Monday, December 28, 2015

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်မှ မီဒီယာများ သို့ ဖြေကြားချက်များ



ထိုင်းဝန်ကြီးချုပ်က ကော့တောင်ကျွန်းလူသတ်မှုကို တရားဥပဒေအတိုင်းသွားမည်၊ အယူခံရုံးနှင့် ဟိုက်ကုတ် အထိဆက်တက်နိုင်ကြောင်း၊ လွှတ်ပေးဖို့ဖိအားပေးခြင်းကို ယခင်အစိုးရ(ယင့်လတ်အစိုးရ( ကိုသွား တောင်းဆို ပါလား အကြောင်းမှာ အမြဲတမ်းလုပ်တတ်လို့ဟု ဆိုသည်။

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဗိုလ်ချုပ်ကြီးပ၀စ် ၀ုံးဆူဝမ်း (ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး) နှင့် ဗိုလ်ချုပ်ကြီးဆွမ်မိုင် ကောင်ထိရ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)တို့ (၂)ဦး ထံ ကော့တောင်ကျွန်းလူသတ်မှု၏ သက်သေအထောက်အထားများကိုပြန်လည်သုံးသပ်ပေးရန်တောင်းဆိုခြင်းနှင့်ပတ်သက်ပြီး ဖြေကြားရာတွင်

"ထိုင်းနိုင်ငံသည် ဥပဒေနှင့် တရားစီရင်ရေးလုပ်ငန်းစဉ်များရှိပြီးဖြစ်ကြောင်း၊ ဥပဒေကြောင်းအရမည်ကဲ့သို့ အမိန့်ချခဲ့သည်၊ တရားစီရင်ရေးလုပ်ငန်းစဉ်အဆင့်ဆင့်မည်သို့ရှိသည် တို့ကို ပြန်ကြည့်ရန်လိုမည်ဖြစ်ကြောင်း၊ ပထမအဆင့်တရားရုံးမှ အမိန့်ချခဲ့ပြီးနောက်၊ အယူခံရုံးနှင့် ဟိုက်ကုတ် အထိ တက်နိုင်သေးကြောင်း၊ အဆင့်ဆင့်လုပ်ဆောင်ရမည့် တရားစီရင်ရေးလုပ်ငန်းစဉ် အား ရုတ်သိမ်းခိုင်း၍မဖြစ်နိုင်ကြောင်း၊ “ဘာလဲ ထိုင်းနိုင်ငံက ဘာပဲလုပ်လုပ် လုပ်လို့မရတော့ဘူးဟုတ်လား" ဟုပြောပါသည်။

ဤအမှုနှင့်ပါတ်သက်ပြီး ထိုင်းအာဏာပိုင်များနှင့် ညှိနှိုင်းပေးရန် အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့၌် မြန်မာနိုင်ငံသားများဆန္ဒပြတောင်းဆိုခြင်းနှင့် ပါတ်သက်၍ “ဆောင်ရွက်ရန်ကိစ္စရပ်များအားလုံးသည် ပြည်သူ့ရဲတပ်ဖွဲ့၏တာဝန်သာလျင်ဖြစ်ကြောင်း၊ နှစ်ဘက်ရဲတပ်ဖွဲ့များကို ဆွေးနွေးညှိနှိုင်းစေရမည်ဖြစ်ကြောင်း၊ ဥပဒေအရအယူခံဝင်နိုင်သည် ဟု သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ ဒါမှမဟုတ် အစိုးရကို ဖိအားလာပေးပြီး လွှတ်ပေးစေချင်နေခြင်းလား၊ ဒါဆိုလဲ အရင်အစိုးရကို သွားတောင်းဆိုလိုက်တော့၊ ဘာကြောင့်လဲဆိုတော့ အရင်အစိုးရက ဒီလိုမကြာခဏလုပ်တတ်လို့ပဲ" ဟုပြောကြားသွားပါသည်။

ဘာသာပြန်ဆိုသူ ဦးအောင်စိုး


The Voice Weekly
10 hrs ·
လိပ်ကျွန်းလူသတ်မှုတွင် တရားရုံး၏ ဆုံးဖြတ်ချက်ကို ထိုင်းဝန်ကြီးချုပ် အကာအကွယ်ပေး ပြောဆို၊ ဆန္ဒပြမှုများအပေါ် ဒေါသတကြီး တုံ့ပြန်
-----------------------------------------------------------

