Saturday, July 18, 2015

ရေဘေးဒုက္ခသည်စာရင်းလုပ်နေတာ


ပ မင်းမြင်ဆည်ကြောင့်တက်လာတဲ့ရေတွေပါ။ကျွန်းလှမြို့နဲ့မင်းမြင် ၄မိုင်၅မိုင်လောက်
ဝေးကွာပေမယ့်၊ စစ်အစိုးရလက်ထက်မှာ ဆည်တွေဆောက်ချင်သလို တည်ဆောက်
ခဲ့တာကြောင့် ယခုလို မိုးကြီးပြီး မခိုင်ခံတဲ့ ဆည်ကျိုးကျသောအခါ
ကျွန်းလှတစ်မြို.လုံး ရေလွှမ်းမိုးခြင်းဒဏ်ကို ပြည်သူတွေခံစားနေကြရပုံပါ။
သတင်းဓါတ်ပုံ-Hlaing Myint Htoon.

NLD ကနေ ရွေးကောက်ပွဲဝင်မည့်ငြိမ်းပွင့်စာရင်း

ဒေါက်တာညိုညိုသင်း(NLD)ကိုယ်စားပြု ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထား



********************************************************************
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဒေါက်တာညိုညိုသင်းသည် လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြု၍ ဗဟန်းမြို့နယ်မှယှဉ်ပြိုင်ရန်ပါတီသို့ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခွင့်လျှောက်ထားလိုက်ပြီ ဖြစ်ကြောင်းသတင်းရရှိသည်။
လာမည့်ရွေးကောက်ပွဲသည် တိုင်းပြည်အတွက်အလွန်အရေးကြီးသော အချိန်အခါဖြစ်ပြီးဒီမိုကရေစီအင်အားစုများစုစည်းညီညွတ်မှုအားကောင်းစေရန် ရည်ရွယ်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သို့ပါတီဝင်အဖြစ် ဝင်ရောက်ကာရွေးကောက်ပွဲယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု 7Day News အား အတည်ပြုပြောကြားသည်။
"မဲဆန္ဒရှင်တွေအချို့ကတော့ ဒီလိုပါတီဝင်ရောက်လိုက်တဲ့အတွက် အရင်လိုပြောနိုင်ဆိုနိုင် မရှိတော့မှာကို စိုးရိမ်နေကြတယ်။ ကျွန်မအနေနဲ့ ကိုယ်ပိုင်လက္ခဏာဖြစ်တဲ့ အစိုးရကို ထိန်းကြောင်းထောက်ပြမှုတွေက ဆက်ရှိနေမှာပါ။ဒါကိုကတိပေးပါတယ်"ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။
.
Credit : 7Day News Journal

သေခြင်းကပိုကောင်းတယ်လို့ ခံယူခဲ့လေသလား

ပထမဆုံးဖိနပ်စီးပြီးစိန်ဖူးသယ်သောသမ္မတ

NLD မှ စိန်ကောင်းတစ်ပွင့် ထိုက်တန်စွာရရှိခဲ့ပြီ


 ပြည်မြို့အတွက် လွှတ်တော်ကိုယ်စားလှယ် ဝင်အရွေးခံမည့်ဒေါက်တာခင်စိုးစိုးကြည်

ကျွန်တော်ဆယ်တန်းကျောင်းသားဘဝ အမေစု ပေါင်းတလည်ကိုလာတော့ ကျောင်းကဆရာ ဆရာမတွေက တစ်ကျောင်းလုံးဘယ်သူမှမသွားရဘူးဆိုပြီးတားမြစ်ခဲ့ပါတယ် သူတို့ကိုယ်တိုင်လဲမသွားခဲ့ကြပါဘူး ဒါပေမဲ့ကျွန်တော်ကတော့ရောက်အောင်သွားခဲ့ပါတယ် အမေစု ကားတန်းကို ဆိုင်ကယ်နဲ့ လက်ပံတော ရွာကနေသွားကြိုခဲ့ပါတယ် အဖေပေးထားတဲ့ပင်နီလေးဝတ်ပြီးတော့ပေါ့ အမေစု ကားတန်းရှေ့ကနေ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပေါင်းတလည်ကိုဝင်လာတဲ့အချိန်မှာပဲ များပြားလှတဲ့လူအုပ်ကြီးက အမေစု သက်တော်ရာကျော်ရှည်ပါစေ စစ်အာဏာရှင်စနစ်ကျဆုံးပါစေ ဆိုပြီးကြွေးကျော်ခဲ့ကြပါတယ် အမေစု ဟောပြောပွဲ စင်မြင့်ပေါ်တက်လာတဲ့အချိန် မှာပဲ ကျွန်တော်ထင်မှတ်မထားတဲ့ဖြစ်ရပ် ကိုမြင်တွေ့ခဲ့လိုက်ရပါတယ် အဲ့တာကတော့ ကျွန်တော်တို့နယ်မြို့ကလေးကို တိုက်နယ်ဆရာဝန်အဖြစ်တာဝန်ကျခဲ့တဲ့ ဒေါက်တာခင်စိုးစိုးကြည် က လက်ထဲမှာပန်းစည်းကိုကိုင်ပြီးစင်မြင့်အထက်ကအမေစုလက်ထဲကိုယ်တိုင်သွားပေးခဲ့ပါတယ် ကျွန်တော်လည်းအံသြသွားပြီးဆရာမဆင်းလာတာနဲ့ မေးခွန်းထုတ်လိုက်မိပါတယ်
ဒေါက်တာ ကျွန်တော်တို့ကျောင်းကဆရာ ဆရာမတွေကတော့ သူတို့ထမင်းအိုးကွဲမှာစိုးလို့ဘယ်ကျောင်းသားမှမသွားရတဲ့အပြင်သူတို့ကိုယ်တိုင်လဲမလာရဲခဲ့ဘူး ဒေါက်တာရောအလုပ်ပြုတ်မှာမကြောက်ဘူးလားဆိုတော့ ဒေါက်တာပြန်ပြောလိုက်တဲ့စကားက
သားရယ်ဘာလို့ကြောက်ရမှာလဲကွယ် သူတို့ဖြုတ်ချင်လည်းဖြုတ်ပါစေ ကိုယ့်မှာ ပညာရှိနေတာပဲ ကိုယ့်ပညာကိုတော့ ဘယ်သူမှလာဖြုတ်လို့မရပါဘူးကွယ် တဲ့ ကျွန်တော်လေးစားလိုက်တာဒေါက်တာရယ် နောက်မှထပ်သိလိုက်ရတာက ဒေါက်တာအဖေက တပ်မတော်အရာရှိ ဗိုလ်မှူး အငြိမ်းစား တဲ့လေ ဒေါက်တာရဲ့ထူးချွန်ထက်မြက်မူကြောင့်ငယ်ငယ်ရွယ်ရွယ်နဲ့ တိုက်နယ်ဆရာဝန်ကနေ ပြည်ဒုဆေးရုံအုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ရပါတယ် အဲဒီကနေမအူပင်ဆေးရုံအုပ်ကြီးအဖြစ်ရာထူးတိုးပြီး အလုပ်ကနေ ထွက်လိုက်ပါတယ် ယခု ပေါင်းတလည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမေ့နှလုံးသားကျန်းမာရေးကွန်ယက်မှာ တတပ်တအားပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပါတယ်
ဆရာမအားအမြဲလေးစားချစ်ခင်လျက်
ရဲစွမ်း

