Friday, December 25, 2015

ဖြစ်ပြီးခါစမှာ ထိုင်းရဲက CBS ရုပ်သံကို တရားဝင်ပြောသွားတဲ့သတင်း




Eighth Region Police Command commissioner Pol Lt-Gen Panya Mamen identified the first suspect as Mon.
အမှတ်(၈)ဒေသ ရဲတပ်ရင်းရဲမှုးချုပ် ပန်ရာမာမန်းက မွန် ကို လူသက်တရားခံနံပတ်(၁)အဖြစ်အတည်ပြုနိုင်ပြီလို့ပြောတယ်။
He is the brother of a village headman in Koh Tao.
သူဟာ ခိုတောင်ကျွန်းအကြီးအကဲရဲ့ညီဖြစ်တယ်။
He was arrested after evidence which police collected were examined and proved he was involved, he said.
သူကို အခင်းဖြစ်ပွားတဲ့နေရာကအထောက်အထားတွေကိုစစ်ဆေးပြီးနောက်မှာ သူဟာဖြစ်စဉ်နဲ့ပက်သက်တယ်လို့ အတည်ပြုနိုင်တာဖြစ်ပါတယ်။
He also said another suspect is also a son of that village headman. But he has already to Bangkok.
သူဆက်ပြောတာက , နောက်ထပ်သံသယဖြစ်သူတဦးဟာ အဆိုပါကျေးရွာအုပ်ချုပ်ရေးမှု့းရဲ့သားဖြစ်ပြီး ထိုသူဟာဘန်ကောက်ကို ထွက်သွားတယ်လို့သိရတယ်။
He said both suspects were captured by CCTV cameras and the police have gathered enough evidence to implicate them in the murders.
အဆိုပါသံသယရှိသူနှစ်ယောက်ကို အခင်းဖြစ်ပွားတဲ့နေရာမှာရှိတဲ့ လုံခြုံရေးကင်မရာကသိရှိရတာဖြစ်ပြီး ရဲတပ်ဖွဲ့ဟာအခြားလိုအပ်တဲ့အထောက်အထားတွေကိုစုစီးပြီး လူသက်တရာခံတွေအဖြစ်တရားဆွဲဆိုသွားမှာဖြစ်ပါတယ်။
He said the southern police were coordinating with the metropolitan police to hunt him down, and expected to apprehend him today.
တောင်ပိုင်းတိုင်းရဲတပ်ဖွဲ့ဟာ ဘန်ကောက်ရဲတပ်ဖွဲ့နဲ့ပေါင်းပြီးကျန်ရှိနေတဲ့တရာခံတယောက်ကိုဒီကနေ့ဖမ်းဆီးနိုင်မယ်လို့ဆက်ပြောပါတယ်။
The southern police chief also assured the public that there was no arrest of scapegoats in this murder case as it now is a focal attention of the world.
တကမ္ဘာလုံးကစောင့်ကြည့်နေတဲ့အမှု့ဖြစ်တာကြောင့် ဒီတခါမှာတော့ တရားခံအစားထိုးတာနဲ့ တရားခံမှားဖမ်းတာတွေမဖြစ်ရအောင် သေသေချာချာကြပ်မက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ တောင်ပိုင်းတိုင်းရဲချုပ်ကထပ်လောင်းအတည်ပြုခဲ့ပါတယ်။
He also dismissed any suggestion of local mafias or influential people that could twist the investigation with promise that local influence would pose no obstacle to the police investigation.
ဒေသဆိုင်ရာလူဆိုးဂိုဏ်းတွေနဲ့ သေဒဆိုင်ရာသြဇာရှိသူတွေရဲ့ အရှိုန်အဝါကိုသုံးပြီး ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှု့တွေကို လွမ်းမိုးဖို့ကြိုးစားလာရင်လဲသူ့အနေနဲ့လက်ခံမှာမဟုတ်ဘူးလို့ပြောကြားခဲ့ပါတယ်။
Instead the police will eliminate all these mafias, he said.
ဒါအပြင်ရဲတပ်ဖွဲ့ဟာ ဒေသဆိုင်ရာလူဆိုးဂိုဏ်းတွေကို အပြီးတိုင်ဖြိုဖျက်သွားဖို့ရှိတယ်လို့သူကဆက်ပြောပါတယ်။
Meanwhile a police source said the police are also looking into the cooperation of those who helped to arrange the suspect to escape. They also will be arrested.

ဒီလိုအချိန်မှာသံသယရှိနေတဲ့တရာခံတွေလွတ်မြောက်ဖို့ ကူညီပေးတဲ့မည်သူကိုမဆိုလဲ ဖမ်းဆီးအရေးယူသွားမယ်လို့ သူကဆက်ပြောသွားပါတယ်။(အောင်မင်း)