ဘန်ကောက်၊ ဒီဇင်ဘာ ၂၈

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု၌ သေဒဏ်ပြစ်မိန့် ချမှတ်ခံထားရသော မြန်မာနိုင်ငံသားနှစ်ဦး အတွက် မြန်မာနိုင်ငံတွင် ကန့်ကွက်ဆန္ဒပြမှုများနှင့် ပတ်သက်၍ ထိုင်းစစ်အစိုးရ ခေါင်းဆောင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချားက ဒေါသတကြီး တုံ့ပြန်ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုသူများ အနေနှင့် ထိုင်းတရားရုံး၏ ဆုံးဖြတ်ချက်ကို လေးစားသင့်ကြောင်း၊ ထိုင်းတရားစီရင်ရေးစနစ် အနေနှင့် လူအများ၏ ဖိအားပေးမှုများကို ဦးညွှတ်ကာ အလျှော့ပေးလိမ့်မည် မဟုတ်ကြောင်း ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချားက ပြောကြားသည်။

“သူတို့ (ပြစ်ဒဏ်ချမှတ်ခံထားရသော မြန်မာနှစ်ဦး) မှာ အယူခံဝင်ပိုင်ခွင့်ရှိတယ် မဟုတ်လား။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဥပဒေတွေမှာလည်း ဒီအတိုင်းပါပဲ။ ဒါမှမဟုတ် ထိုင်းနိုင်ငံရဲ့ ဥပဒေမှာ အဲဒါမျိုး မရှိလို့လား။ ဒီအမှုမှာ ဖိအားပေး ခံလိုက်ရတာနဲ့ ကျွန်တော်တို့က အားလုံးကို လွှတ်ပေးသင့်ရောလား” ဟု ၎င်းက ဆိုသည်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချားသည် ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီ ပြည်နယ်သို့ သွားရောက်ရန် လေယာဉ်ပျံပေါ်သို့ မတက်မီ သတင်းထောက်များအား လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ပြီး ထိုသို့ မှတ်ချက်ပေး ပြောကြားစဉ် ၎င်းသည် ဒေါသထွက်နေသည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခဲ့သည့် ကိစ္စအပေါ် မကျေနပ်သူ ရာပေါင်းများစွာက ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံရှိ မြို့ကြီးအချို့တွင် ဆန္ဒပြလျက်ရှိသည်။

ထိုင်းအာဏာပိုင်များသည် ကြီးမားသော အမှုကြီးတစ်ခုကို ပိတ်သိမ်းပစ်နိုင်ရန် ကြိုးပမ်းရာ၌ မြန်မာနိုင်ငံသားနှစ်ဦးကို ဓားစာခံအဖြစ် အသုံးချလိုက်ခြင်း ဖြစ်သည် (အရပ်အခေါ်အားဖြင့် ‘ထိုးကျွေးလိုက်ခြင်း ဖြစ်သည်’) ဟု ဆန္ဒပြသူများက ဆိုကြသည်။

နိုင်ငံရေးအရ အသုံးချခြင်း မဖြစ်သင့်ကြောင်း ဦးအေးသာအောင် သတိပေး


လိပ်ကျွန်းအရေး ဆန္ဒြုပမှုများသည် နိုင်ငံရေးအရ အသုံးချခြင်း မဖြစ်သင့်ကြောင်း
ရခိုင်ခေါင်းဆောင် ဦးအေးသာအောင် သတိပေး

------ ------ ------

နိုင်ငံသားတစ်ဦး အနေဖြင့် မြန်မာနိုင်ငံသားများ မတရားခံရသည့် အပေါ်တွင်
တုံ့ပြန် ဆန္ဒထုတ်ဖော်သည်ကို လိုလားသော်လည်း ဆန္ဒပြမှုများမှာ နိုင်ငံရေးအရ
အသုံးချခြင်းမျိုး မဖြစ်သင့်ကြောင်း လိပ်ကျွန်း လူသတ်မှုကို သေဒဏ်ချမှတ်ခဲ့သည့်
အပေါ် ဆန္ဒထုတ်ဖော်မှုများနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ
ဦးအေးသာအောင်က ဒီဇင်ဘာ ၂၈ ရက်တွင် သတိပေး ပြောဆိုလိုက်သည်။