တပ်မတော်အရာရှိတစ်ဦး၏ ယာဉ်အတွင်းမှဘင်္ဂါလီလေးဦးအားဖမ်းဆီးရမိ

Eleven Media Group


တပ်မတော်အရာရှိတစ်ဦး၏ယာဉ်အတွင်းမှ နယ်စပ်ဖြတ်ကျော်သူဟုယူဆရသူ ဘင်္ဂါလီလေးဦးအား ရခိုင်ပြည်နယ်စပ်နှင့် ပဲခူးတိုင်းအနောက်ပိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ်စပ်ရှိ ညောင်ကျိုးဂိတ်တွင် ဖမ်းဆီးရမိပြီး ပြစ်မှုဆိုင်ရာဥပဒေ၊ လ၀ကဥပဒေများဖြင့် သီးခြားစီ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁၃ ရက်က ရခိုင်ပြည်နယ်အထွက် ရဲဂိတ်တွင် စစ်ဆေးမေးမြန်းမှုကိုလက်မခံဘဲ မောင်းနှင်ထွက်သွားခဲ့သည့် ယာဉ်တစ်စီးအား ဖုန်းဆက်အကြောင်းကြားထားမှုကြောင့် ပန်းတောင်း၊ ခ.မ.ရ (...) ကျောက်တော်မှ ဗိုလ်ကြီးကျော်ဇင်ဟိန်း (ကြည်း .......) နှင့် ယာဉ်မောင်း ဦးဝင်းဌေးမောင်းနှင်လာသည့် ကားပေါ်တွင် နယ်စပ်ဖြတ်ကျော်ဟုယူဆရသူ ဘင်္ဂါလီအမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့ကို ဖမ်းဆီးရမိသဖြင့် ယင်းဂိတ်မှ တာဝန်ကျရဲဝန်ထမ်းက ဥသျှစ်ပင်ရဲစခန်းတွင် လာရောက်အမှုဖွင့်ခဲ့ပြီး ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန လက်ထောက်ဦးစီးကလည်း အမျိုးသားမှတ်ပုံတင်နှင့်ပတ်သက်သည့် အက်ဥပဒေ၊ နည်းဥပဒေများအရ ပန်းတောင်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်တရားစွဲထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းသိရှိရသည်။

"ဖမ်းဆီးရမိတဲ့လေးဦးကို ပြစ်မှုအရ ဖမ်းချုပ်ထားတာကလွဲရင် လူ့အခွင့်အရေး၊ အကျဉ်းသားအခွင့်အရေး အကုန်ပေးပါတယ်။ အခုလည်း ဖမ်းဆီးထားတဲ့အထဲက အမျိုးသမီးတစ်ယောက်က မူးပြီးမောနေတယ်ဆိုလို့ အပြင်မှာ သူ့ကို သက်သက်သာသာထားပေးတယ်။ ဆေးကုသခွင့်လည်းပေးထားပါတယ်။ ဖမ်းဆီးခေါ်ဆောင်လာကတည်းက လ.၀.ကကိုအပ်လိုက်တယ်။ သူတို့ကတစ်ဆင့် တရားရုံးမှာဦးတိုက်လျှောက်ထားပြီး တရားသူကြီးရဲ့ချုပ်မိန့်အရ ဖမ်းဆီးချုပ်ထားတာပါ" ဟု ပန်းတောင်းမြို့မရဲစခန်းမှူး ဦးခင်မောင်ကြည်က ပြောကြားသည်။

ဗိုလ်ကြီးကျော်ဇင်ဟိန်းအား ပြည်မြို့ဒေသကွပ်ကဲမှုစစ်ဌာနချုပ်က လာရောက်ခေါ်ဆောင်သွားခဲ့ပြီး တပ်တွင်းစစ်ဆေးမှုများပြုလုပ်နေကာ ယာဉ်မောင်းဖြစ်သူအား  ပ- ၁၂၆/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၆၇၊ ၃၆၈ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က စုံစမ်းသိရှိရသည်။

"လက်ရှိမှာတော့ သေချာအချက်အလက်နဲ့ မပြောနိုင်သေးပါဘူး။ ကျွန်တော်ကလည်း ပြောင်းလာတာက ဇူလိုင် ၁၄ ရက်က။ ဖမ်းမိတာက ၁၃ ရက်က။ ပြီးတော့ အမှုဖွင့်တာကလည်း လက်ထောက်ဦးစီးက အမှုဖွင့်ထားတာလေ။ လုပ်ထုံးလုပ်နည်းအရတော့ တရားရုံးမှာ ဦးတိုက်လျှောက်တိုင်တန်းတာပါ။ အမျိုးသားမှတ်ပုံတင်နဲ့ပတ်သက်တဲ့ အက်ဥပဒေ၊ နည်းဥပဒေတွေနဲ့ပါပဲ။ နယ်စပ်ဖြတ်ကျော်ခြင်း ရှိ၊ မရှိဆိုတာတော့ စုံစမ်းစစ်ဆေးရဦးမှာပါ" ဟု ပန်းတောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးအောင်ခင်က ပြောကြားသည်။

ဖမ်းဆီးချုပ်နှောင်ထားသည့်သူများ၌ သုံးနှစ်အရွယ်ကလေးတစ်ဦးလည်းပါဝင်ခဲ့ပြီး အဘိုးအဘွားများက လာရောက်ခေါ်ဆောင်သွားခဲ့ပြီဖြစ်ကြောင်း သိရသည်။
Writer:
ဝေလင်း (ပြည်)

မောင်တောမြို့နယ်အတွင်းကျေးရွာများမှ ဆရာမအချို့ မြို့သို့ပြန်



Eleven Media Group

လုံခြုံရေးမရရှိပါက ကျောင်းမတက်ကြရန် မောင်တောမြို့နယ်အတွင်း သတိပေးချက်ထုတ်ပြန်ထားပြီး လုံခြုံရေးနှင့်ဝေးသည့် ကျေးရွာများမှ ဆရာမအချို့နေရပ်ပြန်မှုများရှိနေကြောင်း သတင်းရရှိသည်။

