိုင်ငံသား
သုံးသန်းကျော် အနေနဲ့ ထိုင်းမှာ အလုပ်လုပ်နေရတာ၊ အများစုက အောက်ခြေ
ရွှေ့ပြောင်းလုပ်သားတွေဖြစ်ပြီး ကြုံရာကျပန်း လုပ်နေရတာ ၊ တရားမ၀င်
လုပ်သားတွေ ဖြစ်နေတာတွေဟာ အခုမှ ဖြစ်လာတဲ့ ပြသ၁နာမဟုတ်ပါဘူုး။
ကာလရှည်လျားလှတဲ့ စစ်အာဏာရှင် စနစ်ရဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့်
ခြစားမှုတွေ ၊ ဆင်းရဲမွဲတေမှုက တစ်ဆင့် ဖြစ်နေတဲ့ ပြသ၁နာတွေပါ။ အခု
မြန်မာလုပ်သားနှစ်ဦးကို ကြည့်ရင်ပဲ တရားမ၀င် ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်နေပြီး
ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်နေတာကြောင့်ပဲ ဘ၀ တူ ရွှေ့ပြောင်းလုပ်သားတွေ
ဆီကနေ လုံလောက်တဲ့ သက်သေ မရခဲ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့
အခင်းဖြစ်ပွားခဲ့တဲ့ နယ်မြေကလည်း လူမိုက်ဂိုဏ်းတွေ အားကောင်းတာပါ
တွက်လိုက်ရင် တရားမ၀င် လာရောက် အလုပ်လုပ်နေသူတွေအနေနဲ့ သက်သေ
လိုက်ရင်း ကိုယ်ပါ ဒုက္ခရောက်မယ့် အဖြစ်ကို ရောက်ခံကြပါ့မလား ဆိုတာကလည်း
စဉ်းစားစရာပါ။ တာဝန်ကျေသယောင် လုပ်နေတဲ့ မြန်မာသံရုံးတို့ ၊ အစိုးရတို့က
လည်း အခုထိ အမှုလိုက်ရှေ့နေကို ရှေ့နေခတောင် မပေးတာကြည့်ရင် ကိုဇော်လင်း
၊ ကိုဝင်းဇော်ထွန်းတို့နဲ့ အတူ နေထိုင်တဲ့ တရားမ၀င် ရွှေ့ပြောင်း လုပ်သားတွေက
သက်သေ ထွက်ပေးနိုင်အောင် ၊ မိသားစုတွေကို နောက်ဆံ မတင်းနိုင်အောင်
ကူညီပေးပါ့မလား ( မှတ်ချက် ၊ သက်သေထွက်တဲ့ ရွှေ့ပြောင်း လုပ်သားကလည်း
တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုနဲ့ ဥပဒေအရ ထောင်ဒဏ် ချမှတ်ခံရနိုင် ) ဆိုတာ
စဉ်းစားစရာပါပဲ။ ဒါ့အပြင် အလွန်အကျွံ ဖိအားပေးလို့ နှစ်နိုင်ငံဆက်ဆံရေးတွေ
ပျက်ယွင်းပြီး တစ်ခုခုဖြစ်ခဲ့ရင် ထိုင်းနိုင်ငံရောက် မြန်မာတွေအနေနဲ့ ဘယ်လို
ဆက်လက်ရပ်တည်နေရမလဲ။ လူသုံးသန်းလောက်ရှိတဲ့ မြန်မာလုပ်သားတွေ အနေနဲ့
ပြည်တော်ပြန်ရရင်ကော မြန်မာမှာ သူတို့ကိုပေးဖို့ အလုပ်အကိုင်တွေ အဆင်သင့်
ရှိနေပြီလား ဆိုတာကအစ စဉ်းစားသင့်ပါတယ်။
တကယ်တော့ အမျိုးသားရေး စိတ်ဓာတ်ဆိုတာ ရှိကိုရှိရမယ့်ကိစ္စပါ။ အမျိုးသားရေး
ကို အလွန်အကျွံ ဗန်းပြပြီး မိမိလိုလားသူ နိုင်ငံရေးအရ ရှေ့ရောက်ဖို့ အတွက်