ရှောင်မက်အန်နာအင်တာဗျူး

r ရှောင်မက်အန်နာဟာ အခင်းဖြစ်ပြီးနောက် မနက် ၄ နာရီလောက်က လိပ်ကျွန်းပေါ်က ထိုင်းမာဖီးယား ဂိုဏ်းက လူ ၂ ဦးက သူ့နောက်လိုက်လာကြောင်း၊ ဒါကြောင့် သူက ထွက်ပြေးပြီး ၂၄ နာရီ ဖွင့်တဲ့ စတိုးဆိုင် ထဲ ၀င်ပုန်းပြီး ဆိုင်က အရောင်းစာရေးမလေးဆီက ဖုန်းငှားကာ သူ့နောက်လိုက်လာသူ ၂ ဦးကို အဲဒီဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး သူ့ဖေ့စ်ဘုတ် ဖွင့်ကာ ဓာတ်ပုံတွေကို အွန်လိုင်းတင်ခဲ့ပါတယ်။
“ထိုင်းမာဖီးယားတွေက ကျနော့်ကို သတ်ဖို့ ကြိုးစားနေပါတယ်။ ကျနော့်ကို ကယ်ကြပါအုံး” လို့လည်း သူက ဖေ့စ်ဘုတ် မှာ ရေးခဲ့ပါတယ်။
ပြီးတော့ သူက ကျွန်းပေါ်က သူ့သူငယ်ချင်းတွေဆီ ဖုန်းဆက်တိုက်ခေါ် ခဲ့သလို ရဲနဲ့ စကောတလန်က သူ့ဆွေမျိုးတွေ ဆီ လည်း သူ အန္တရာယ် ရင်ဆိုင်နေရကြောင်း ဖုန်းဆက်ပြောခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမှာ ရဲက သူ့ကို ကယ်ခဲ့ပြီး သူတည်းခိုးတဲ့ ဟိုတယ်ဆီ လုံခြုံရေးနဲ့ ခေါ်သွားခဲ့တယ်လို့ သူက ပြောထား ပါတယ်။
ဒါပေမယ့် သူဟာ မလုံခြုံသလို ခံစားရတာကြောင့် တောင်ကုန်တွေဘက်ကို ထွက်သွားပြီး တောထဲမှာပဲ ညအိပ်ခဲ့ ကြောင်း၊ နောက်နေ့ ညနေ ၃ နာရီလောက်မှာ မတော်တဆမှုနဲ့ သွေးတွေပေကြံနေတယ် ဆိုတဲ့ ရှောင်ဟာ သူ့ ဂစ်တာ ကောက်ယူပြီး သူ့ပစ္စည်းတွေ သိမ်း၊ ကျောပိုး အိတ်ထဲ ထည့်ပြီး ကျွန်းကနေ ထွက်သွားခဲ့တာပါ။
လိပ်ကျွန်းကနေ ကော့စမွေအရပ်ကို ဖယ်ရီ မော်တော်ဘုတ်စီးပြီး ထွက်ခွာခဲ့တာလို့ သူက ဆက်ပြော ထားပါတယ်။
လိပ်ကျွန်းပေါ်က ထိုင်းရဲက သူ့လက်မှာ ရခဲ့တဲ့ ဒဏ်ရာနဲ့ သူ့ဂျင်းဘောင်းဘီနဲ့ ခန္ဓာကိုယ်မှာ သွေးစွန်းနေ မှုတွေအပေါ် သူက အသက်အန္တရာယ်စိုးရိမ်ပြီး စက်ဘီးစီးရင်း မတော်တဆဖြစ်ခဲ့တာလို့ ထွက်ဆို ချက်
ပေးခဲ့ပြီး ထိုင်းရဲကလည်း သံသယကင်းရှင်းလို့ ကျွန်းက ထွက်ခွာခွင့်ရသွားခဲ့ပါတယ်။
သတင်းဌာနနဲ့ အင်တာဗျူးမှာ သူ ပြန်ပြောပြခဲ့တာတွေထဲမှာ စိတ်ဝင်စားစရာတွေ အများအပြား ပါဝင်ပါ တယ်။
သူ့နောက်လိုက်လာတယ်ဆိုတဲ့ ထိုင်း မာဖီးယား ၂ ဦးလို့ ဆိုသူတွေက သူ့ကို “ မင်း ဒီည သေရမယ်၊ သူတို့ ( ဒေးဗစ်နဲ့ ဟန်နာ) ကို သတ်ခဲ့တာ မင်းပဲ၊ မင်းကိုယ်တိုင် မင်းလက်နဲ့ အဲဒီ ၂ ယောက်ကို သတ်ခဲ့တာ၊ မင်းလုပ်တယ်ဆိုတာ ငါတို့ သိတယ်။ မင်းကိုယ်မင်း ဒီည ကြိုးဆွဲချ သေပါ၊ ငါတို့ မင်း ကြိုးဆွဲချ သတ်သေ တာကို ကြည့်မယ်”လို့ ပြောခဲ့တယ်တဲ့။

ဒါကြောင့် ထိုင်း မာဖီယား ၂ ယောက်က သူ့ကို တောထဲ ခေါ်သွားပြီး ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေ ခိုင်းမှာကို စိုးရိမ်ပြီး သူ ထွက်ပြေးခဲ့တယ်လို့ ရှောင်မက်အန်နာက ပြောထားတယ်။

“ သူတို့ ( ထိုင်း မာဖီးယားများ) က အစားထိုး တရားခံအဖြစ် ဓားစားခံ တဦး လိုအပ်နေခဲ့တယ်လို့ ထင် တယ်။ (လူ သတ်မှုကို ) ဘယ် သူ လုပ်ခဲ့တယ်ဆိုတာ သူတို့ သိမယ်လို့ ကျနော် ထင်တယ်” လို့လည်း ရှောင် က ပြောထားတယ်။

ဒီအပြင် ရှောင်က ဆက်ပြောထားမှာ “ သူတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး အနောက်နိုင်ငံသား တယောက်က လုပ်တယ် ဆိုတဲ့ ပုံစံလည်း လိုချင်နေပုံရတယ်” လို့ ဆိုတယ်။