ဆရာဆရာမများနှင့် ကျောင်းအုပ်ကြီးများအနေဖြင့် ကျောင်းတက်ရန်သွားသည့် အခါလုံခြုံရေးများဖြင့် သွားလာကြရန်နှင့် လုံခြုံရေးမရရှိပါက ကျောင်းမတက်ကြရန် ကြိုတင်သတိပေးအကြောင်းကြားစာကို ဇူလိုင် ၁၄ ရက်က မြို့နယ်ပညာရေးမှူးရုံးမှ ထုတ်ပြန်ထားကြောင်း သိရသည်။

တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့တွင် RSO အဖွဲ့နှင့် အကြမ်းဖက်အဖွဲ့များပူးပေါင်း၍ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီလူမျိုးများကို ဥပုသ်ကာလအပြီး ၂၀၁၅ ဇူလိုင် ၁၉ ရက်နှင့် နောက်ပိုင်းကာလများတွင် ဌာနဆိုင်ရာရုံးများနှင့် ရခိုင်တိုင်းရင်းသားများ စုဝေးနေထိုင်သည့်နေရာများ၌ ဖောက်ခွဲရေးလုပ်ငန်းများ၊ အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်သွားရန်နှင့် အောင်မြင်မှုမရှိပါက ဌာနဆိုင်ရာဝန်ထမ်းများအား ခေါင်းဖြတ်လုပ်ကြံသွားရန် ပြင်းထန်စွာတိုက်တွန်းထားကြောင်း၊ သတင်းများထွက်ပေါ်နေခြင်းကြောင့် ယခုလိုသတင်းထုတ်ပြန်ရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

"ဘင်္ဂါလီတွေ ဥပုသ်ထွက်တဲ့ ၁၉ ရက်နဲ့ နောက်ပိုင်းမှာ ဖောက်ခွဲရေးတွေလုပ်မယ်။ ဆရာဆရာမတွေကိုပြန်ပေးဆွဲမယ်ဆိုပြီး သတင်းထွက်လို့ မြို့နယ်ပညာရေးမှူးရုံးကလည်း သတိပေးချက်ထုတ်ထားတာကြောင့် နယ်ကဆရာဆရာမတွေ ပြန်လာတာတွေရှိတယ်" ဟု မောင်တောမြို့နယ် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးမောင်အုန်းကပြောကြားသည်။

ယင်းနှင့်ပတ်သက်၍ မောင်တောမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းလှိုင်က "ကျွန်တော်တို့ဌာနအပါအ၀င် ဌာနအားလုံးကို လုံခြုံရေးသတိပေးတာတွေထုတ်တဲ့အတွက် ကျွန်တော်တို့ကလည်း သွားလာရာမှာ လုံခြုံရေးနဲ့သွားဖို့ ထပ်ပြီးထုတ်ပြန်တာဖြစ်ပါတယ်။ နေရပ်ပြန်ဆိုပြီး သတိပေးတာမဟုတ်ပါဘူး။ အခု အဲဒီအပေါ်မှာ ဆရာ၊ ဆရာမအချို့က မြို့ကိုပြန်တယ်လို့ သတင်းထွက်လာတာကြောင့် ကျွန်တော်တို့က ကျောင်းအုပ်ကြီးတွေကို  ဆရာဆရာမတွေကိုစာမသင်ကြားဘဲ မပြန်စေဖို့ အခုပဲပြောနေတာဖြစ်ပါတယ်။ တောင်ပိုင်းက အင်းဒင်ကျောင်းက ဆရာမတွေပြန်တယ်ကြားလို့မေးတော့ မပြန်ဘူးလို့ ဆရာကြီးကအကြောင်းပြန်တယ်။ နောက်ကြိမ်ချောင်းဘက်က ဆရာဆရာမတွေတချို့ မြို့ပြန်တယ်လို့ကြားတယ်။ အဲဒါကလည်း တချို့တွေသာဖြစ်တယ်။ အားလုံးမဟုတ်ပါဘူး။ အခုအချိန်အထိ ကိုယ့်အလုပ်ကိုပုံမှန်လုပ်နေပါတယ်။ မောင်တောမှာက လုံခြုံရေးအခြေအနေက အမြဲတမ်းသတိထားရတဲ့အနေအထားပါ။ အခုမှမဟုတ်ပါဘူး။ ကျောင်းဖွင့်ကတည်းက တစ်ဦးတစ်ယောက်တည်း မသွားမလာဖို့ ညွှန်ကြားထားတာဖြစ်ပြီး နယ်ခြားစောင့်လုံခြုံရေးလည်းပေးထားပါတယ်။ အခု ရာမဒန်ဥပုသ်ကာလအပြီးပွဲနဲ့နီးလာပြီဆိုရင် ဘင်္ဂါလီကျေးရွာတွေမှာ ကလေးတွေကျောင်းမတက်တာရှိတယ်။ အခုလည်း မနက်ဖြန် စနေ၊ တနင်္ဂနွေဖြစ်လို့ ကိုယ့်အိမ်ပြန်တာလဲဖြစ်နိုင်ပါတယ်" ဟု ပြောကြားသည်။

"ဘာမှတော့မဖြစ်ပါဘူး။ အခု တနင်္လာနေ့ကစပြီး ကျောင်းသားတွေ ကျောင်းကိုမလာတော့ဘူး။ ဒါကြောင့် ဆရာဆရာမတွေလည်း ဘာမှအလုပ်မရှိသလိုဖြစ်နေတယ်။
အခုသတိပေးစာလည်းထွက်တော့ ကျောင်းကိုမသွားဘဲ တချို့က မြို့ပြန်လာတာဖြစ်တယ်။ အခုမြို့ကိုပြန်တာက အားလုံးပြန်လာတာမဟုတ်ပါဘူး။ နယ်မြေစခန်းထဲစုရပ်မှာရှိနေကြပါတယ်" ဟု မောင်တောမြောက်ပိုင်းမှ ဆရာတစ်ဦးကပြောကြားသည်။

နယ်ခြားစောင့်ရဲများအနေဖြင့် ကျောင်းတက်သွားရာတွင် လုံခြုံရေးလိုက်ပေးသော်လည်း စာသင်ကျောင်းများတွင် အမြဲတမ်းလုံခြုံရေးချနေထိုင်ခြင်းမဟုတ်သဖြင့် ဗုံးခွဲ၊ ပြန်ပေးဆွဲနိုင်သည့် သတင်းများကြောင့် မသွားဝံ့မလာဝံ့ဖြစ်နေကြကြောင်း၊ ကျေးလက်တွင် အမြဲတမ်းနေထိုင်ကြရသည့် ကျန်းမာရေးဝန်ထမ်းများအတွက်လည်း စိုးရိမ်ရကြောင်း ကျောင်းဆရာမတစ်ဦးက ပြောကြားသည်။
Writer:
သားရွှေဦး (ကစ္ဆပ)