“အမှန်ကတော့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေကို
လုပ်ရမှာပဲ။ အဲ့ဒါထက် ကျော်လွန်ပြီးတော့ လုပ်လာတဲ့ လုပ်ရပ်မျိုးကတော့
မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။ အခုလို နိုင်ငံသား တစ်ယောက်အနေနဲ့ မိမိရဲ့
အမျိုးသားရေးစိတ် ၊ နိုင်ငံသား တစ်ယောက်ရဲ့ လျော့နည်းနေတဲ့ ဂုဏ်သိက္ခာ
ကို ထုတ်ဖော်ပြသတဲ့ မတော်မတရား ခံရတာနဲ့ပတ်သက်လို့ ထုတ်ဖော်ပြသ
တာပဲ လုပ်သင့်ပါတယ်” ဟု ဦးအေးသာအောင်ကပြောသည်။

လတ်တလော ဖြစ်ပွားနေသည့် လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်သည့်
ဆန္ဒပြပွဲများတွင် နောက်ကွယ်၌ နိုင်ငံရေးအရ လှုံ့ဆော်မှုများ ရှိနိုင်ကြောင်း
ထိုင်းရဲတပ်ဖွဲ့မှ ရဲချုပ်က ဒီဇင်ဘာလ ၂၇ ရက်နေ့က ပြောဆိုထားသည်။

ယင်းအပြင် လူမှုကွန်ရက် မီဒီယာများပေါ်တွင် ထိုင်းနိုင်ငံနှင့် ပတ်သက်၍
အလွန်အမင်း အမုန်းစကား ပြောဆိုမှုများလည်း ရှိလာပြီး အချို့ဆန္ဒပြပွဲများတွင်
မဘသ အဖွဲ့များက ဦးဆောင်မှုအပေါ် လေ့လာသူများအကြား ပူပန်မှုများ
ရှိလာခဲ့သည်။

ယင်းအပြင် စည်းကမ်းတကျ ဆန္ဒပြခြင်းထက် လမ်းများပေါ်ထွက်၍ ခွင့်ပြုမိန့်
မတောင်းခံဘဲ ဆန္ဒပြမှုများ ရှိလာခဲ့ပြီး ယခုကဲ့သို့ အာဏာ လွှဲပြောင်းရေးအတွက်
တည်ငြိမ်မှု ရရှိရန် လိုအပ်နေချိန်တွင် လူထု ဆန္ဒပြပွဲများမှ တစ်ဆင့် မလိုလားအပ်
သည်များ ပေါ်ပေါက်လာနိုင်ကြောင်း စိုးရိမ်မှု အချို့လည်း ရှိနေကြသည်။

ထို့အပြင် လိပ်ကျွန်း လူသတ်မှုအရေး လှုပ်ရှားများ ဖြစ်ပွားနေသည့် အချိန်တွင် သမ္မတနှင့်
တပ်မတော်ကို အလွန်အကျွံ အကာအကွယ်ပေးသည့် ဥပဒေများ ပြဋ္ဌာန်းရန်
ကြိုးစားနေခြင်း ၊ ဖားကန့်ဒေသ ကျောက်စိမ်း အလွန်အကျွံ တူးဖော်နေမှုများအပေါ်
ထိန်းချုပ်နိုင်မှု မရှိသေးခြင်း စသည့်ကိစ္စရပ်တို့အပေါ် တွင်လည်း လေ့လာသူများ
အကြား သံသယ၀င်စရာ ဖြစ်နေသည် ။

" အမျိုးသားရေးအရ လိုအပ်လို့ ဖိအားပေး တာကလည်း ပေးပေါ့ဗျာ။ ဒါပေမဲ့
လက်လွတ်စပယ် စည်းလွတ် ၀ါးလွတ်တွေ မဖြစ်သင့်ဘူး။ တချို့က ကုန်စည်
ဆက်သွယ်ရေး လမ်းတွေ ပိတ်ဖို့တို့ ၊ အလောင်းဘုရားတို့ လက်ထက်တုန်းက
ကိစ္စတွေအထိ ပြောနေတာ တွေ့ရတယ်။ အမှုက တရားမျှတမှု ပြသ၁နာပါ။
လူမျိုးရေး နိုင်ငံရေး ပြသ၁နာ မဟုတ်ပါဘူး။ နောက်ပြီး တစ်ခုခုဖြစ်ရင် ထိုင်းမှာ
အလုပ်သွားလုပ်နေတဲ့ သူတွေ သန်းနဲ့ချီရှိတယ်။ သူတို့ လုံခြုံရေးအတွက် ဘယ်လို
လုပ်မလဲ " ဟု သတင်းစာဆရာ တစ်ဦးက သုံးသပ်ပြောဆိုသည်။