“ဒါကြောင့် ကျနော်သာ ကိုယ့်ကိုယ်ကို သတ်သေခဲ့မယ်ဆိုရင်၊ ကိုယ့်ကိုယ်ကို ကြိုးဆွဲချခဲ့မယ်ဆိုရင်တော့ ဒီလူသတ်မှု ဟာ သူပဲ လို့ ပြဖို့ သူတို့ လွယ်ကူသွားပြီလေ” လို့ ရှောင်က ပြောတယ်။
ရှောင်ဟာ လိပ်ကျွန်းကို စက်တင်ဘာ လ ၉ ရက်နေ့ကတည်းက ရောက်နေခဲ့သူပါ။ သူဟာ သေဆုံးသွား ခဲ့တဲ့ ဒေးဗစ် နဲ့လည်း လွန်ခဲ့တဲ့ နှစ်က Leeds မှာတွေ့ခဲ့ပြီး သူငယ်ချင်းတွေဖြစ်နေကြ တာပါ။ ဒေးဗစ်က လည်း Leeds တက္ကသိုလ်မှာ စာသင်ကြားနေပြီး သူတို့ဟာ ဖေ့စ်ဘုတ်မှာလည်း သူငယ်ချင်း ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်တဲ့ ညက ဒေးဗစ်နဲ့ ရှောင်ဟာ တွေ့ဖို့ ချိန်းဆိုထားခဲ့ကြပေမယ့် ရှောင်က အရက်မူးလွန်နေလို့ အိပ်ရာထဲက မထနိုင်ဖြစ်ခဲ့တာပါတဲ့။