ကုန်းသီးလှဆွေ

r

မသိလို့..မရှင်းလို့....နား မလည်လို့ မေးပါရစေခင်ဗျာ..။ ဘူးလက်လှဆွေကို ဖေ့ဘွတ်မှာ ““ကုန်းသီးလှဆွေ”” လို့ ပြောင်းခေါ်နေကြတာ ဘာ့ကြောင့်ပါလဲခင်ဗျာ..၊တကယ်ကို မသိလို့နော်...(ဟာဂျူလီ-ကသာ)

Eleven Media Group 



Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်အား လုပ်ကြံခဲ့သူများအနက် နှစ်ဦးအား ဖမ်းဆီးရမိပြီဖြစ်ပြီး ၎င်းတို့ကို လူသတ်ရန် ကြံစည်အားထုတ်မှု ပုဒ်မ ၃၀၇ ဖြင့် ပြောင်းလဲ အမှုဖွင့်

Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်အား လုပ်ကြံခဲ့သူများအနက် နှစ်ဦးအား ဖမ်းဆီးရမိပြီဖြစ်ပြီး ၎င်းတို့ကို လူသတ်မှုအား ကျူးလွန်ရန် အားထုတ်မှု ပုဒ်မ ၃၀၇ ဖြင့် ပြောင်းလဲ အမှုဖွင့်ထားပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဇူလိုင် ၁၅ ရက်တွင် စုံစမ်းသိရှိရသည်။

အဆိုပါ ဒေါက်တာသန်းထွဋ်အောင်အား လုပ်ကြံသူများကို အခင်းဖြစ်ပွားပြီးနောက် ဇူလိုင် ၁၄ ရက် ညပိုင်းက ပုဒ်မ ၃၃၆ (အခြားသူ၏ အသက်ကို(သို့)လုံခြုံရေးကို ဘေးဖြစ်စေသော ပြုလုပ်မှု)၊ ပုဒ်မ ၄၂၇ (အဘိုးငွေ ငါးဆယ်ကျပ်အောက်မနည်း ပျက်စီးနစ်နာစေသော အကျိုးဖျက်စီးမှု)၊ ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီသူ ကိုယ်တိုင်ရှိနေခြင်း) စသည့် ပုဒ်မများဖြင့် အမှုဖွင့်ထားခြင်းဖြစ်ပြီး လက်ရှိတွင် ပုဒ်မ ၃၃၆ နေရာတွင် ပုဒ်မ ၃၀၇ သို့ ပြောင်းလဲအမှုဖွင့်ထားပြီဖြစ်ကြောင်း သိရသည်။

လုပ်ကြံသူများထဲတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် 5D/3938 Caldina ခဲရောင်ယာဉ်မောင်း သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာနေ တီကောင်(ခ)ရန်နိုင် (၂၈)နှစ်အား ဇူလိုင် ၁၄ ရက် ည ၉ နာရီခွဲခန့်တွင် သာကေတမြို့နယ်၊ မြို့မ (၈) လမ်း၌ ယာဉ်နှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

