Saturday, July 25, 2015

ဆိုက်ကားနင်းပြီး ချမ်းသာတဲ့သူကိုတော့ ကျွန်မလည်း မတွေ့ဖူးသေးဘူး ...

ဒေါ်အောင်ဆန်းစုကြည်ပို့တဲ့ လွမ်းသူ့ပန်းခြင်းမှာ လီလီပန်းတွေနဲ့


White Madonna lily အပြစ်မဲ့ခြင်းကို ပြန်လည်ရရှိပါစေ
မနေ့ကကွယ်လွန်သွားသူတဦးအတွက် ဒေါ်အောင်ဆန်းစုကြည်ပို့တဲ့ လွမ်းသူ့ပန်းခြင်းမှာ လီလီပန်းတွေနဲ့ဖြစ်တယ်။ ကွန်မင့်ရေးသူတွေကလည်း ကောင်းကောင်းသတိထားမိကြတယ်။
Lilies လီလီပန်းသမိုင်းက ဘီစီ ၁၅၈ဝ ကတည်းကနေစတယ်။ Crete ခရိကျွန်းမှာ ရှေးဟောင်းဂရိဒဏ္ဍာရီထဲမှာပါတယ်။ ဂရိစာလုံး Leiron ကနေလာတယ်။ White Madonna lily အဖြူရောင်မက်ဒိုနာလီလီပန်းကို ဆိုလိုပါသတဲ့။ နတ်ဘုရားတွေရဲ့ ဘုရင်မ Hera ဟီရာရဲ့ နို့ရည်ကနေလာတယ်လို့ ဖွဲ့ဆိုပါတယ်။ မေလရဲ့ပန်းနဲ့ နှစ် (၃ဝ) ပတ်လည် မင်္ဂလာနေ့ပန်းလို့လည်း သတ်မှတ်ထားတယ်။
Virgin Mary အပျိုစင်မေရီကို အမွှမ်းတင်ပြီး Chastity ဗြဟ္မစရိယအကျင့်နဲ့ Virtue သူတော်ကောင်းတရားလို့လည်း အဓိပ္ပါယ်ဖွင့်ပါတယ်။
နောက်ပိုင်းမှာ လီလီပန်းကို အသုဘအတွက်သုံးလာကြပါတယ်။ သေဆုံးပြီးနောက်မှာ Restoration of innocence အပြစ်မဲ့ခြင်းကို ပြန်လည်ရရှိပါစေလို့ ဆိုလိုတာဖြစ်ပါတယ်။
Lilies symbolize that the soul of the departed has received restored innocence after death.
ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၅
video

မြန်မာမှာ၃ဘီလျံကျော်ချမ်းသာသူအယောက်၄၀ကျော်ရှိ


မြန်မာပြည်သူတွေ ဘာလို့ ဆင်းရဲလဲ။ မြန်မာပြည်ကြီး ဘာလို့ ကမ္ဘာမှာ ကြွေးမြီတွေ ဘီလီယံပေါင်းများစွာ တင်နေပါသလဲ။ အဖြေက ရှင်းပါတယ် အခု အယောက်၄၀ကို ၃ဘီလီယံနဲ့ပဲ မြှောက်ကြည့်ပါ။ ဒေါ်လာဘီလီယံပေါင်း ၁၂၀ရှိနေတာပါ။ မြန်မာပြည်မှာ ရှိသမျှ နိုင်ငံတကာ အကြွေးတွေကို ဆပ်လိုက်ပါဦး ဘီလီယံ၂၀ မရှိပါဘူး။