ကြိုးစားတာမျိုးက သိပ်မသင့်လျော်ပါဘူး ။ မြန်မာပြည်သူတွေ အနေနဲ့ ပြီးခဲ့တဲ့
ရွေးကောက်ပွဲမှာကတည်းက အမျိုးသားရေး ဘာသာရေးနဲ့ ပတ်သက်လို့
စာမေးပွဲအောင်ခဲ့ကြပြီးပြီ ဆိုတာ အမျိုးသားရေးအရ အရောင်ဝင်ဆိုးချင်သူတွေ
မမေ့ဖို့လိုပါတယ်။ အခုချိန်မှာတော့ လိပ်ကျွန်းကိစ္စက ကမ္ဘာကလည်း သိနေပြီ
ဖြစ်တဲ့အတွက် ဥပဒေကြောင်းအရ အယူခံတင်တဲ့ အချိန်တွေမှာ မျှတမှုရှိအောင်
စောင့်ကြည့်ရမယ့် အချိန်လို့ ဆိုရမှာပါ။ တစ်ချိန်တည်းမှာလည်း နှစ် ၅၀ ကျော်
အတွင်း အရပ်သားအစိုးရ တစ်ရပ် တက်လာမယ့် အခွင့်အရေးအတွက် တည်ငြိမ်မှု
ဆိုတာ လိုအပ်နေပါတယ်။ ရခိုင်တိုင်းရင်းသားတွေ အနေနဲ့လည်း အရှည် ကို
ကြည့်ဖို့လိုပါတယ်။
ယုတ်စွအဆုံး လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တော်တော်များများကို
အသိအမှတ်ပြု ဆွေးနွေးနေတာတောင် ရခိုင်တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ AA
ရက္ခိုင့်တပ်မတော်ကို အစိုးရက လက်ခံတာ မဟုတ်ပါဘူး။ အမျိုးသားရေးအရ
ညီညွတ်ကြတယ် ဆိုပေမယ့် ကချင်ဆရာမအမှု အခုထိ မပေါ်သေးတာ အစိုးရ
ဘက်က ပေါ်အောင် မကြိုးစားတာ ၊ အဲဒီအမှုပေါ် အခုလို အုံလိုက်ကျင်းလိုက်
ကန့်ကွက်မှုတွေ မရှိခဲ့တာ ၊ နော်ခမ်းကို တရုတ်က သေဒဏ်ပေးတုန်းက အစိုးရ
ကိုယ်တိုင် ဒီအတိုင်း ကြည့်နေခဲ့တာတွေက လွှတ်ချင်တဲ့ ကိစ္စလွှတ်ပေး၊ ထိန်းချင်တဲ့
ကိစ္စ ထိန်းမယ်ဆိုတဲ့ သဘော သက်ရောက်နေပါတယ်။ အခုနောက်ဆုံး မန္တလေးမှာ
ဖြစ်ခဲ့တဲ့ မဘသ တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲဆိုရင် တရားမျှတမှု အတွက်
တောင်းဆိုတာ မဟုတ်တော့ပဲ ထိုင်းဆန့်ကျင်ရေးအသွင် လှုံ့ဆော်လာတာ
တွေ့ရပါတယ်.။ ဒါဟာ တော်တော်လေးကို ဆိုးဝါးပါတယ်။ ထိုင်းနဲ့ ကုန်သွယ်မှု
အသွားအလာတွေ ရပ်တန့် အဆက်ဆံတွေ မလုပ် ၊ အာဆီယံ အရှေ့အနောက်
စင်္ကြန်လမ်းမတွေ ပိတ်ဖို့ တောင်းဆိုနေသူတွေ ၊ လူမျိုးရေးအရ လှုံ့ဆော်နေသူတွေ
ဟာ တကယ်တော့ စစ်အာဏာရှင်ကို ပြန်လာပါဆိုပြီး လက်ယပ်ခေါ်နေသူတွေပါပဲ။
ဆန္ဒပြမှုတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေးအရ ရည်ရွယ်ချက်တွေ ရှိမရှိဆိုတာက
တော့ ကာယကံရှင်တွေသာ သိပါလိမ့်မယ်။
စိုင်းထွန်းအောင်လွင်
The Ladies News Journal