၎င်းအား စစ်ဆေးရာ ကျူးလွန်ရာတွင် ပါဝင်သူ တစ်ဦးဖြစ်သည့် စပိုက်ဒါ (ခ) အငယ်လေး (ခ) မျိုးမြင့်အောင်သည် ရန်နိုင်(၂၈)နှစ်၏ ကားကို ငှားရမ်းသဖြင့် ဗဟန်းမြို့နယ် ဦးချစ်မောင်းလမ်းရှိ အခင်းဖြစ်နေရာ အနီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် အခင်းဖြစ် နေရာသို့ အရောက်တွင် ယာဉ်အား စပိုက်ဒါမှ စက်အသင့်နှိုးထားရန် ညွှန်ကြားခဲ့ပြီး ၎င်းက ဖုန်းဖြင့်ဆက်ကာ လူငယ် နှစ်ဦးအား ထပ်မံခေါ်ဆောင်ပြီးနောက် လုပ်ကြံခဲ့ခြင်းဖြစ်ကြောင်းနှင့် သာကေတမြို့နယ်၊ ၃ ရပ်ကွက်နေ စပိုက်ဒါ (၂၇)နှစ်ကို ဇူလိုင် ၁၅ ရက် နံနက် ၈ နာရီခန့်တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ တည်းခိုခန်းတစ်ခုမှ ဖမ်းဆီးရမိခြင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျူးလွန်သူအချို့ကို ညတွင်းချင်း ဖမ်းဆီးရမိအောင် လုပ်ဆောင်ခဲ့ကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် Yangon Police မှာ ဖော်ပြထားတဲ့ ယာဉ်ရှေ့ တံခါးမှန် လေးချက်ထိမှန် အက်ကွဲပြီး ငွေကျပ်သိန်း ၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့လို့ ကျူးလွန်သူတွေကို အရေးယူပေးဖို့ တိုင်ကြားခဲ့တယ် ဆိုတာနဲ့ လေးခွနဲ့ ချောင်းမြောင်းပစ်ခတ်တဲ့အမှု ဆိုတာကိုတော့ ကျွန်တော်ကန့်ကွက်တယ်။ အခုကိစ္စက လေးခွနဲ့ချောင်းပစ်လို့ အမှုဖွင့်တာမျိုး မဟုတ်ဘူး။ လူမြင်ကွင်းမှာ ကြိုတင်ကြံစည်မှုနဲ့ လူသတ်ဖို့အထိ လုပ်ဆောင်တာပါ။ ရန်ကုန်မြို့ရဲ့ ညနေပိုင်းအချိန် လူမြင်ကွင်း လင်းလင်းထင်းထင်းမှာ ဥပဒေမဲ့ အကြမ်းဖက်တာပါ။ တကယ်တော့ ကျွန်တော့ကို အခုလို လုပ်ကြံဖို့ လူ ၁၀ ဦးထက်မနည်း ပါဝင်ပတ်သက်နိုင်တယ်။ ကျွန်တော့ကားကို သိဖို့ ပြန်လေ့ရှိတဲ့လမ်းတွေကို သိဖို့ အချိန်တော်တော်ယူမှ ရလိမ့်မယ်။ လွန်ခဲ့တဲ့ ၂ လ ၃ လလောက်ကတည်းက လူမိုက်ဂိုဏ်းတွေနဲ့ အုပ်စုဖွဲ့ လုပ်ကြံနိုင်တယ်ဆိုတဲ့ သတင်းတွေ ကြိုတင်ရရှိထားလို့ ကျွန်တော်တို့ သတိထားပြီး နေခဲ့တာပါ။ ပြီးတော့ ကျွန်တော်က ကားတစ်စီးတည်းကို ပုံသေစီးလေ့ မရှိပါဘူး။ အခုဟာက လူသတ်ဖို့ ကြံစည်တာပါ။ ကားမှန်မကွဲခဲ့လို့ပါ။ ကားမှန်သာ ကွဲခဲ့မယ်ဆိုရင် ကျွန်တော်သေပြီ။ မနေ့က ကျွန်တော့်ကို လုပ်ကြံတဲ့ဖြစ်စဉ်မှာ ကားစထွက်လာတာကို သတင်းပေးတဲ့သူ၊ ကြိုစောင့်နေတဲ့သူတွေအပြင် ကျွန်တော့်ကားအနောက် ဒါမှမဟုတ် အရှေ့နားမှာ လိုက်ပါပြီးမှ ချိန်သားကိုက် အကွက်ချ လုပ်တဲ့သဘောပါ။ ကျွန်တော့်ကို ပစ်ခတ်တဲ့အချိန်မှာ အသေသတ် ဆိုပြီး လက်ညှိုးထိုး အော်ဟစ်ပြီး အနီးကပ် ပစ်ကြတာ။ ကားမှန် ခံနေတာကြောင့်ရယ်၊ အပစ်ခံရတဲ့ အချိန်မှာ ကားကို ညာဘက်ဆွဲလှည့်လိုက်ပြီး လူကလည်း ညာဘက်အခြမ်းကို ထွက်လိုက်နိုင်လို့ အန္တရာယ် မဖြစ်တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သမ္မတဆီကို စာပို့အသိပေးသွားပါမယ်။ ရန်ကုန်မြို့ရဲ့ လုံခြုံရေး အခြေအနေဟာ ဘယ်လောက်ထိ အန္တရာယ်ရှိနေသလဲ ဆိုတာ ဒီဖြစ်စဉ်က သက်သေပါ။ ရန်ကုန်မြို့မှာ နေရာတိုင်း ကားကြပ်နေတယ်။ ဒါကို အခွင့်ကောင်းယူပြီး ဘယ်သူ့ကိုမဆို စထွက်လာတဲ့နေရာက စောင့်ပြီး သတင်းပေးမယ်၊ ကားပိတ်မယ့်နေရာမှာ အုပ်စုလိုက် ရန်ရှာပြီး အလွယ်တကူ သတ်ဖြတ် လုပ်ကြံခံရနိုင်တဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အခုကိစ္စက သာမာန်ဖြစ်စဉ်လို့ မယူဆဘူး။ နောက်ကွယ်က အဓိက ပါဝင်နိုင်တဲ့ ငွေကြေးနဲ့ သြဇာတိက္ကမ ရှိတဲ့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းဆိုတာ ဖော်ထုတ်အရေးယူနိုင်ဖို့ လိုပါတယ်။ နောက်ကွယ်က အဓိက လူတွေကို မဖော်ထုတ်နိုင်ဘဲ ကျူးလွန်တဲ့ လူမိုက်တွေကို အရေးယူလိုက်ရုံနဲ့ မပြီးဘူး။ နောက်ပြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေ၊ သူတို့ရဲ့ သားသမီး မြေးတွေ မိသားစုဝင်တွေ၊ နိုင်ငံရေးအရ ထင်ပေါ်ကျော်ကြားသူတွေ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ သူတို့ရဲ့သားသမီးတွေ၊ ထင်ရှားတဲ့ အနုပညာရှင်တွေ၊ အခြားသော ထင်ရှားကျော်ကြားသူတွေနဲ့ ရန်ကုန်မြို့မှာနေတဲ့ ဘယ်ပြည်သူမဆို အသက်အန္တရာယ်အတွက် အချိန်မရွေး ခြိမ်းခြောက်ခံရနိုင်တယ်ဆိုတာကို အဓိက သတိပြုစေချင်တာပါ။ ရန်ကုန်မြို့ရဲ့ လုံခြုံရေးက စိုးရိမ်စရာဖြစ်နေပြီ။ ကျွန်တော့်ဖြစ်စဉ်မှာ မိနစ် ၂၀ ကျော်တဲ့အထိ ရဲတပ်ဖွဲ့ဝင်တွေ မရောက်လာနိုင်ဘူး။ အားလုံးဟာ လမ်းမပေါ်မှာ လုံးဝစိတ်မချရတော့ဘူးဆိုတာကို သိစေချင်တယ်။ ရန်ကုန်မြို့ရဲ့ လူမြင်ကွင်းမှာ နေ့ခင်းကြောင်တောင် လက်ရဲ ဇက်ရဲ ကျူးလွန်မှုတွေ ဖြစ်လာတာကို ထိထိရောက်ရောက် အရေးယူ မဟန့်တားနိုင်ဘူးဆိုရင် ဝမ်းနည်းစရာ အဖြစ်ဆိုးတွေ ထပ်ဖြစ်လာနိုင်တယ်။ ဒီဖြစ်စဉ်မှာ ကျွန်တော်ပြောချင်တာ ဒါပါပဲ။” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောသည်။

ဖြစ်စဉ်မှာ Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်၏ ယာဉ်အား လူငါးဦးပါဝင်သောအဖွဲ့က ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းနှင့် အာဇာနည်လမ်းထောင့်တွင် စောင့်ဆိုင်း၍ သေစေနိုင်သော ကုန်းသီးဖြင့် နှစ်ပေခန့်အကွာမှ အနီးကပ် ပစ်ခတ်တိုက်ခိုက်လုပ်ကြံခဲ့ခြင်းဖြစ်သည်။ လုပ်ကြံသူများသည် ယာဉ်ကြောပိတ်မိနေစဉ် တစ်ဖက်ယာဉ်ကြောမှ အငှားယာဉ်ဖြင့် စောင့်ဆိုင်းပြီး CEO ဒေါက်တာသန်းထွဋ်အောင်၏ ဦးခေါင်းအား အနီးကပ် ချိန်ရွယ်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ပစ်ခတ်မှုကြောင့် ကားမှန်ထိခိုက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်အရှေ့ရှိ အခြားယာဉ်တစ်စီးအား တိုက်မိမှုဖြစ်ပွားခဲ့သော်လည်း CEO ဒေါက်တာသန်းထွဋ်အောင်မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့ပေ။ ကားမှန်ခံနေသောကြောင့် ထိခိုက်ဒဏ်ရာ မရရှိခဲ့ခြင်းလည်းဖြစ်သည်။