ရခိုင်တိုင်းရင်းသား နှစ်ဦး သေဒဏ်ချမှတ်ခံရမှုနှင့် ပတ်သက်၍ နိုင်ငံအနှံ့ ဆန္ဒပြပွဲများ
ဖြစ်ပွားနေပြီး အမှုမှာ လက်ရှိအချိန်တွင် အယူခံတင်၍ ရသည့်အဆင့်တွင်
ရောက်ရှိနေသည်။

မြန်မာနိုင်ငံသား အများစုက လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မြန်မာနှစ်ဦး
ကျူးလွန်ခြင်း မရှိကြောင်း ယုံကြည်နေရပြီး ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း
လုပ်သား အများစုမှာ တခြားနိုင်ငံများမှ လာရောက် လုပ်ကိုင်သည့် ရွှေ့ပြောင်း
လုပ်သားများကဲ့သို့ တန်းတူ အခွင့်ရေး ရရှိမှုလည်း အလွန်နည်းပါးနေသည်။

“တစ်ဖက်က ထိုင်းနိုင်ငံက အလုပ်ရှင်၊ ပြီးတော့ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ
အပေါ်မှာလည်း မကျေနပ်ဘူး။ ကိုယ့်နိုင်ငံရဲ့ အာဏာရှင်စနစ် အဆက်ဆက်ကြောင့်
ပြည်သူတွေ အလုပ်အကိုင်မရှိလို့ ၊ လူငယ်တွေ ကျရာအလုပ်လုပ်ဖို့အတွက်
နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ရတယ် "ဟု ဦးအေးသာအောင်က ပြောသည်။

အမှန်တကယ် အပြစ်ကျူးလွန်သူကို ထိုင်းရဲတပ်ဖွဲ့က မဖမ်းနိုင်၊ မဖော်နိုင်၊
မဖော်ထုတ်နိုင် တစ်နည်းအားဖြင့် မဖမ်းရဲသည့်အတွက် လက်လွတ်စပယ်
စီရင်ချက်ချသည့်သဘော သက်ရောက်ပြီး မြန်မာလုပ်သား နှစ်ဦးအပေါ်တွင်
စာနာထောက်ထားမှုများကို ပြသသည့် အနေဖြင့် နိုင်ငံတကာနှင့် မြန်မာနိုင်ငံ
အနှံ့အပြား တွင် ဆန္ဒထုတ်ဖော်၍ လွှတ်ပေးရန် တောင်းဆိုခြင်းသည်
မြန်မာနိုင်ငံသား တစ်ဦး မတော်မတရားခံရမှုများ မဖြစ်စေချင်၍ ဆန္ဒပြသည်ဟု
သုံးသပ်ကြောင်းလည်း ဦးအေးသာအောင်က ဆက်လက် ပြောကြားခဲ့သည်။

သတင်း - ဇော်မင်းထွန်း
Photo - BCJP
The Ladies News Journal

ကျွန်းက မထွက်ခွာခင် ဖော်ကောင် လုပ်သွားသော အင်တာဗျူး

သူဟာ မျက်မြင်သက်သေတင် ဖြစ်ရုံမကအမှုမှာလည်း တစွန်းတစ ပါသူဖြစ်ပါတယ်။
သူ ကျွန်းက မထွက်ခွာခင် ဖော်ကောင် လုပ်သွားသော အင်တာဗျူးပါ စကား များဖြစ်ပါတယ်။
မြန်မာ မဟုတ်ဘူးဆိုတာကိုလည်း သူဟာ အင်တာနက်မှာ တင်ခဲ့သူလည်း ဖြစ်ပါတယ်။
နောက်ပိုင်းမှာ သူဟာ ဘာတခုမှ မပြောတော့ပဲ ငြိမ်သွားခဲ့ပါတယ်။
မာဖီယာတို့၏ လက်တံက အင်မတန်ရှည် ပါတယ်။
အမှု ဖြစ်တဲ့ညက သူအိပ်ပျော်သွားလို့ ဒေးဗစ်နဲ့ ချိန်းထားတာ လွဲသွားတယ်လို့
သူ့ဖေ့ဘုတ်မှာ တင်ပေမယ့် ကျွန်းက ရရှိတဲ့သတင်းအရ သူက မနက် ၅ နာရီလောက်မှာ
အောက်ခံဘောင်းဘီ တထည်တည်းနှင့် ငါတို့ ရန်ဖြစ်လာတယ် ဟု အမောတကော
ပြောတယ်လို့ သိရပါတယ်။
လင်းယုန်မာန်
video
video