**နေမျိုးဝေ၏ သရုပ်မှန်အားဖော်ထုတ် ဖွင့်ချခြင်း**

r
===========================
နေမျိုးဝေရဲ့နောက်ခံနိုင်ငံရေးဖြတ်သန်းမှုဟာ ဘယ်လိုရှိခဲ့ပါသလဲ? သူရဲ့ဇာတ်ကြောင်းဟာဘယ်လိုရှိခဲ့ပါသလဲ? အများပြည်သူသိရှိနိုင်အောင် သတိထားနိုင်အောင်လို့ပြောပြပါရစေ
ကျနော်ဟာ၁၉၉၆ခုနှစ် YIT စက်မှုတက္ကသိုလ် ကျောင်းသား တစ်ဦး ဖြစ်ပြီး နေမျိုးဝေကိုကျနော်စတင်သတိထားမိတာကတော့ လှည်းတန်းလမ်းဆုံမှာ ကျနော်တို့ကျောင်းသားတွေဆန္ဒဖော်ထုတ်ခဲ့တဲ့ညကသူရဲ့ ရဲရဲတောက် စကားများကို နားထောင်ရင်းအထင်ကြီးလေးစားခဲ့သူတစ်ဦးပါ။

ကျနော်သိရသလောက် နေမျိုးဝေရဲ့ဇာတိမြို့ဟာ ဧရာဝတီတိုင်း ဘိုကလေးမြို့ မြို့ပတ်လမ်း(၄)ရပ်ကွက်မှာ နေထိုင်သူတစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ၏ အမည်မှာဦးလှမြင့် ဖြစ်ပါတယ်။သူရဲ့အဖေကိုအဘိဓာန် လှမြင့်လို့ ခေါ်သူတွေ လဲရှိကြပါတယ်။

ကျနော် YIT ပထမနှစ်တက်ရောက်နေစဉ်တုန်းက နေမျိုးဝေဟာ လေကြောင်း ပညာအဓိက ဘာသာရပ် မှာတက်ရောက်နေသူဖြစ်ပြီး ၁၉၉၆ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အင်းစိန်စော်ဘွားကြီးကုန်း မှာကျောင်းသားနဲ့စည်ပင်ရဲအရာရှိတို့ကြား ပြသနာဖြစ်ရာ မှအစပြု၍ ၁၉၉၆အာဏာ ရှင်ဆန့် ကျင်ရေး ကျောင်းသား လှုပ်ရှားမှုမှာခေါင်းဆောင် တစ်ဦးအဖြစ်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ကိုစိုးထွန်း၊ကိုမျိုးရန်နောင်သိန်း၊ ကိုသွင်လင်းအောင်(ခ)ပက်စီ အပါအ၀င် ကျောင်းသားခေါင်းဆောင် များနဲ့ လက်တွဲပြီး တက်တက်ကြွကြွ ပါဝင်ခဲ့သူဖြစ်ခဲ့ပါတယ်။

ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ ထိုင်သပိတ် ဆန္ဒဖော်ထုတ်ပွဲညပိုင်း တရားဟောရာမှာလဲပါ ၀င်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ၎င်းကျောင်းသားလှုပ်ရှားမှု ကိုစစ်အစိုးရမှနှိပ်ကွပ်ချေမှုန်းခဲ့တဲ့အချိန်မှာ နေမျိုးဝေဟာ အတူလက်တွဲ ခဲ့တဲ့ရဲဘော် သူငယ်ချင်းတွေ နဲ့ဖမ်းဆီး ထိန်းသိမ်းခံ ရပြီးနောက်ပိုင်း ထောက်လှမ်းရေး စစ်ကြောရေး စခန်းမှာ ဗိုလ်ချုပ်ခင်ညွန့်ရဲ့စည်းရုံးသိမ်းသွင်းခြင်းခံရသူဖြစ် သွားခဲ့ပြီး ၉၆ကျောင်းသားလှုပ်ရှားမှုနဲ့ပတ်သက်၍ မိမိနှင့်အတူလက်တွဲ ပါဝင်ခဲ့သော ရဲဘော်သူငယ် ချင်းများဖြစ်သည့် စိုးထွန်း ။ သွင်လင်းအောင်။မျိုးရန်နောင်သိန်း။ အပါအ၀င်၉၆ကျောင်းသား လှုပ်ရှားမှုမှာ မိမိကိုယ်တိုင်ပါဝင်ပါလျှက်အခြားသူများအပေါ် အပြစ်များပုံချခြင်း မမှန်မကန်ထွက်ဆိုဝန်ခံခြင်း မိမိစစ်ကြောရေးဒဏ်သက်သာစေရန် မျက်နှာလိုမျက်နှာရ ဇာတ်လမ်းများထွင်၍၀န်ခံခြင်း များပြုလုပ်ခဲ့ရာမှ ၎င်းတစ်ဦးတည်းသာ ထောက်လှမ်းရေး၏ဖမ်းဆီး ထိမ်းသိမ်းခံရခြင်းမှ လွတ်မြောက်ရန်ကြိုးပမ်းခဲ့တဲ့ကျောင်းသား သစ္စာဖောက်တစ်ဦးဖြစ်ပါတယ်။

နေမျိုးဝေဟာ ၎င်းနဲ့လက်တွဲခဲ့တဲကျောင်းသားများအကျဉ်းထောင် များအတွင်းစစ်ကြောရေးစခန်း များအတွင်းညဉ်းပန်းနှိပ်စက်ခံနေရချိန်တွင် ထိုစစ်ကြောရေးစခန်းမှ တစ်ကိုယ်ကောင်းဆန် ကိုယ်လွတ်ရုန်းခဲ့ပြီး နောက်ပိုင်းထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အမျိုးသားထောက်လှမ်းရေးအမှတ်(၁၂) ၀န်းထဲကိုအ၀င်အထွက်ရှိလာခဲ့ ပြီးကျောင်းသား လှုပ်ရှားမှုမှာ ဖမ်းဆီးခံရခြင်း မရှိသေးတဲ့ကျောင်းသားခေါင်းဆောင်ပိုင်းများကို စစ်ထောက်လှမ်းရေးနှင့်ပေါင်း၍ သတင်းပေးတစ်ဦးအဖြစ် ထောက်လှမ်းရေးများအားကူညီခြင်း အာဏာပိုင်များနှင့် အဆင်ပြေအောင်နေထိုင်ခြင်း များပြုလုပ်၍မိမိ၏ဘ၀ရပ်တည်ရေးနှင့် ကိုယ်ကျိုးအတ္တ သာ ကြည့်တော့သည့်ကျောင်းသား သစ္စာဖောက် တစ်ဦး ဖြစ်ခဲ့ပါတယ်။

၁၉၉၆ခုနှစ်နောက်ပိုင်းမှစ၍ အာဏာပိုင်များမှ ချီးမြင့်သောငွေကြေးနှင့် အခွင့်အရေးများ ရယူကာ နိုင်ငံရေးလောကမှခပ်ကင်းကင်းနေထိုင်လာပြီးနောက်ပိုင်း မိမိတတ်ကြွမ်းသည့်လေကြောင်းပညာ အင်ဂျင်နီယာတစ်ဦးအဖြစ် မင်္ဂလာဒုံလေဆိပ်တွင် လေယာဉ်စက်ပိုင်းဆိုင်ရာအင်ဂျင်နီယာ တစ်ဦးအဖြစ်လုပ်ဆောင်နေခဲ့ရင်း ၂၀၀၆ခုနှစ်သို့ရောက်သောအခါ အတူလက်တွဲလုပ်ဆောင် ခဲ့သည့် ၉၆ကျောင်းသားများအပါအ၀င် ၁၉၈၈ကျောင်းသားလှုပ်ရှားမှုခေါင်းဆောင်များ အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာပြီးနောက်ပိုင်း ၈၈မျိုးဆက်အဖြစ်ပြန်လည်စုစည်း မိသောအခါ ထိုအဖွဲ့အနီးသို့ချည်းကပ်ရန် ကြိုးစားခဲ့ပြန်ပါတယ်။