၎င်းတို့အား ပြောင်းလဲ အမှုဖွင့်ထားသည့် ပြစ်မှုပုဒ်မ ၃၀၇ မှာ ပြုလုပ်မှု တစ်ခုခုကို ပြုရာတွင် သေခြင်းကို ဖြစ်စေခဲ့သော လူသတ်မှု မြောက်နိုင်မည့် ကြံရွယ်ချက်ဖြင့် လည်းကောင်း၊ ထိုကဲ့သို့သော (ပြုလုပ်မှု တစ်ခုခုကို ပြုရာတွင် သေခြင်းကို ဖြစ်စေခဲ့သော လူသတ်မှု မြောက်နိုင်မည့်)ပတ်ဝန်းကျင် အကြောင်းအခြင်းရာဖြင့် လည်းကောင်း၊ မည်သူမဆို ပြုလုပ်မှု တစ်ခုခုကို ပြုလျှင် ထိုသူကို ထောင်ဒဏ် ၁၀ နှစ်အထိ တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်အနေနဲ့လည်း ချမှတ်နိုင်သည်။ ထို့အပြင် ထိုပြုလုပ်မှုဖြင့် တစ်ဦးတစ်ယောက်သော နာကျင်စေလျှင် ထိုသူကို တစ်သက်တစ်ကျွန်းဒဏ် ဖြစ်စေ၊ အထက်ကဆိုခဲ့သော ပြစ်ဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရသည်။

ယာဉ်မောင်း တီကောင် (ခ) ရန်နိုင် (၂၈) နှစ်အား ပြစ်မှုကျူးလွန် ခဲ့သည့် မော်တော်ယာဉ်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - Yangon Police)
 
မြောက်ဥက္ကလာပ မြို့နယ်ရှိ တည်းခိုခန်းတစ်ခုတွင် ဖမ်းဆီးရမိခဲ့သည့် စပိုက်ဒါ (ခ) အငယ်လေး (ခ) မျိုးမြင့်အောင် (အသက် ၂၈ နှစ်) အားတွေ့ရစဉ် (ဓာတ်ပုံ - Yangon Police)

Eleven Media Group ၏ ဂုဏ်သိက္ခာ ထိခိုက်စေမှုအတွက် ရှင်းလင်းရန် တောင်းဆိုမှုအပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ရှင်းလင်းရန် ငြင်းဆန်နေသောကြောင့် ဥပဒေအရ ဆက်လက် ဆောင်ရွက်သွားမည်

Eleven Media Group ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော ရေးသားမှုများကြောင့် လာရောက်ရှင်းလင်းရန် ရှေ့နေ့မှတစ်ဆင့် အသိပေး ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုမှုအပေါ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ရှင်းလင်းရန် ငြင်းဆန်သောကြောင့် ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးလှဆွေက ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ရေးသားခဲ့မှုသည် မမှန်မကန် ဖော်ပြ ရေးသားခဲ့ခြင်းဖြစ်ပြီး၊ ကောင်းသော သတင်းမီဒီယာတစ်ခု အနေဖြင့် ရပ်တည်နေသော Eleven Media Group ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသောကြောင့် လာရောက်ရှင်းလင်းရန် အသိပေးကြေညာခြင်း ပြုလုပ်ခဲ့သည်။

ယင်းကြေညာချက်ကို ဇူလိုင်လ ၁၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာတွင် “ဦးလှဆွေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)နှင့် အများသိစေရန် ကြေညာခြင်း” “လွှဲညွှန်ကြားချက်အရ ဦးကျော်စိုးမိုး တရားလွှတ်တော်ရှေ့နေ” ဟူ၍ ထည့်သွင်းခဲ့ပြီး ဖြစ်သည်။ သို့သော် ဦးလှဆွေ အနေဖြင့် ဖြေရှင်းရန် အကြောင်းမရှိကြောင်း မီဒီယာအချို့ကို ပြန်လည်ဖြေကြားထားကြောင်း သိရသည်။ ဦးလှဆွေက “ဖြေရှင်းစရာအကြောင်း မရှိဘူး။ သူတို့ တရားရုံးမကလို့ မိုးပေါ်တက်တက် ကျွန်တော်က လိုက်မယ်” ဟူ၍ ဖြေကြားထားကြောင်း ဇူလိုင် ၁၄ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားသည်ကို တွေ့ရသည်။ အလားတူပင် RFA သတင်းဌာန၏ မေးမြန်းမှုကို ဖြေကြားရာတွင်လည်း တရားပြန်စွဲမည်ဟု ဖြေကြားထားသည်ကို တွေ့ရသည်။

“ကျွန်တော်တို့အနေနဲ့ ရှေ့နေ ကြေညာချက်ကို ဇူလိုင် ၁၁ ရက်နေ့က ထည့်သွင်းခဲ့တယ်။ ယခု မီဒီယာတွေကို ဦးလှဆွေဖြေသလို မရှင်းလင်းဘူး ဆိုရင်တော့ ဥပဒေအတိုင်းပဲ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု The Daily Eleven အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။

