Saturday, May 30, 2015

ဖျာပုံမြို့နယ် ဓမင်းဆိပ်ကျေးရွာ အရှေ့ဘက်ရေမိုင်(၃၀)ခန့် အကွာ တွင် လှေစီးဒုက္ခသည် ဘင်္ဂါလီလူမျိုး (၇၂၇)ဦး ဖမ်းဆီးရမိ

ဖျာပုံ၊ မေ ၂၉

 ( MOI Webportal Myanmar)

ယနေ့နံနက် ၆နာရီခွဲအချိန်တွင် တပ်မတော်ရေမှ စစ်ရေယာဉ်အမှတ်(၆၂၃) သည် ဖျာပုံမြို့နယ် တင်ပုလွဲကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကျေးရွာ အရှေ့ဘက်ရေ မိုင်(၃၀)ခန့် အကွာ မြန်မာ့ရေပိုင်နက် ပင်လယ်ပြင်တွင် မသင်္ကာဖွယ်ရာ အလျား(၇၆)ပေခန့်ရှိ ပင်လယ်ငါးဖမ်းသင်္ဘောတစ်စီးအား တွေ့ရှိ၍ စစ်ဆေး ရာ ဘင်္ဂါလီလူမျိုး ကျား(၆၀၈)ဦး၊ မ(၇၄)ဦးနှင့် ကလေး(၄၅)ဦး စုစုပေါင်း (၇၂၇)ဦးနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဘင်္ဂါလီ လှေစီးဒုက္ခသည်များအား တပ်မတော်(ရေ)မှ ဟိုင်းကြီးကျွန်းသို့ ဆက်လက် ခေါ်ဆောင် သွားလျက်ရှိကြောင်း ကနဦးသတင်းရရှိသည်။

မဘသဥက္ကဋ္ဌဆရာတော်ပါးစပ်တပြင်ပြင်နဲ့...

17 -5 -2015 နေ့လည် ၂ နာရီ ရွှေတိဂုံစေတီတော်ဂေါပက အစည်းအဝေးခန်းမမှာ
ရွှေတိဂုံစေတီတော် သြဝါဒစရိယ ဆရာတော်များကိုပင့်ဖိတ်ပြီး စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး
တာဝန်နဲ့မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်ဥက္ကဌ ဦးဇေယျာအောင်ကယခင်ကာကွယ်ရေးဝန်ကြီးဋ္ဌာနပိုင်
(စစ်ရုံး)မြေနေရာမှာ ဆောက်လုပ်မယ့်Dagon city စီမံကိန်းနဲ့ ပါတ်သက်ပြီး ဆရာတော်များကို
လျှောက်ထားပြီး ဆရာတော်များထံက သြဝါဒခံယူပါတယ်။

သူလျှောက်ထားခဲ့တာကို အကျဉ်းချုံးပြောရရင်" နိုင်ငံတော်အကြီးအကဲကိုယ်စား အစိုးရအဖွဲ့ကိုယ်စား
လာရောက်လျှောက်ထားခြင်းဖြစ်ကြောင်း ၊ စစ်ရုံးနေရာဟောင်းမှာ တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်ဖို့
ကုမ္ပဏီ ၄ ခုကို ခွင့်ပြုခဲ့ကြောင်း ၊ တည်ဆောက်ရေးလုပ်ငန်းများကြောင့် ရွှေတိဂုံစေတီတော်နဲ့ သာသနာ့ဃိက
အဆောက်အအုံများထိခိုက်မှာကို ရဟန်းပြည်သူများက စိုးရိမ်ပူပန်ကြတဲ့အတွက် 22 - 1 - 2015 နေ့မှာ စီမံကိန်းကို
ခေတ္တရပ်ထားခဲ့ကြောင်း ၊ တတ်သိပညာရှင်များနဲ့တွက်ချက်ပြီး ရန်ကုန်မြို့တော်စည်ပင်မှကြီးကြပ်၍
အစီရင်ခံပြန်တင်ပြရန် ညွှန်ကြားထားကြောင်း "ပြောသွားတယ်။