၈၈မျိုးဆက်ကျောင်းသားအဖွဲ့ဟာ ၁၉၈၈ခုနှစ်မှစ၍ ၁၉၉၆။၁၉၉၈။ နိုဗယ်ကျောင်းသားလှုပ်ရှားမှုအပါအ၀င် ၂၀၀၇မျိုးဆက် အထိ ကျောင်းသားမျိုးဆက်များ ပါဝင်တာကြောင့် နေမျိုးဝေ၏ထောက်လှမ်းရေးနှင့် ပေါင်း၍သတင်းပေး လုပ်ခဲ့မှု အတူလက်တွဲ့သည့် ရဲဘော် သူငယ်ချင်းများ အပေါ်သစ္စာဖောက်ခဲ့မှု များကိုသိရှိသည့် ၉၆ကျောင်းသားများသည် နေမျိုးဝေ၏၈၈မျိုးဆက်ကျောင်းသား အဖွဲ့အနီးသို့ ချည်းကပ်လာမှု အပေါ်ကန့်ကွက်သတိပေးမှုကြောင့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့အတွင်းသို့ ချည်းကပ်ရာ မအောင်မြင်ခဲ့ပေ။

ထိုနောက်ပိုင်းတွင်နေမျိုးဝေသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဌာနချုပ်တွင်ကျင်းပပြုလုပ်သော နိုင်ငံရေးအခမ်းအနားပွဲများ သို့၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်များတက်ရောက် လာမည်ကိုသိရှိသောနေမျိုးဝေဟာ NLD ရုံးအနီးတွင်သွားရောက် စောင့်ဆိုင်း၍ ကိုမင်းကိုနိုင်အပါအ၀င်၈၈ခေါင်းဆောင်များ အားမိမိကိုယ်ပိုင်ကားဖြင့် လိုက်ပို့ ပေးမည်ဖြစ်ကြောင်း ၀င်ရောက်ရောနှော၍ စကားရောဖောရောပြုလုပ်ခဲ့သော်လည်း၎င်း၏ လုပ်ရပ်များကို သိရှိနေသောကြောင့် ၈၈မျိုးဆက်ကျောင်းသား အဖွဲ့မှလက်မခံခဲ့ပါဘူး။

ထိုသို့နည်းဖြင့် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ အနီးချည်းကပ်ရာမရသဖြင့် လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများကွန်ရက် HRDP မှဦးမြင့်အေး ဦးအောင်ဇော်ဦး ဦးမောင်မောင်လေး တို့အနီးသို့ထပ်မံချည်းကပ်၍ မိမိသည်ဗိုလ်ခင်ညွန့်၏ ထောက်လှမ်းရေးအဖွဲ့ အာဏာရှိစဉ် ကာလကအဆင်ပြေဖူးခဲ့သူတစ်ဦးဖြစ်ကြောင်း ထို့ကြောင့် အရေးကြီး သည့်လျှို့ဝှက်စာရွက် စာတမ်းများ မိမိထံတွင်ရှိနေကြောင်း အမျိုးသားထောက်လှမ်းရေးအဖွဲ့မှအကြီးအကဲများ ထောင်ထဲမရောက်ခင်က မိမိအားအပ်နှံသွားပါကြောင်း ထိုသူများနှင့်ပတ်သက်သည့် သတင်း အချက်အလက်များ ပေးမည်ဖြစ်ကြောင်း ပြောဆို၍ချည်းကပ် ခဲ့သော်လည်း HRDP ခေါ် လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများ ကွန်ရက်မှ တာဝန်ရှိသူများသည်၎င်း၏ နောက်ခံ အားကြားသိထားပြီး ဖြစ်သောကြောင့် လက်မခံခဲ့ပေ။