“ဦးလှဆွေက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး ဖြစ်တဲ့အတွက် သူ့ရဲ့ ပြောဆိုမှုတွေက လက်လွတ်စပယ် မဖြစ်သင့်ဘူး။ အလွန်စက်စုပ်ဖွယ်ကောင်းလို့ဗျဆိုတဲ့ စကားလုံးက ဘယ်လောက်ရင့်သီးပြီး တစ်ဖက်သားကို ထိခိုက်နစ်နာ စေတယ်ဆိုတာ သိသင့်တယ်။ ပြီးတော့ အခု ကိစ္စမှာ သူပြောတဲ့ အချက်တွေ မှားနေတယ်။ ဒေါက်တာသန်းထွဋ်အောင်က သစ်ကွက်ရပြီး သစ်ထုတ်ခဲ့တာမျိုး မရှိပါဘူး။ သစ်ထုတ်တဲ့ လူတွေဆီက ၀ယ်ပြီး နိုင်ငံခြားကို Export လုပ်ခဲ့တာမျိုးပါ။ ဂန့်ဂေါမှာ ၉၂၊ ၉၃ လောက်က ဒါမျိုးလုပ်ခဲ့တာပါ။ သူ့အဖေနဲ့လည်း ဘာမှမဆိုင်ဘူး။ သူ့အဖေ တာဝန်ထမ်းဆောင်ခဲ့တာက ၁၉၇၀-၁၉၇၄ ပါ။ ပြီးတော့ သစ်လုပ်ငန်း လုပ်ပြီးတာနဲ့ ဂျာနယ်တန်းထုတ်တယ် ဆိုတာလည်း လုံးဝမဟုတ်ဘူး။ ဂျာနယ် စထုတ်တဲ့ အချိန်က ၂၀၀၀ ပြည့်နှစ် ဇွန်လမှပါ။ ဂန့်ဂေါမှာ သစ်ဝယ်တာတွေ နောက်ဆုံးလုပ်ခဲ့တာ ၉၂၊ ၉၃ ပါ။ ဦးလှဆွေ အနေနဲ့ အချက်အလက် အမှားတွေနဲ့ ဂုဏ်သိက္ခာ ထိခိုက်အောင် ရေးခဲ့တာပါ။ ဒေါက်တာသန်းထွဋ်အောင် ဘာတွေလုပ်ခဲ့သလဲ ဆိုတာကို ကာယကံရှင်ကိုယ်တိုင် သူရေးတဲ့ စာတွေမှာ တရားဝင် ထုတ်ဖော်ရေးသား ထားပြီးသားပါ။ ဦးလှဆွေ အနေနဲ့ အချက်အလက် အမှန်တွေကို သေချာ မစုံစမ်းဘဲ ရေးတာလား၊ သူသိထားတွေကဘဲ အမှားတွေလား ဆိုတာကိုတော့ မသိဘူး။ ကျွန်တော်တို့ကို ပြန်ကြားရေးက တရားမစွဲခင် ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလလောက်မှာ ရဲသတင်းတပ်ဖွဲ့ (SB) က ဒေါက်တာသန်းထွဋ်အောင် သစ်လုပ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ဂန့်ဂေါမှာ လိုက်စုံစမ်းနေတယ်လို့ ကျွန်တော်တို့ အယ်ဒီတာတစ်ဦးကတစ်ဆင့် သိရလို့ ကျွန်တော်တို့ တင်ပြဖူးတယ်။ အဲဒီနောက်ပိုင်း ကျွန်တော်တို့ သတိထား စောင့်ကြည့်နေပါတယ်။ အခုတော့ ဦးလှဆွေဆီမှာ ဒီလို ရေးလာတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဦးလှဆွေ အနေနဲ့ သူမမှန်တာ ရေးခဲ့တာတွေအတွက် တာဝန်ယူ ဖြေရှင်းဖို့ လိုပါတယ်။ ကျွန်တော်တို့က တရားစွဲဆိုတဲ့ အခြေအနေမျိုးတွေအထိ မလုပ်လိုလို့ ရှေ့နေစာနဲ့ အသိပေးတာပါ။ ဒီလို မဟုတ်ဘဲ မီဒီယာတွေကို သူဖြေနေတဲ့အတိုင်း တာဝန်ယူ မဖြေရှင်းဘူး ဆိုရင်တော့ ဥပဒေအတိုင်း ဆက်လုပ်သွားမှာပါ။ ပြီးတော့ The Voice Daily မှာရေးတဲ့ သတင်းမှာ ပါသလို လွှတ်တော်ကိုယ်စားလှယ်ကို တရားစွဲရင် လွှတ်တော်ဥက္ကဋ္ဌဆီ ခွင့်ပြုချက် တောင်းရတယ်ဆိုတာ မဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၃၃ (က)၊ (ခ)၊ (ဂ)၊ ပုဒ်မ ၁၃၄ (က)၊ (ခ)၊ (ဂ)နဲ့ ပုဒ်မ ၁၃၅ တွေမှာ လွှတ်တော်ကိုယ်စားလှယ်တွေကို ဥပဒေအရ အရေးယူတာ၊ အရေးမယူနိုင်တာတွေနဲ့ ပတ်သက်၍ အတိအလင်း ပြဋ္ဌာန်းထားတာပါ။ အဲဒီမှာ လွှတ်တော်ဥက္ကဋ္ဌဆီ ခွင့်တောင်းဖို့လိုတာ ဖမ်းမယ်ဆိုမှပါ။ တရားစွဲဖို့ ခွင့်တောင်းရမယ်လို့ မပါဘူး။” ဟု ကိုဝေဖြိုးက ဆက်လက်ပြောကြားပါသည်။

Eleven Media Group CEO ဒေါက်တာသန်းထွဋ်အောင်နှင့် ပတ်သက်၍ သတင်းတပ်ဖွဲ့မှ စုံစမ်းခဲ့မှုအပေါ် “၂၀၁၄ စက်တင်ဘာလောက်က SB က ရဲအုပ်တစ်ယောက် (ကိုဝင်းလွင်)က ဂန့်ဂေါမြို့နယ် အတွင်းမှာ CEO ဒေါက်တာသန်းထွဋ်အောင် သစ်လုပ်ငန်း လုပ်ခဲ့တဲ့ အချိန်က ပြစ်မှုဟောင်း ရှိ၊ မရှိ လာရောက် မေးမြန်းခဲ့တယ်လို့ မုံရွာ သစ်ထုတ်လုပ်ရေး ၀န်ထမ်းဟောင်းတစ်ဦးက ကျွန်တော့်မိသားစုဝင် တစ်ဦးကို ဆက်သွယ်ပြောကြားပါတယ်။ သူဟာ ဒီကိစ္စ တစ်ခုတည်းအတွက် ရန်ကုန်ကနေ မုံရွာကို ပြောင်းရွှေ့လာတာလို့လည်း သိရပါတယ်။ ကျွန်တော့်မိသားစုနဲ့ ရင်းနှီးတဲ့ ၀န်ထမ်းဟောင်း (ယာဉ်မောင်း) တစ်ဦးက CEO ရဲ့ဖခင် ဦးအောင်သင်းရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပေမယ့် သူ့အနေနဲ့ ပြောတာထက် ဂန့်ဂေါမှာ အခုထိ သက်ရှိထင်ရှား ရှိနေသေးတဲ့ ဆရာဦးအောင်သင်းရဲ့ ယာဉ်မောင်းခေါင်းဆောင် ဦးချစ်တင်ဆီမှာ သွားမေးတာက ပိုပြီး သိရမယ်လို့ ပြန်ပြောလိုက်တယ်လို့ သိရပါတယ်” ဟု Eleven Media Group ၏ အကြီးတန်း အယ်ဒီတာတစ်ဦးဖြစ်သူ ကိုစိုးထက်ခိုင်က ပြောပြပါသည်။

ဆောင်းညအိပ်မက်

r


BrainWave ဉာဏ်လှိုင်း
==============

ဒီညတော့ ဘာမှ မရေးလို့ ဆုံးဖြတ်ထားသော်လည်း အမြှီးအမောက်မတည့်၊ အနက်အဓိပ္ပာယ်လည်း မသိသော သူရူးတစ်ယာက်၏ ဂယောင်ဂတမ်း ပြောဆိုနေခြင်းကို ဖတ်ရ၍ သည်းမခံနိုင်တော့ပေ။