ဝန်ကြီး ဦးဇေယျာအောင် လျှောက်ထားနေတုန်းမှာ သာသနာရေးဝန်ကြီးဦးစိုးဝင်းက ဆရာတော်ကြီးများရှေ့မှာရှိတဲ့
တစ်ခုတည်းသောစကားပြောခွက်ကို ကလေးဝကျောင်းတိုက်ဆရာတော်ရဲ့ ရှေ့ကို ရွှေ့ခိုင်းလိုက်တယ်။
သြဝါဒဆရာတော်ကြီးများကိုယ်စား နာဂလိုက်ဂူ ကလေးဝကျောင်းတိုက်ဆရာတော်ဦးဇာဂရက သြဝါဒမိန့်ကြားရာမှာ
" ဒကာကြီးတို့က တတ်သိကျွမ်းကျင် ပညာရှင်ကြီးများနဲ့ ဆောင်ရွက်
ကြတာဖြစ်လို့ ဘုန်းကြီးတို့အနေနဲ့ ပြောဖို့မလိုကြောင်း ၊ ရွှေတိဂုံစေတီ
ကြီး ထိခိုက် မပျက်စီးအောင် စီမံဆောင်ရွက်သွားဖို့လိုကြောင်း " မိန့် ပါတယ်။

အခမ်းအနားကိုကြွလာတဲ့ ဆရာတော်ထဲမှာ မဘသဥက္ကဋ္ဌဆရာတော်ဖြစ်တဲ့ အင်းစိန်ရွာမဆရာတော်ကြီးလည်းပါတယ်။
ဆရာတော်ကိုကြည့်ရတာ သြဝါဒ ပေးချင်နေပုံရတယ်။ မိုက်ခွက်ကို လှမ်းကြည့်ပြီး ပါးစပ်တပြင်ပြင်နဲ့
ဒါပေမဲ့ ပြောခွင့်မရခဲ့ဘူး။ ကလေးဝဆရာတော် ပြောပြီးတာနဲ့ အခမ်းအနားမှုးက ချက်ချင်း အစီအစဉ်ပြောင်းလိုက်တယ်။
အတိုင်အဖေါက် ညီလိုက်ကြတာ။
အခမ်းအနားကို တံခါးပိတ်ပြီး လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ ကျင်းပခဲ့တာ။ တက်ရောက်သူတွေထဲမှာ ရင်းနှီးမြှပ်နှံမှုကော်မရှင်က
 လူကြီးတွေရယ် ၊ သာသနာရေးက တာဝန်ရှိသူတချို့နဲ့ ရွှေတိဂုံစေတီဂေါပကလူကြီးတွေပဲ ပါတယ်။

ပြည်သူတွေ သိသင့်တယ်ထင်လို့ အသိပေးတင်ပြလိုက်တာပါ။
ဒင်းတို့ကတော့ ဆင်ခြေတွေ အကြောင်းပြချက်တွေပေးပြီး ရှေ့ဆက်မယ့်ပုံပဲ။
ရွှေတိဂုံစေတီတော်ကြီးကို ထိခိုက်မယ့် မည်သည့်လုပ်ရပ်ကိုမျှ
 လက်မခံပါ ၊ သဘောမတူပါ။
ရှင်းအောင် ထပ်ပြောမယ်ဗျာ ၊ (လုံးဝ) သဘောမတူပါ ။