ထိုင်း-မြန်မာ ၂ နိုင်ငံဆက်ဆံရေးအခြေအနေ




VOA Burmese

ကိုရန်နိုင်
ထိုင်းနိုင်ငံမှာ သေဒဏ် ချမှတ်ခံလိုက်ရတဲ့ မြန်မာနိုင်ငံသား ၂ ယောက်နဲ့ ပတ်သက်ပြီး မြန်မာဘက်က တာဝန်ရှိသူတွေအနေနဲ့ ထိုင်းအာဏာပိုင်တွေ နဲ့ ထိတွေ့ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားဖို့ မြန်မာသမ္မတဦးသိန်းစိန်က ညွန်ကြား လိုက်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကိုတော့ ကိုရန်နိုင်က ပြောပြပေး မှာဖြစ်ပါတယ်။
မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ညွန်ကြားချက်အရ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးဝင်းမောင်ဟာ ဒီကနေ့မနက်ပိုင်းက ထိုင်းဝန်ကြီးချုပ်ရုံးကိုသွားပြီး ၀န်ကြီးချုပ်ရုံး ၀န်ကြီး Pannada Diskul နဲ့ တွေ့ဆုံပြီးတော့ သေဒဏ် ချ ခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားနှစ်ယောက်ကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ ၂ နိုင်ငံ တာဝန်ရှိသူတွေ ဒီကနေ့ ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာသမ္မတရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးက ဗီအိုအေ မြန်မာပိုင်းကို အခုလိုပြောပါတယ်။
"သမ္မတကြီးရဲ့ Message ပေါ့။ သမ္မတကြီးရဲ့ Message ကို နိုင်ငံခြားရေး ကို ပြော၊ နိုင်ငံခြားရေး ဝန်ကြီးကနေ ထိုင်းသံအမတ်ကြီး ကို ပြောပြီးတော့ ဝန်ကြီးချုပ်ဆီ သွားပြီးတော့ ပြောခိုင်းတာ။ အဲ့တာနဲ့ပတ်သက်လို့ နံပတ်တစ်ပေါ့နော်။ သမ္မတကြီး ပြောတာကတော့ ဒီလိုမျိုး စီရင်ချက် အပြင်းထန်ဆုံး ချလိုက်တာ နဲ့ပတ်သက်ပြီးတော့ သမ္မတကြီးအနေနဲ့ တော်တော်လေး အံ့အားသင့်မိ တယ်ပေါ့နော်။ အံ့သြသင့်ပြီး နောက် စိတ်မကောင်းလည်းဖြစ်မိတယ်။ အဲ့တော့ နိုင်ငံတော် သမ္မတကြီးအနေနဲ့ နိုင်ငံတော်အစိုးရအနေနဲ့ရော ထိုင်းနိုင်ငံရဲ့ ဥပဒေ၊ ထိုင်းနိုင်ငံရဲ့ တရားစီရင်ရေး စနစ်ကို ကြားဝင် စွက်ဖက်တာမဟုတ်ဘူး။ သို့သော်လည်းပဲ ဒီအမှုကို စိတ်ဝင်စားစွာ စောင့်ကြည့်နေတဲ့ မြန်မာ တနိုင်ငံလုံးက ပြည်သူတွေ ခံစားချက်တွေ ထွက်ပေါ်နေတယ်ပေါ့နော်။
နောက်တခုက ကျနော် နှစ်နိုင်ငံ ထိုင်း-မြန်မာပေါ့နော်။ ချစ်ကြည်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး ဒီအချက်တွေကို ထောက်ထားပြီးတော့ ထိုင်းနိုင်ငံရဲ့အုပ်ချုပ်ရေး တပ်မတော်အစိုးရရဲ့ အခွင့်အာဏာ လုပ်ပိုင်ခွင့်ကနေပြီးတော့ ပြန်ပြီး သုံးသပ်ပြီး ဆောင်ရွက်ပေးဖို့ ကျနော်တို့ မြန်မာနိုင်ငံသား နှစ်ယောက်ကို ကူညီစောင့်ရှောက်ပေးဖို့ သမ္မတကြီးကနေ ဝန်ကြီးချုပ်ကို သူ့ရဲ့သတင်းစကားကို ပါးခိုင်းပါတယ်။"
မြန်မာသံအမတ်ကြီး ဦးဝင်းမောင်ဟာ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ သွားရောက်ခဲ့ တာဖြစ်ပေမယ့်၊ ထိုင်းဝန်ကြီးချုပ်က အရေးကြီးတဲ့အစည်းအဝေးတခုကို တက်ရောက်နေတဲ့အတွက် ၀န်ကြီးချုပ်ရုံးဝန်ကြီးနဲ့ပဲ တွေ့ဆုံခဲ့တာဖြစ်တယ်လို့ ဦးဇော်ဋ္ဌေးက ပြောပါတယ်။
ထိုင်းတရားရုံးက အခုလို မြန်မာနိုင်ငံ သားတွေကို သေဒဏ်ချမှတ်လိုက်တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က ထိုင်းသံရုံးရှေ့မှာ လည်း မြန်မာနိုင်ငံ သား ထောင်ပေါင်းများစွာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံက ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြတာတွေနဲ့ပတ်သက်ပြီး မြန်မာရောက် ထိုင်းနိုင်ငံသားတွေ အတွက် စိုးရိမ်ပူပန်မိတယ်လို့ ထိုင်းဝန်ကြီးဘက်ကပြောပါတယ်။
အခုလို ထိုင်းဝန်ကြီးကပြောတဲ့အပေါ်မှာတော့ မြန်မာပြည်သူတွေဟာ အလုပ်သမားနှစ်ဦး အတွက် တရားမျှတမှုကို တောင်းဆိုနေတာ သာဖြစ်ပြီး မြန်မာရောက် ထိုင်းနိုင်ငံသားတွေကို ဒုက္ခပေးတာမျိုး၊ နှစ်နိုင်ငံ ချစ်ကြည်ရေး နဲ့ ဆက်ဆံရေးကို ထိခိုက်စေမယ့် လုပ် ဆောင်ချက်မျိုးတွေ လုပ်မှာ မဟုတ်ဘူးဆိုတာ မြန်မာသံအမတ်ကြီးက ပြန်ပြောခဲ့ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး မြန်မာအစိုးရဘက်ကဆက်လက်လုပ်ဆောင် သွားမယ့် အခြေအနေကိုတော ဦးဇော်ဌေးက အခုလိုရှင်းပြပါတယ်။
" ထိုင်းနိုင်ငံရဲ့ တရားရုံး အဆင့်ဆင့် Process တွေကို ရေဆုံးရေဖျားအထိ ဆုံးခန်းတိုင်အောင် ကျနော်တို့က လုပ်မှာပါ။ အဲ့တာ နံပတ်တစ်ပေါ့နော်။ အဲ့တော့ ကျနော်တို့ အနေနဲ့ သူ့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိုင်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို လေးစားတယ်။ သူ့ရဲ့ လွတ်လပ်တဲ့ တရားစီရင်ရေးကို လေးစားတယ်။ သို့သော် ဥပဒေနဲ့အညီပေါ့။ ကျနော်တို့က မျှမျှတတ ဖြစ်အောင် ကျနော်တို့ နိုင်ငံသားတွေ အပြစ်ကင်းစင်တယ် ဆိုတာ တရားရုံးမှာ အယူခံရုံး အဆင့်ဆင့်မှာ သက်သေပြခွင့်ရအောင် အခု ကျနော်တို့ ထိုင်းရှေ့နေများကောင်စီ နဲ့ ဆွေးနွေးပြီးတော့ အကောင်းဆုံးဖြစ်အောင် လုပ်မှာပါ။ ဒါက တပိုင်းပေါ့။