ဖတ်ကြည့်ပါ၊ အီသီယိုးပီးယားနိုင်ငံထက် အဆင့်နိမ့်သွားသော်လည်း ဆိုမာလီယာအထက်တွင် ရှိနေသေး၍ များစွာ ဂုဏ်ယူနိုင်ကြောင်း ဆိုပါ့လား။

ဆိုမာလီယာသည် နိုင်ငံပျက်လုမတတ်ဖြစ်ကာ ပါလီမန်ပင်လျှင် ဟော်တယ်လိုနေရာမျိုး၊ လေဆိပ်အဆောက်အအုံဝင်း အတွင်း ကြုံသလို ကျင်းပနေရသော နိုင်ငံမျိုး။ လူငယ်အတော်များများက ပင်လယ်ဓါးမြဖြစ်နေသော နိုင်ငံမျိုးဆိုတဲ့ အခြေခံ ဗဟုသုတ ရှိမှရှိပါလေစ။

ယခင် ဗိုလ်သန်းရွှေလက်ထက်ကလည်း ကြက်တုတ်ကွေးရောဂါနှင့် ပါတ်သက်၍ ယိုးဒယားနှင့် မြန်မာပြည်အကြားတွင် မြင့်မားလှသော တောင်တန်းကြီးများ ကာရံထားမှုကြောင့် ငှက်များ တောင်ကျော်၍ မပျံသန်းနိုင်သဖြင့် ကူးစက်မည်ကို စိုးရိမ်စရာမရှိဟူ၍ ပြောခဲ့ခြင်းမှာလည်း ဒင်းပင်။

အဆိုပါလူသည် စိတ္တဇဆေးရုံတွင်ရှိနေက အကြောင်းမဟုတ်သော်လည်း သာမန်လူများရှိရာ အရပ်သို့ ရောနှောဝင်ရောက်နေရုံသာမက ၀န်ကြီးဌာနကြီးတစ်ခုကိုပင် အခန့်သား ဦးဆောင်နေပြီဆိုတော့ သံပုံးတီးပြီး တောထုတ်ရုံသာ ရှိပေတော့သည်။

တိုင်းပြည်၏ တိုးတက်စည်ပင်ရာ စည်ပင်ကြောင်း လုပ်နိုင်သည့် အခွင့်အလမ်းများစွာ ရှိပါလျက် ယခုကဲ့သို့ ဖြစ်နေခြင်းမှာလည်း အဆိုပါသူရူးများ ကြီးစိုးနေခြင်းကြောင့်သာ ဖြစ်သည်မှာ လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားလှပေသည်။
ဤသို့ဖြစ်လာရခြင်း အခြေခံအကြောင်းတရားမှာလည်း ၎င်းတို့အား ဒေါ်စိန်အေး စစ်ကျောင်းတော်ကြီးမှ "မင်းတို့ဟာ နိုင်ငံကို အသက်ပေးကာကွယ်ဖို့ တပ်မတော်ထဲကို ၀င်လာကြတာ၊ မင်းတို့ရဲ့ စွန့်လွှတ်အနစ်နာခံတဲ့ စိတ်ဓါတ်က သာမန်လူတွေထက် မြင့်မြတ်တယ်။ ဒါကြောင့် ဘယ်လိုအကြောင်းနဲ့မှ မင်းတို့ကို ဘယ်သူမှ ဝေဖန်စရာ အကြောင်းမရှိ။ နိုင်ငံတော်က မင်းတို့ကို အပြည့်အ၀ အခွင့်အရေးပေးပြီး အကာအကွယ်ပေးသွားမယ်" ဟူသော စကားမျိုးများဖြင့် ပြည်သူနှင့် တပ်မတော်ကို သွေးခွဲခဲ့ကြသည်။

အမှန်တကယ်လည်း သူတို့အဖို့က သေရင် 'မြေကြီး၊ ရှင်ရင် ရွှေထီး' ဖြစ်ခဲ့ကြသည်မှာလည်း အားလုံးအသိပင်။
၎င်းတို့အား ကာကွယ်စောင့်ရှောက်ပေးနေသည်ဟူသော နိုင်ငံတော်ဆိုသည်မှာလည်း လက်တဆုပ်စာ အာဏာရ လူတန်းစားများပင် ဆိုသည်ကို ဝေခွဲရန် စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိကြတော့။ ဝေခွဲနိုင်စွမ်း ရှိသူများအဖို့ ကြာရှည်နေ၍ မရတော့။ နည်းအမျိုးမျိုးဖြင့် တပ်မတော်က ထွက်အောင် ပြုလုပ်ခဲ့ကြသည် မဟုတ်ပါလား။ အချို့ကလည်း ဝေခွဲနိုင်စွမ်း ရှိပါသော်လည်း ရွှေထီးဆောင်းရမည့် ဘ၀ကို တွေးကာ ရေလိုက်ငါးလိုက် နေလာကြရင်း အသိညဏ်များ သံချေးတက်ခဲ့ရပေတော့သည်။

သို့အတွက် ပုလင်းတူ၊ ဗူးဆို့များသာ စုကျန်ခဲ့တာ့ပြီး တစ်သွေး၊ တစ်သံ၊ တစ်မိန့် ပြန်လည် ဝေဖန်အကြံပေးမှုလည်း မရှိသည့် ဘ၀မျိုးဖြင့် ပြောချင်ရာ ပြော၊ လုပ်ချင်ရာ လုပ်လာကြကာ အခုလို ပေါချာချာ ဘ၀ကြီးဖြင့် ဆက်လက်ရှင်သန်ခဲ့ကြသည်။

ဤကဲ့သို့ သူတို့ဘာသူတို့ သီးခြားလူတန်းစားအဖြစ် ရပ်တည်နေက အရေးမကြီးသော်လည်း နိုင်ငံတော်၏ အရေးအရာများကို ၀င်ရောက်စီမံခန့်ခွဲလာကြသည့်အခါ တိုင်းပြည်ပျက်ကိန်း ဆိုက်ခဲ့ရသည်မှာလည်း အားလုံးအမြင်ပင်။

အခုလည်း နောက်ထပ် ၅ နှစ် တိုင်းပြည်အရေးကို ဆက်လက်စီမံခန့်ခွဲရန် လုံးပမ်းနေကြပြန်၍ မိမိတို့နိုင်ငံသည် ဆိုမာလီအောက် မရောက်သရွေ့ တိုးတက်နေသည်ဟု ယူဆ၍သာ စိတ်ဖြေကြကုန်လော့။

HSW