ထိုသို့  ၈၈ မျိုးဆက် HRDP နှင့်အဆင်မပြေသောကြောင့် NLD ပါတီအားမြို့ နယ်အဆင့်မှစ၍ ချဉ်းကပ်ပြန်ရာနိုင်ငံရေး တက်ကြွလှုပ်ရှားသည့် စမ်းချောင်းမြို့နယ် NLD လူငယ်များနှင့် ကြည့်မြင်တိုင်မြို့နယ် NLD ပါတီဝင်များအား မိမိအားအထင်ကြီးလေးစား လာစေရန် နိုင်ငံရေးစကားများပြောခြင်း စာရွက်စာတမ်းများရိုက်နှိပ်ပေးခြင်း ဖြန့်ဝေရန်စီစဉ်ပေးခြင်း စသည့်လှုပ်ရှားမှုများနှင့် NLD ပါတီအားထပ်မံချဉ်းကပ်ပြန်လေသည်။

သို့သော်၎င်း ၏သတင်းပေးလုပ်ခဲ့ဖူးခြင်း ကျောင်းသား သစ္စာဖောက်ဖြစ်ခဲ့ဖူးခြင်းများ စသည့်အကြောင်းများကို NLD ပါတီဝင်လူငယ်များမှ သိရှိသွားသောအခါ နေမျိုးဝေနှင့် အဆက်အဆံမပြုလုပ်ကြတော့ပေ။ ၂၀၀၇တွင်ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနှင့်အတူ အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ သော်လည်း နေမျိုးဝေသည် မည်သည့် အခန်းကဏ္ဍမှပါဝင်ခြင်းမရှိခဲ့ပေ။ အန္တရယ်ရှိသည့် နိုင်ငံရေးစွန့်စားမှု တစ်ရပ်သာဖြစ်ကြောင်း ထောင်ကျခံနိုင်ငံရေးဖြစ်သည့်အတွက် အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသူတစ်ယောက်လဲမဟုတ်ခဲ့ပေ။
ထို၂၀၀၇ရွှေဝါရောင်တော်လှန်ရေး၏ နိုင်ငံရေးတွန်းအားဖြင့် ပေါ်ပေါက်လာခဲ့သော ၂၀၁၀ရွေးကောက်ပွဲ အခင်းအကျင်းတွင်မှ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ အမည်ဖြင့်ရွေးကောက်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်၍ မိမိ၏နိုင်ငံရေးပုံရိပ်ကို မိမိဘာသာပုံဖော် လုပ်ဆောင်လာသူတစ်ဦး ဖြစ်ပြီးထိုစဉ်အချိန်က NLD ပါတီနှင့်ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲ မ၀င်ခြင်းမှတ်ပုံမတင်ခြင်းအပေါ် ပြင်းထန်စွာဝေဖန် ပုတ်ခတ်ရှုံချခဲ့သူတစ်ဦးဖြစ်သည်။
၂၀၁၀ရွေးကောက်ပွဲအား နေမျိုးဝေ၏ P&D ပါတီခေါ် မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီမှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ပြည်သူလူထု၏ ထောက်ခံမှုမရရှိခဲ့သဖြင့် တစ်နေရာမှအနိုင်ရခဲ့ခြင်းလဲမရှိပေ။ နေမျိုးဝေ၏ အမဖြစ်သူမစန္ဒာဝင်း မှာလဲ ဘိုကလေးမြို့တွင် အကိုဖြစ်သူနှင် အဆင်ပြေရင်းနှီးသော ထောက်လှမ်းရေးများ အာဏာပိုင်များနှင့် နားလည်မှုရယူ၍ နှစ်လုံးထီ ချဲဒိုင်အဖြစ် ဥပဒေနှင့်မလွတ်ကင်းသည့် လုပ်ငန်းများ လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြိး ငွေကျပ်သိန်းပေါင်း ၄၀၀/၅၀၀ ခန့်အထိ နှစ်လုံးထီ လုပ်ငန်းတွင် အလျော်မပေးနိုင်ဘဲ ထွက်ပြေး တိမ်းရှောင်ခဲ့ဖူးသူဖြစ်ပြီး အိမ်ထောင်ရေး အရှုပ်တော် ပုံများလူမှုရေးဖောက်ပြန်မှုများ ရှိခဲ့ဖူးသူဖြစ်သော်လည်း အကိုဖြစ်သူ၏တိုက်တွန်းမှုဖြင့် ၂၀၁၀ရွေးကောက်ပွဲတွင် ဘိုကလေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့သော်လည်း အနိုင်ရရှိခြင်း မရှိခဲ့ပေ။