ပြီးရင်လည်း ကျနော်တို့ အဆင့်ဆင့်သွားမှာပါ။ ဟုတ်ကဲ့။ အဲ့တာနဲ့ပတ်သက် လို့။ နောက် ကျနော်တို့ အခုလက်ရှိ အဲ့ဒီ့ ကျန်တဲ့ နိုင်ငံတော် အစိုးရအနေနဲ့ပေါ့နော်။ တပ်မတော် အပါအဝင် ကျနော်တို့ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ လူကြီးတွေ ဆွေးနွေးနေ တာတွေ ရှိပါတယ်။ ဒါတွေကတော့ ကျနော်တို့ အစိုးရ အနေနဲ့ တတ်နိုင်ဆုံး အထိရောက်ဆုံး လုပ်နိုင်သမျှ လုပ်လို့ရသမျှ နည်းလမ်းကုန် သုံးပြီးတော့ ကျနော်တို့ နှစ်နိုင်ငံ ဆက်ဆံရေးကိုတော့ မထိခိုက်ရအောင် ထိန်းသိမ်းပြီးတော့ ဆောင်ရွက်သွားဖို့ ရည်မှန်းထားပါတယ်။ ဒါကတော့ လောလောဆည် အနေအထားပါ။"
ထိုင်း-မြန်မာ ၂ နိုင်ငံဆက်ဆံရေးအခြေအနေနဲ့ ပတ်သက်ပြီး ဦးဇော်ဌေးက အခုလို ဆက်ပြောပါတယ်။
"လောလောဆည် အနေအထားကတော့ ကျနော်တို့ မရှိသေးပါဘူး။ ကျနော်တို့ Court Process က မပြီးသေးပါဘူး။ မပြီးသေးဘူးဆိုတော့ တရားရုံးအဆင့်ဆင့် အယူခံသွားဖို့ရှိတယ်။ နောက် ကျနော်တို့ သံတမန်နည်းလမ်းအရ ဆက်သွယ်ဆောင်ရွက်ခဲ့တဲ့ အရင် အတိတ်ကာလမှာလည်း မြန်မာ-ထိုင်း နှစ်နိုင်ငံ အစိုးရအဆင့်ပေါ့နော်။ ရင်းနှီးမှု ဆက်ဆံရေးကို အခြေခံပြီးတော့ နှစ်ဦးနှစ်ဘက် ဆောင်ရွက် ခဲ့တဲ့ အစဉ်အလာတွေရှိတယ်။ ဒါတွေကိုလည်း ကျနော်တို့ လုပ်သွားရမှာပါ။ ဆိုလိုတာက လက်ရှိအခြေအနေအထိ ကျနော်တို့သည် ထိုင်းနဲ့မြန်မာ ဆက်ဆံရေး ထိခိုက်စရာ အကြောင်း မရှိပါဘူး။"
ထိုင်းနိုင်ငံ အပန်းဖြေနေရာတခုဖြစ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်နှစ်ဦးကို ပြီးခဲ့တဲ့နှစ်က သတ်ခဲ့တယ် ဆိုပြီး အသက် ၂၂ အရွယ်တွေဖြစ်ကြတဲ့ မောင်ဝင်းဇော် နဲ့ မောင်ဇော်လင်းထွန်းတို့ကို မနေ့ကပဲ သေဒဏ် ချလိုက်တာပါ။ အသက် ၂၄ နှစ်အရွယ် David Miller နဲ့ အသက် ၂၃ နှစ်အရွယ် Hannah Witheridge တို့ကို သူတို့မသတ်ဘူးလို့ မြန်မာအလုပ် သမားနှစ်ယောက်လုံးက ငြင်းခဲ့ပါတယ်။သေဒဏ် ချမှတ်ခံရတဲ့အပေါ် အယူခံဝင် သွားမယ်လို့ သူတို့ရဲ့ရှေ့နေက ပြောထားပါတယ်။
မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့အတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ (၁) ရှေ့နေလိုက်ပေးသော ထိုင်းနိုင်ငံ၊ ရှေ့နေများကောင်စီမှ ဤအမှုအတွက် ရှေ့နေ ၂၁ ဦးပါ ကော်မတီ ဖွဲ့စည်းဆောင်ရွက်လျက် ရှိရာ ယင်း ၂၁ ဦးကော်မတီမှ လာမည့် ၁၁ ရက်နေ့တွင် အစည်းအဝေး ဆောင်ရွက်မည် ဖြစ်ပါသည်။ (၂) ကြားကာလတွင် ရှေ့နေများကောင်စီ၊ မြန်မာနိုင်ငံ သံရုံး၊ ထိုင်းနိုင်ငံရောက် မြန်မာ CSO များနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်မည် ဖြစ်ပါသည်။ (၃) ယနေ့ ချမှတ်ခဲ့သော စီရင်ချက်အတွက် High Court သို့ ဆက်လက်၍ အယူခံ တင်ပြပါမည်။ အယူခံ လက်ခံလျှင် ပြစ်ဒဏ်လျှော့ပေါ့ပေးနိုင်မည် ဟု မျှော်မှန်းထားပါသည်။(အယူခံတင်ရန် အချိန် ၁ လ ပေးအပ်ထားကြောင်း သိရပါသည်။ ၁ ပတ်အတွင်းမဟုတ်ဘဲ ၁လ အတွင်း အယူခံတင်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။) (၄) ထို့နောက် ထိုင်းနိုင်ငံ၏ တရားလွှတ်တော်သို့ ပြစ်ဒဏ်လျှော့ပေါ့ပေးရေးအတွက် ဆက်လက်၍ အယူခံဝင်နိုင်ရေး ဆောင်ရွက်ပါမည်။ အဆိုပါအယူခံတွင် ပြစ်ဒဏ်များ ဆက်လက်၍ လျှော့ပေါ့ပေးနိုင်မည် ဟု မျှော်မှန်းထားပါသည်။ (၅) ၄င်းနောက် လိုအပ်လျှင် ထိုင်းဘုရင့်ကောင်စီသို့ ဆက်လက်၍ တင်ပြကာ ပြစ်ဒဏ်သက်သာခွင့် အယူခံတင်ပြခြင်းများ ဆက်လက် ဆောင်ရွက်ရပါမည်။ ဤသို့ တင်ပြရာတွင် ပြစ်ဒဏ်များ ဆက်လက် လျှော့ပေါ့ပေးနိုင်မည် ဟု မျှော်မှန်းထားပါသည်။ တင်ပြပါ အဆင့်များမှာ ထိုင်းနိုင်ငံ တရားစီရင်ရေးနှင့် ဥပဒေကြောင်းအရ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဖြစ်ပါသည်။ မြန်မာနိုင်ငံအစိုးရ၊ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသံရုံးတို့အနေဖြင့် ဤအမှုတွင် စတင် ဖမ်းဆီးခြင်း ခံရပြီးနောက်ပိုင်း ဥပဒေပညာရှင်များ၊ ကိုကျော်သောင်း၊ ကိုအောင်မျိုးသန့်၊ ကိုထူးချစ် တို့ကဲ့သို့သော CSO များနှင့် အနီးကပ် ညှိနှိုင်းတိုင်ပင်ပြီး ဥပဒေကြောင်းအရ ရသင့်ရထိုက်သော အခွင့်အရေးများ၊ ဥပဒေအကာအကွယ်များ၊ တရားရုံးအခွင့်အရေးများ ရရှိစေရန် စဉ်ဆက်မပြတ်ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်သမ္မတကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့အနေဖြင့် ထိုင်းဝန်ကြီးချုပ် အပါအဝင် ထိုင်းနိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံသည့်အခါတိုင်း ဤအမှုနှင့်ပတ်သက်၍ တရားဥပဒေကြောင်းအရ မှန်မှန်ကန်ကန် ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံ ပြောကြားမှုများ ဆောင်ရွက်ခဲ့ပါသည်။ အလားတူ အမျိုးသားလွှတ်တော်ဥက္ကဌအနေဖြင့်လည်း ထိုင်းလွှတ်တော်သို့ မေတ္တာရပ်ခံလွှာ ပေးပို့ခဲ့သလို အာမခံရရှိစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍လည်း ထိုင်းနိုင်ငံ၏ အချုပ်အခြာအာဏာပိုင်မှု၊ လွတ်လပ်သော တရားစီရင်မှု၊ နှစ်နိုင်ငံအစိုးရနှင့် နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုကို မထိခိုက်စေဘဲ သံခင်းတမန်ခင်းအရလည်း ထိထိရောက်ရောက် လုပ်နိုင်သမျှ၊ လုပ်လို့ရသမျှ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