ခိုင်းနှိုင်းသူကတရားသူကြီး ခံရသူကသမ္မတကြီး အပြစ်ရသူက မြန်မာသံတော်ဆင့်။

လူကုန်ကူးမှုဖြင့် တရုတ်နိုင်ငံသားသုံးဦးကို ပထမဆုံးအကြိမ် ဖမ်းဆီးအရေးယူ


===================================================
ရန်ကုန်မြို့သို့ လာ ရောက်ကာ မြန်မာအမျိုးသမီးများ အား လက်ထပ်ခေါ်ဆောင်ရန်
စီ စဉ်နေသော တရုတ်နိုင်ငံသား သုံးဦးကို လူကုန်ကူးမှုဖြင့် ပထမ ဆုံးအကြိမ် ဖမ်းဆီးခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့မှ ရဲမှူးရဲဝင်းအောင်
က ပြောသည်။
နယ်စပ်တွင် တရုတ်နိုင်ငံ သားများကို လူကုန်ကူးမှုဖြင့် အမှုဖွင့်ထားသည်များ
ရှိသော်လည်း ထွက်ပြေးတိမ်းရှောင်ခြင်း၊ ပြစ်မှုကျူးလွန်သူကို မသိရှိခြင်းတို့ ကြောင့် လက်ရဖမ်းဆီးနိုင်ခဲ့ခြင်း မရှိကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။
တရုတ်နိုင်ငံသား သုံးဦး သည် အိမ်ထောင်ရှိသောအမျိုး သမီးအပါအ၀င် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းမှ အသက်(၁၉) နှစ်အရွယ်နှင့်အသက်(၁၄)နှစ်
အရွယ် အမျိုးသမီးတို့ကို လက်ထပ်စာချုပ်ချုပ်ဆို၍ တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွား
ရန် စီစဉ်နေစဉ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ နယ်တွင်
နေထိုင်သော ဇနီးမောင် နှံသည် တရုတ်နိုင်ငံသား သုံးဦး ကို ရန်ကုန်မြို့သို့
ခေါ်ဆောင်လာ ပြီး မြန်မာအမျိုးသမီးသုံးဦးနှင့် လက်ထပ်စာချုပ်စာတမ်းပြုလုပ် ၍ တရုတ်နိုင်ငံသို့ ခေါ်ဆောင်ရန် စီစဉ်ခြင်း ဖြစ်သည်။
‘‘သူတို့က အရင်ကလည်း ဒီလိုပြစ်မှုမျိုး ကျူးလွန်ခဲ့ဖူးတယ် လို့ သိရတယ်။ ရန်ကုန်မြို့
မှာ ဒါ မျိုးလုပ်တာ ရှိချင်လည်း ရှိနေ နိုင်တယ်။ အခုကတော့ ပထမ ဆုံးအကြိမ်
ဖမ်းမိတာပဲ။ သူတို့ တွေက ဗီဇာနဲ့တော့ တရားဝင်ပုံစံဝင်လာပြီး ဘယ်လို
လမ်းကြောင်းကနေ ၀င်လာတယ်ဆိုတာ စစ်ဆေးနေတုန်းပဲ။ စစ်ဆေးပြီးရင်တော့
ဖြစ်စဉ်ကို တင်ပြပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ တရုတ်နိုင်ငံကို ဆက်သွယ်ဖို့ လုပ်မှာပါ’’ဟု ရဲမှူးရဲဝင်းအောင်က ပြောသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၂ ရက် ည ၁၀ နာရီခန့်က ကြည့်မြင်တိုင် မြို့နယ် သီတာ
ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးသည် အိမ်ထောင်ရှိသော အသက် (၂၀)နှစ်အရွယ်သမီးဖြစ်သူကို တရုတ်နိုင်ငံသားတစ်ဦးထံဇနီးမယားအဖြစ်
ရောင်းချသဖြင့်ရပ်ကွက်နေ ပြည်သူများက ရဲတပ်ဖွဲ့ထံသို့ အ ကြောင်းကြား
ခဲ့သည်။ရဲတပ်ဖွဲ့ဝင်များက လိုက်လံ စုံစမ်းစစ်ဆေးရာ ကြည့်မြင်တိုင် မြို့နယ် ကမ်းနားလမ်းရှိ တိုက်ခန်းခြောက်လွှာတွင် ကွတ်ခိုင်မြို့မှ ဇနီးမောင်နှံနှင့်
တရုတ်နိုင်ငံ သားနှစ်ဦးကို အခြားမြန်မာအမျိုးသမီးနှစ်ဦးနှင့်အတူ တွေ့ရှိ
ခဲ့သည်။
၎င်းတို့ကို ဆက်လက်စစ် ဆေးရာ လှိုင်မြို့နယ် ရွာမကွေ့ အနီးရှိ Silver Moon
Hotel တွင် တည်းခိုနေသော အသက် (၂၀) နှစ်အရွယ် အိမ်ထောင်ရှိ အမျိုး သမီး
ကို တရုတ်နိုင်ငံသားတစ်ဦး နှင့် စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့က
ဆိုသည်။
‘‘သူတို့ကို လူကုန်ကူးမှုနဲ့ ဖွင့် ပြီး အရေးယူထားတယ်။ တရားစွဲ ပြီး တရားရုံးမှာ
ရုံးတင်စစ်ဆေး မယ်။ ဘယ်နိုင်ငံသားပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံထဲမှာ ကျူးလွန်
လို့ ကျွန်တော်တို့ဥပဒေနဲ့ အရေး ယူမယ်။ အစိုးရအချင်းချင်း ဘယ် လိုပဲ ညှိနှိုင်း
တာဖြစ်ဖြစ် တရားရုံး မှာ ရှင်းရမှာပဲ’’ဟု ကြည့်မြင်တိုင် မြို့မရဲတပ်ဖွဲ့မှူးရဲမှူး
စိုးသင်းက ပြောသည်။
‘‘ပိုက်ဆံ ကျပ် ၁၅ သိန်း ပေးပြီး ရွှေတွေ အရင်ဝယ်ဆင်ပေးထားတယ်။ တရုတ်
နိုင်ငံကို ခေါ်သွားတဲ့ အချိန်ကျရင် မိဘတွေ ကို ကျပ်သိန်း ၃၀ ထပ်ပေးမယ်လို့
ပြောထားတယ်။ တကယ်ပေး၊ မပေးတော့ မသိဘူးပေါ့။ အခုလို ဖမ်းမိလိုက်တော့’’
ဟု ရဲမှူးရဲဝင်း အောင်က ပြောသည်။
မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများက ဇနီး မယားအဖြစ် ပေါင်းသင်းရန်
လူကုန်ကူးမှုများ နယ်စပ်ဒေသများ တွင် ဖြစ်ပွားလေ့ရှိသော်လည်း တရုတ်နိုင်ငံသား
များကို ဖမ်းဆီး ရမိမှု မရှိခဲ့ဘဲ ယခုအခါ ရန်ကုန် မြို့တွင် မြန်မာအမျိုးသမီးများကို လာရောက် ခေါ်ဆောင်သော တရုတ်နိုင်ငံသားများကို ပထမဆုံးအကြိမ် ဖမ်းမိ
ခဲ့ခြင်း ဖြစ်သည်။တရုတ်နိုင်ငံသားသုံးဦးကို ထောင်ဒဏ် ၁၀ နှစ်မှ အနှစ် ၂၀
အထိ ချမှတ်နိုင်သော လူကုန်ကူးမှု ပုဒ်မ ၂၄ ဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်းက
ဇူလိုင် ၂၃ ရက်တွင်အမှုဖွင့် လိုက်ကြောင်း ရဲမှူးရဲဝင်းအောင်က ပြောသည်။
သတင်း-သန်းဌေး( 7 Day )
ဓါတ်ပုံ-Law Black.