လိပ်ကျွန်း သူကြီး ခေါ် Phuket Mafia


မြန်မာလူငယ်လေးနှစ်ဦးကို ထိုးကျွေးခံလိုက်ရတဲ့ ပြသာနာနောက်ကွယ်က ထိုင်းမာဖီးယားနဲ. ထိုင်းအစိုးရတို. ဆက်ဆံရေးအကြောင်း။ ==================================================== လိပ်ကျွန်း သူကြီး ခေါ် Phuket Mafia ကြီး နဲ့  သူတို့ သားအဖတွေ ၊ သား အကြီး ကောင် ကလည်း ကန်ချနဘူရီ မှာ အထူးချွန်ဆုံး ပြည်သူ့ ရဲ ဝန်ထပ်းကောင်းဆု ရထားတာနော် ။ ရုံးဖွင့်ရက်ဆို ရဲလုပ်တယ် ရုံးပိတ်ရက်ဆို လိပ်ကျွန်းကို ပြန်လာပြီး သူ့ အဖေရဲ့  စီးပွားရေးတွေ အတွက် မာဖီးယား လာလုပ်တယ် ။
ဓါတ်ပုံ ထဲက မျက်နှာပြဲပြဲကားကား လူကြီးက ပူကတ်ကျွန်း လိပ်ကျွန်း အဲဒီ နားတဝိုက် ကျွန်းအားလုံးက မာဖီးယားကြီး ။ ထိုင်းဝန်ကြီးချုပ်ပါ ကြောက်နေရတယ် ဆိုပဲ ။
ဟိုးအရင်တုန်းကလည်း အင်္ဂလိပ်မ ချောချောလေးတွေ ကို ဒီအမှုလိုပဲ သတ်ထားတဲ့  အမှုတွေ ရှိခဲ့ဘူးတယ် ။ တခါမှ အဖမ်းမခံရဖူးဘူး ၊ အဲဒီ ထူးချွန်ဆု ရထားတဲ့ ရဲမှုး ဆိုတဲ့သူက အင်္ဂလိပ်မချောချောလေးတွေဆိုသိတ်ကြိုက်တာ ။ ရုံးပိတ်ရက်ပြန်လာရင် အဖြူမလေးတွေနဲ့ ပျော်ပါးတယ် ။ အင်္ဂလိပ်မလေးတွေ ရီးစား ပါလာလာ မလာလာ စိတ်မဝင်စားဘူး ၊ သူကြိုက်ရင်ရအောင် လုပ်တယ် ၊ ပြသနာမတက်ရင်တော့ အေးဆေးပေါ့ ၊ ပြသနာတက်ရင်တော့ အဲ့ဒီလိုပဲ သတ်နေကျ တဲ့။
ဓါတ်ပုံထဲက ပေါက်တူးကြီး ထမ်းထားတဲ့ ကောင်က သား အငယ်ကောင် ။ ပေါက်တူးထမ်းပြီး ရိုက်ထားတဲ့ ပုံကလည်းလူသတ်မှုဖြစ်တဲ့နေ့ မှာက မူးယစ်ပြီး ရိုက်ထားတဲ့ပုံ ။
နောက်ဆုံးတော့ ဒီကောင်တွေ လုပ်တိုင်း မြန်မာအလုပ်သမားတွေ အရင်တုန်းက ဘယ်နှစ်ယောက်တောင် ထိုးကြွေး ထားဘူးပြီးပြီလည်းမသိဘူး ။ သူ့ အဖေကြီးကလည်း ထိုင်းဝန်ကြီးချုပ်တောင် ကြောက်ရတယ်ဆိုတော့ .. စဉ်းစားသာကြည့်ကြပါတော့ ။
သတင်းဓါတ်ပုံ-Nyi Latt
Posted by Kyaw Thu Ya.