လူမသတ်ရင်မဒိန်းမှုလဲမမြောက်ဖူး



ပေါက်တူးပေါ်ကဒီအန်အေက၀င်းနဲ့ ဇော်ရဲ့ ဒီအန်အေမဟုတ်ဖူးလို့လူ့ အခွင့်အရေး အဖွဲ့ ဖက်ကစစ်ဆေးရရှိ
ထားတဲ့ကြားကသေဒါဏ်ချလိုက်တာပါ။လူမသတ်ရင်မဒိန်းမှုလဲမမြောက်ဖူး၊ အမှုတခုလုံးကအပေါက်အပြဲတွေ
နဲ့ လို့ လူ့ အခွင့်အရေးအဖွဲ့ ကပြောတယ်..၀င်းနဲ့ ဇော်တို့ ဒီအန်အေကိုယူပြီးပြန်လွှတ်တယ်.အန်နားကိုယ်မှာ
တွေ့ တယ်ဆိုပြီး၂ပါတ်ကြာမှပြန်ဖမ်းတယ်။မဖမ်းခင်ရဲကသံသယဖြစ်တဲ့ဓါတ်ပုံတွေထုတ်ပြန်တာမှာဝင်းနဲ့ 
ဇော်မပါပါဖူး..အန်နားကိုယ်ထဲကဒီ အန်အေအတွက်စစ်ဆေးခွင့်တောင်းတာခွင့်မပြုခဲ့ဖူး။ဒေးဗစ်မိသားစုတက်
ရောက်ပြီးသက်သေခံအထောက်အထားနဲ့ ပါတ်သက်ပြီးကျေနပ်ကြောင်းပြောကြားပေမယ့်အန်နားမိသားစုက
တက်ရောက်ခြင်းမရှိသလိုဒီဖြစ်စဉ် တွေအတွက်ပြောဖို့ အချိန်ယူရအုံး မယ်လို့ ပဲပြောတယ်..လူ့ အခွင့်
အရေး အဖွဲ့ ကပွင့်လင်းမြင်သာပြီးပါဝင်စစ် ဆေးခွင့်ရဖို့ တောင်းဆိုထားပါတယ်။ဝင်းနဲ့ ဇော်ကိုရဲက
နည်းမျိုးစုံနဲ့ နှိပ်စက် ပြီးဝန်ခံခိုင်းတာကိုတန်ပြန်တရားစွဲဆိုထားတာကိုတရားသူကြီးကအရေးမကြီးဖူး
ဆိုပြီးပလပ်ခဲ့တယ်...ဒေးဗစ်ကို ကမ်းခြေမှာသတ်တယ်ပြီးတော့မှ အန်းနားကိုအဓမ္မပြု ပြီးသတ်တယ်လို့ 
ဆိုတာတကယ်တော့ဖြစ်နိုင်ချေမရှိပါဖူး။အခုပဲလူသတ်မိတဲ့လူတယောက်ဟာအများပိုင်နေရာတခုမှာနောက်ထပ်
မိန်းကလေးတယောက်ကိုအဓမ္မပြု ချင်စိတ်ရှိမရှိဆိုတာစဉ်းစားစရာပါ။ဒါမျိုးကအငြိုးနဲ့ လက်စားချေသူတွေ
ပဲလုပ်နိုင်တာပါ။
ရှောင်နဲ့ ဒေးဗစ်ခန္ဒာကိုယ်ပေါ်ကဒါးလက်စွပ်အရာတွေက၀င်းနဲ့ ဇော်ပတ်သက်မှုမရှိပါဖူး။တပြိုင်ထဲတိုက်
ခိုက်ခံရပေမယ့်ရှောင်ကလွတ်သွားပြီးနောက်ပိုင်းစက်ဘီးလဲလို့ ဖြစ်တာဆိုပြီးထွက်ဆိုစေခဲ့တယ်။
ဘယ်သူသတ်တယ်ဆိုတာရှောင်သိမှာပါ။ခရီးသွားလုပ်ငန်းမထိခိုက်အောင်ထိုင်းအစိုးရကလိန်
စေ့ငြမ်းဆင်တာဒီတခုထဲမဟုတ်ဖူးလို့ လဲဘန်ကောက်ပို့ စ်မှာရေးထားတယ်။ အယူခံဝင်မှာဖြစ်ပြီးစုစုပေါင်း
၅၀၀နီးပါးသေဒါဏ်ချထားတာရှိပေ မယ့်၂၀၀၉ခုနှစ်နောက်ပိုင်းမှာကွပ်မျက်တာတော့မရှိပါဖူး.
(ကိုးကား ...ဘန်ကောက်ပို့ စ်)