နေမျိုးဝေသည် ၂၀၁၂ခုနှစ် အတွင်း ၎င်းပါတီရုံးစိုက်ရာ မင်္ဂလာဒုံမြို့နယ် အနီးတွင် ဇေကမ္ဘာဦးခင်ရွှေမှ စက်မှုဇုန်စီမံကိန်း မြေနေရာအတွက် လယ်ယာမြေများသိမ်းယူရာမှ လယ်သမားအရေးအား ပါတီ၏ ပထမဦးဆုံး နိုင်ငံရေးတိုက်ပွဲအဖြစ် လယ်သမားများဖက်မှ ၀င်ရောက် ရပ်တည်ပေးခဲ့ရာမှ ဇေကမ္ဘာ ဦးခင်ရွှေနှင့် ထိပ်တိုက် အခြေအနေထိ ရောက်ခဲ့ ဖူးသူ ဖြစ်ပြီး ဇေကမ္ဘာဦးခင်ရွေ၏တရားစွဲဆိုမှုကိုရင်ဆိုင်ကာ ဂျာနယ်အင်တာဗျူးများလုပ်၍ အများပြည်သူစိတ်ဝင်စားခံရမှု ရရှိရန်လုပ်ဆောင် ခဲ့သူလည်း ဖြစ်သည်။

ထိုသို့ဇေကမ္ဘာဦးခင်ရွှေနှင့် အမှုဖြစ်ရာမှတရားရုံးတွင်တရားရင်ဆိုင်ရင်း ဇေကမ္ဘာ ဦးခင်ရွှေ နှင့် တစ်စတစ်စရင်းနှီးလာရာ ဇေကမ္ဘာ ဦးခင်ရွှေ၏နေအိမ်သို့ပင် ၀င်ထွက်သွား လာရာ မှအစပြု၍ ငွေကြေး မက်လုံးများဖြင့် ဆွဲဆောင်သိမ်းသွင်းခံ ခဲ့ရသူဖြစ်ခဲ့လေသည်။ စစ်အစိုးရ လက်ထက် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဇေကမ္ဘာဦးခင်ရွှေသည် ကြံ့ဖွံ့ပါတီ၏ လက်ဝေခံ ဘာသာရေးအခြေခံသည့် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသောဗုဒ္ဒဘာသာသာသနာ့ နုဂ္ဂဟအသင်း၏ ၉၆၉လှုပ်ရှားမှုများတွင် ပါဝင်လာစေရန်နေမျိုးဝေအား ဦးခင်ရွှေ မှစည်းရုံး နိုင် ခဲ့လေသည်။

ထို့နောက်မူဆလင်ဆန့်ကျင်ရေးလူမျိုးရေးပဋိပက္ခများ ဖြစ်လာစေရန် ဖန်တီးခြင်းများ ကိုပင်လုပ်ဆောင်နေသူ တစ်ဦးလည်းဖြစ်ပေသည်။
အချုပ်အားဖြင့်ဆိုရသော် နေမျိုးဝေသည်
၁။ နိုင်ငံရေးလောကတွင်ထင်ပေါ်ကျော်ကြားလိုသူ။
၂။ အများပြည်သူမှ၎င်း၏အမည်ကို စိတ်ဝင်စားစေရန် လုပ်ဆောင်နေသူ။
၃။ မိမိထင်ပေါ်ကျော်ကြားမှုရှိရန် အများအာရုံစိုက်စေရန် နိုင်ငံရေးလှည့်ကွက်များ ထွင်တတ်သူ။
၎။ ၁၉၉၆ ကျောင်းသားလှုပ်ရှားမှုတွင် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်၏ စည်းရုံး သိမ်းသွင်းခြင်းခံရပြီး သတင်းပေးအဖြစ် ရပ်တည်ခဲ့သည့်ကျောင်းသားသစ္စာဖောက်ဖြစ်သူ။
၅။ ၂၀၁၀ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်NlD ပါတီအားဝေဖန်ရှုံချ၍ P&D ပါတီ မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီ (မ.င.ပ) အားထူထောင်ခဲ့သူ။
၆။ မိမိအကျိုးကိုသာကြည့်၍ ၁၉၉၆ကျောင်သားလှုပ်ရှားမှုတွင် အတူလက်တွဲခဲ့သောရဲဘော် သူငယ်ချင်းများအကြောင်းကို ဖွင့်ချဖော်ထုတ်၍ ထောက်လှမ်းရေးသတင်းပေးအဖြစ် သစ္စာဖောက် ခဲ့သူဖြစ်ပေသည်။