ရန်ကုန်မြို.လယ်က တရုပ်လူမျိုးကျူးကျော်သူတွေရဲ.လူကုန်ကူးမှုသတင်းအပြည့်အစုံ
===================================================
သမီးကို တရုတ်နိုင်ငံသားထံ ဇနီးမယားအဖြစ်ရောင်းစားမှု တာဝန်သိပြည်သူတို့က ကြည့်မြင်တိုင်ရဲစခန်းသို့ တိုင်ကြား ။
-------------------------------------------------------------------------------
ဇူလိုင် ၂၂ ရက် ည ၁ဝ နာရီခန့်က ကြည့်မြင်တိုင်မြို့နယ် သီတာရပ်ကွက်၊ ကုက္ကိုလမ်း အမှတ် (၆/ခ) တွင် နေထိုင်သူ ဒေါ်စန်းထွေးသည် သမီးဖြစ်သူ မယုယုထွေး (၂ဝနှစ်) ကို တရုတ်နိုင်ငံသားတစ်ဦးထံ ငွေကျပ် သိန်း ၃ဝ ဖြင့် ဇနီးမယားအဖြစ် ရောင်းချ ခဲ့ကြောင်း ယင်းရပ်ကွက်နေ တာဝန်သိ ပြည်သူ အချို့က ကြည့်မြင်တိုင်မြို့မရဲစခန်း သို့ ဖုန်းဖြင့် တိုင်ကြားခဲ့သည်။
တိုင်ကြားချက်အရ တာဝန်မှူး ရဲအုပ် စိုးကျော်စွာနှင့်အဖွဲ့သည် ဒေါ်စန်း ထွေးအား ကြည့်မြင်တိုင်မြို့မရဲစခန်းသို့ ခေါ်ယူမေးမြန်းခဲ့သည်။ဒေါ်စန်းထွေး၏ ထွက်ဆိုချက် အရ သမီးဖြစ်သူနှင့် လက်ထပ်မည့် တရုတ် နိုင်ငံသားမှာ ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်းမြောက် အနောက်ရပ်ကွက် ကမ်းနားလမ်း အမှတ် (၂၃၂/၆)လွှာတွင် တည်းခိုနေထိုင်ကြောင်းသိရ၍ ယင်းနေရာသို့ သွားရောက်ရှာဖွေခဲ့ရာ မယုယုထွေး အား တွေ့ရှိခြင်းမရှိသော် လည်း ၄င်းနေအိမ်တွင် မလှလှမိုး၊ မအေးသန္တာ၊ မအေးအေးသန်းနှင့် တရုတ် နိုင်ငံသားများ ဖြစ်ကြသော JIANG DIAPFANG XU၊ GAOREN, SHAO HUA-SHENG တို့ကို တွေ့ရှိခဲ့၍ ရဲစခန်းသို့ ခေါ်ယူမေးမြန်း ခဲ့သည်။
မေးမြန်းချက်အရ မယုယုထွေး တည်းခိုရာ လှိုင်မြို့နယ် ရွာမကွေ့အနီးရှိ Silver Moon Hotel သို့ ဆက်လက်ရှာဖွေခဲ့ရာ မယုယုထွေးအား ၄င်းနှင့် လက်ထပ် မည့် တရုတ်နိုင်ငံသား XU-ZHANGYU နှင့်အတူ တွေ့ရှိရ၍ ရဲစခန်းသို့ခေါ်ယူ စိစစ်မှုများပြုလုပ်ခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဇူလိုင် ၂၃ ရက် နံနက် ၈ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး အမှတ် (၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စု (ရန်ကုန်) မှ ဒုတိယရဲမှူး မျိုးသိန်းနှင့်အဖွဲ့က လာရောက်စစ်ဆေးမှုများ ပြုခဲ့သည်။
ဆက်လက်စစ်ဆေးနိုင်ရန်အတွက် ယင်းနေ့မှာပင် တရုတ်နိုင်ငံသားလေးဦး၊ မြန်မာအမျိုးသားတစ်ဦး၊ မြန်မာအမျိုးသမီး ကိုးဦးနှင့်အတူ စာရွက်စာတမ်းများ ကို ကြည့်မြင်တိုင်မြို့မရဲစခန်းမှ အဆိုပါ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုသို့ လွှဲပြောင်း ပေးအပ်ခဲ့သည်။
ရဲစခန်းအနီးတွင် ရောက်ရှိနေသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး တို့က ''အခုရောင်းစားခံရတဲ့ သမီးလေးက အိမ်မှာရှိတဲ့ အိမ်အကူမိန်းကလေးက လာပြောရာက သိခဲ့ရတာပါ။ သူတို့က ဒီကနေ့မနက် ထွက်သွားတော့မှာ။ သားသမီးချင်းကိုယ်ချင်းစာပြီး အချိန်မီအောင် ညကတစ်ညလုံး ရဲစခန်းကို သတင်းပေးခဲ့တာပါ''ဟု မီဒီယာများသို့ ရှင်းပြခဲ့သည်။
ဘော်ဂါသွေး ( Myanmaalinn )
Democracy Today