တရားခံအစစ်တွေကို ဖမ်းမိမယ်လို့ မျှော်လင့်ပါတယ်



ထိုင်းနိုင်ငံ လိပ်ကျွန်းက လူသတ်မှုနဲ့ ပတ်သတ်ပြီး
စာတွေ လိုက်ဖတ်ကြည့်တဲ့အခါ..
ခု ထိုင်းအစိုးရက အတည်ပြု ဖော်ထုတ်ထားတဲ့ လူသတ်တရားခံ
မြန်မာလူမျိုးကောင်လေးနှစ်ယောက်က တစ်ကယ့်အစစ် တရားခံ မဟုတ်ဘူးဆိုတာ
သေချာသည်ထက် သေချာလာတာကို တွေ့ရတယ်
ဖြစ်စဉ်ကို အကျဉ်းချုံးပြောရမယ်ဆိုရင်
Full Moon Day Night မှာ တိုးရစ်တွေ အဲဒီ ကမ်းခြေမှာ
တစ်နည်းအားဖြင့် ကမ်းခြေက ဘားတွေ ကလပ်တွေမှာ သောက်ကြစားကြတယ်
အဲဒီမှာ AC Bar လို့ ခေါ်တဲ့ ဘားမှာ ..ဒေးဗစ်နဲ့ ဟမ်နာ ဆိုတဲ့ ဗြိတိန်စုံတွဲ
 နှစ်ယောက်လည်း သူတို့ သူငယ်ချင်းတွေနဲ့ သောက်ကြစားကြတယ်
(ပုံ၁ - မှာ စားသောက်ဆိုင်မှာ သောက်နေကြတဲ့ ပုံကို တွေ့ရပါမယ်..
အဲဒီပုံမှာ .. ဟမ်နာရဲ့ ဖုန်းကို တွေ့ရမှာ ဖြစ်ပြီး ..
လူသတ်မှု ဖြစ်ပြီးတဲ့နောက်မှာ ... ထိုင်းဝန်ကြီးချုပ်က ဟမ်နာရဲ့ ဖုန်းကို
 မြန်မာလူမျိုး ကောင်လေးနှစ်ယောက် အခန်းမှာ တွေ့တယ်လို့ ဆိုခဲ့ပေမယ့် ..
တစ်ကယ်တမ်းကျ ဟမ်နာ့ဖုန်းက သူငယ်ချင်းမဆီမှာ ကျန်နေခဲ့ပြီး ..
အဲဒီဖုန်းကို သူမ သူငယ်ချင်းကလဲ ထိုင်းရဲတွေဆီမှာ လာရောက်အပ်နှံခဲ့ပြီး ဖြစ်ပါတယ်)

အဲဒီဆိုင်မှာ သောက်စားကြပြီး မျက်မြင်တစ်ချို့ရဲ့ အပြောအရ ဒေးဗစ်တို့ စုံတွဲနဲ့
 ဘားက လူတစ်ချို့နဲ့ စကားများ ရန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်
ပြီးတော့ ..ည ၂ နာရီမှာ ဒေးဗစ်တို့ စုံတွဲ ဘားကနေ ထွက်လာပါတယ်
သူတို့ သူငယ်ချင်း ဗြိတိန်သား Mr. Sean
ဆိုသူတစ်ယောက်ပါလာပြီး ..ကမ်းခြေမှာ ဂီတာ တီးကြပါတယ်
အဲဒီမှာ .. ဘားက စကားများခဲ့တဲ့ ကိတ်စကို မကျေနပ်တဲ့ ထိုင်းလူဆိုးတစ်သိုက် ..
ဖြစ်နိုင်ချေ နှစ်ယောက် သုံးယောက် ရောက်လာပြီး ဒေးဗစ်တို့ သုံးယောက်နဲ့ တိုက်ခိုက်ကြတယ် ဆိုတာကို ပုံ ၂ မှာ ..
သွေးစွန်းနေတဲ့ ဂီတာရယ် .. လက်နဲ့ ခြေထောက်တွေမှာ ဒဏ်ရာရထားတဲ့Mr. Sean ရဲ့ ဓါတ်ပုံတွေကို
 ကြည့်ရင် သိနိုင်ပါတယ်