၁၉၉၆ ကျောင်းသားရဲဘော်တစ်ဦး

ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုတာကာကွယ်ရေးအောက်မှာ

r Lu Min

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရဲ့ သက်တမ်းဟာ ပြည်သူလွတ်တော်ရဲ့ သက်တမ်းနဲ့ အညီဖြစ်တယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဥပဒေမှာ ပြဌာန်းထားတယ်
ပြည်သူလွတ်တော်သက်တမ်းဟာ ၂၀၁၆ ဇန်နဝါရီ ၃၁ မှသာ ကုန်မှာဖြစ်တယ်
ဒီအတွက် တချို့နေရာတွေမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ရွေးချယ်ပွဲကျင်းပနေတာ ဥပဒေနဲ့မညီဘူးလို့ ဦးဝင်းထိန်ပြောတာ ထောက်ခံမိတယ်
ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုတာ မြို့ပြအုပ်ချုပ်ရေးပိုင်းရဲ့ အခြေခံအကျဆုံးအပိုင်းဖြစ်သလို အရေးကြီးတဲ့အပိုင်းလည်းဖြစ်တယ်
ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြဌာန်းခဲ့တဲ့ ရပ်ကွက်အုပ်ချုပ်ရေးဥပဒေဟာ ရပ်ကွက်အကျိုးကို ဆောင်ရွက်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်ရဲမှူးတွေကို သစ္စာခံရမယ်ဆိုတာမျိုး အလေးပေး ရေးဆွဲထားတာ လေ့လာကြည့်ရင် တွေ့လိမ့်မယ်
မြန်မာပြည်ရဲ့ ၃၃၀ သော မြို့နယ်တွေရဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို နေပြည်တော် ပြည်ထဲရေးကခန့်အပ်တယ် ပြညထဲရေးဆိုတာလည်း ကာကွယ်ရေးအောက်မှာဖြစ်နေတယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုတာလည်း မြို့နယ်အုပ်ချုပ်ရေးမှူးကို သစ္စာခံနေရတဲ့အတွက် မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးယန္တယားဟာ စနစ်တကျနဲ့ကို စစ်တပ်အာဏာကြီးစိုးရေးကို အခြေပြုတည်ဆောက်ထားတာ တွေ့နိုင်တယ်
လက်ရှိချိန်မှာ နေရာတချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွေ လုပ်နေတော့ ဘာတွေဖြစ်နိုင်လဲဆိုတော့ ဖွတ်တွေအနေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးသစ်ကို သူ့ပါတနာတွေကိုသာ လက်သိပ်ထိုးပြီး တင်မြှောက်တာမျိုးတွေ ဖြစ်လာနိုင်တယ်

တကယ်ဆို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဥပဒေပြဌာန်းချက်အတိုင်း သက်တမ်းကုန်မှသာ နောက်တစ်ကြိမ်ရွေးကောက်ပွဲ ကျင်းပပြီး ခန့်အပ်ရမှာဖြစ်တယ် လွတ်တော်အသစ်စတင်ချိန်မှာသာ ရပ်ကွက်အုပ်ချုပ်ရေးမှူးသစ်ကို အနှောက်အဖွဲ့ကင်းကင်းနဲ့ ရွေးချယ်ခန့်အပ်ထားစေချင်မိပါတယ်