အဲဒီနောက်မှာMr. Sean ဟာ ကမ်းခြေကနေ ထွက်ပြေးလွတ်မြောက်လာပြီး
သူ့ ဖေ့ဘုတ်မှာ ... ထိုင်းမာဖီးယား လူဆိုးတွေက သူ့ကို လိုက်သတ်ဖို့ ကြိုးစားနေပါတယ်လို့ ဖွင့်ဟ ခဲ့တာကို ..
ပုံ ၃ မှာ မြင်ရပါလိမ့်မယ်
(Mr.Sean ဟာ နောက်ပိုင်းမှာတော့ သူ့ အသက်အနရယ်အတွက်
အမှန်တရားကို မျက်ကွယ်ပြုပြီး ...ထိုင်းတွေရဲ့ အလိုအတိုင်း . အဖြစ်မှန်တွေကို လိမ်လည်ထွက်ဆိုခဲ့ပုံရပါတယ်....
သူ့မှာ ရထားတဲ ဒဏ်ရာတွေက
စက်ဘီးမှောက်လို့ ရတာပါလို့ .. ထွက်ဆိုသွားခဲ့ပြီး ရန်ပွဲကို ဖျောက်ပြစ်ခဲ့ပါတယ်)
အဲဒီအဖြစ်အပျက်တွေကို ပိုသေချာတဲ့ အချက်အပြင်
မြန်မာ လူမျိုး ကောင်လေးတွေ မသတ်ဘူး ဆိုတာကို ဖော်ပြပေးမယ့်
အဓိက အချက်အဖြစ်
သေဆုံးသူ ဒေးဗစ်ရဲ့ အလောင်းကို စစ်ဆေးတဲ့ အချိန်မှာ ..
ဦးခေါင်း တစ်ဝိုက် မျက်နှာပြင်တွေမှာ .. တစ်လက်မအရွယ်ရှိတဲ့ ဓါးကို အသုံးပြုထားတဲ့
ဒဏ်ရာ ဒဏ်ချက်တွေကို တွေ့ရတာပါပဲ

ထို ဒဏ်ရာများ နည်းတူ ရန်ပွဲက လွတ်မြောက်လာတဲ့ Mr. Sean ရဲ့ လက်နဲ့ ခြေထောက်တွေမှာ
 ပုံစံတူ တစ်လက်မ ဓါးအသုံးပြုထားတဲ့ ဒဏ်ရာတွေကို တွေ့နိုင်ပါတယ်
ဒါကြောင့် ပေါက်တူးကို အသုံးပြုပြီး သတ်ခဲ့ပါတယ်ဆိုတဲ့ ထိုင်းရဲတွေရဲ့ မြန်မာလူမျိုးကောင်လေးတွေအပေါ်
 စွပ်စွဲထားတဲ့ အချက်တွေက မှားယွင်းနေတာ သိသာလာပါတယ်
ပုံ ၄ မှာ ကြည့်ပါ ပေါက်တူးကြောင့် မဟုတ်ပဲ ... တိုက်ခိုက်မှုမှာ သေချာကျွမ်းကျင်အောင် လေ့ကျင့်ထားတဲ့
ထိုင်း မာဖီးယား လူဆိုးတွေရဲ့ ... တစ်လက်မ ဓါး နဲ့ တိုက်ခိုက်မှုကြောင့်
ဒေးဗစ်တို့ စုံတွဲ သေဆုံးခဲ့ရတာကို ရှင်းလင်းစွာ နားလည်သွားပါလိ့မ်မယ်
ဒါကို ထိုင်းအစိုးရအနေနဲ့ ... ထိုင်းလုပ်ငန်းရှင် မာဖီးယားဂိုဏ်းတွေက
လာဘ်ငွေတွေ ရယူပြီး .. တစ်ကယ့် လူသတ်တရားခံတွေကို မျက်နှာလွှဲကာ
မြန်မာလူမျိုး မလည်မ၀ယ် ကောင်လေးတွေကို တရားခံအဖြစ် လွှဲချခဲ့တာပဲ ဖြစ်ပါတယ်
စတိုးဆိုင်ကနေ ဖမ်းမိတဲ့ ပုံရိပ်တွေအရ
သူတို့တွေက အခင်းဖြစ်ပွားရာ နေရာနဲ့ မီတာ အနည်းငယ် ကွာဝေးတဲ့နေရာမှာ ရှိခဲ့ပေမယ့်
ဒေးဗစ်တို့ စုံတွဲကို ကျူးလွန်ခဲ့တဲ့ မုဒိန်းမှု လူသတ်မှုတွေမှာ ပါဝင်ပါတ်သတ်မှု လုံးဝမရှိဘူးဆိုတာကို ကျွန်တော်တော့ ယုံတယ်ဗျာ
ဒီအမ်အေ စစ်တာ တူနေတာတို့ ... သူတို့ ကိုယ်တိုင်က ၀န်ခံတယ် တို့ ဆိုတာက
ရဲတွေက မိမိ လက်ခုပ်ထဲကရေ မှောက်လိုမှောက် လှန်လိုလှန်
လုပ်ချင်သလို လုပ်လို့ရတဲ့ အရာမို့ .. အတည် ယူ လို့ မရ ပါဘူး
တစ်ကယ်တမ်းသာ သူတို့ သတ်ခဲ့ရင်လဲ ... သူတို့ အပြစ်နဲ့ သူတို့ ဘာမှ မပြောလိုပေမယ့် ..
ခုလို လိုက်လေ့လာကြည့်တဲ့အခါကျတော့ မင်္သကာစရာအချက်တွေနဲ့
မဖြစ်နိုင်ဘူးဆိုတဲ့ အချက်တွေက ပိုပြီး ခိုင်မာလာတဲ့အတွက်......

တရားကို နတ်စောင့်ပါတယ်..
ရာဇ၀တ်ဘေး ပြေးမလွတ်ပါဘူး .. တရားခံအစစ်တွေကို ဖမ်းမိမယ်လို့ မျှော်လင့်ပါတယ်

(ဆရာ ကြယ် )

ဒီထဲမှာတရားခံအစစ်ရှိတယ်