(ဒဲ့ဟစ် )
<

ဒီလိုကောင်နဲ့ ဒီလိုအစိုးရပုံရိပ်တိုင်းပြည်နာတယ်

ဘင်္ဂလီကိစ္စဒီလိုကိုင်တွယ်ရမယ်လို့ ဦးနှောက်နဲ့ မစင်မှားပါလာကြပုံရတယ်
video

DSA ဆင်းတွေက ထူးပြီး အမြီးတစ်ချောင်းပိုပေါက်



Moe Zay Nyein·
တပ်မတော်မှာ တချိန်တုန်းက အရာရှိဝင်ပေါက်(၃)ခုရှိခဲ့ပါတယ်။ (၁) DSA (စစ်တက္ကသိုလ်) (၂) OTS (ဗိုလ်သင်တန်း) (၃) OTC (အလုပ်သင်ဗိုလ်) ဆိုပြီး ရှိခဲ့တယ်။ OTS ကို နောက်ပိုင်းမှာ ဆက်ခေါ်ပေပမဲ့ OTC (အလုပ်သင်ဗိုလ်) တွေကိုတော့ ၂၀၀၀ နောက်ပိုင်း ဆက်မခေါ်တော့ပဲ အပတ်စဉ် (၃၀) မှာ ရပ်တန့်ခဲ့တယ်။ တေဇဆိုတာက ဗိုလ်ချုပ်နာမည်ဖြစ်နေတာမို့ ကျောက်ဆည်သားကြီး သန်းရွှေက မနာလိုသလို DSA ဆင်း ဒုချုပ်အမူးသမားကြီးကလည်း မမြင်ချင်တာလည်း ပါပေမပေါ့။ နောက်ပေါက်ချာတိတ်တွေတော့ ဒါတွေကို မသိကြတော့ဘူးပေါ့။
တပ်မတော်သမိုင်းမှာ စွမ်းရည်ဘွဲ့ရသူတွေ စာရင်းကြည့်ရင် DSA က ဘိတ်ချီးပါ။ OTS တို့၊ အလုပ်သင်(တေဇ) တို့က ပိုများပါတယ်။ တေဇမှာဆိုရင် ဘီစီနံပတ် (၅)ခုလောက် တန်းစီပြီး သူရဲကောင်းမှတ်တမ်းဝင် ရခဲ့တာမျိုးတွေ ရှိတယ်။ သို့သော် တပ်မတော်ရဲ့ အရူးတွေကြောင့် OTS တွေ၊ တေဇဆင်းတွေဟာ ဘေးချိတ်ခံခဲ့ရတယ်။ ဒီလိုဘေးချိတ်ခံရတဲ့ထဲမှာ OTS ထက် တေဇဆင်းက ပိုအနင်းခံခဲ့ရတယ်။ OTS ဆင်း ဒုဗိုလ်ချုပ်ကြီးဖြစ်နိုင်ပေမဲ့ တေဇကျောင်းဆင်းအရာရှိတွေက မဖြစ်နိုင်ပါ။ တေဇဆင်းဆိုရင် ဘယ်လောက်ပဲတော်တော် ရာထူးကြီးကြီး မပေးတော့ဘူး။ ဗျူဟာမှူးအဆင့်ကနေ အရပ်ဖက်ကို ပြောင်းခိုင်းတယ်။ အများဆုံး ဗိုလ်မှူးချုပ်အဆင့်ပါပဲ။ ကျနော်နဲ့ သိတဲ့ တေဇဆင်း (ခုလက်ရှိ ညွှန်ချုပ်) တစ်ယောက်က ပြောဖူးတယ်။ စစ်တိုက်ချင်လို့ တပ်ထဲဝင်တာကွာ ….လမ်းလာ ခင်းခိုင်းနေတယ် တဲ့။ တေဇဆင်းမှာ ဗိုလ်ချုပ်ဖြစ်ဖူးသူတွေဟာ လက်ချိုးရေရတဲ့အထိ ခပ်ရှားရှားပါ။
ထားတော့ဗျာ။ ခုက တပ်မတော်မှာ DSA မှ DSA လုပ်နေတဲ့လူတချို့ကြောင့် အခြားကျောင်းဆင်းအရာရှိတွေဖြစ်တဲ့ OTS တို့၊ တေဇဆင်းတွေအနေနဲ့ ဘယ်လိုဖြစ်သွားလဲဆိုတာ သိစေချင်လို့ပါ။ တလောက ပြည်သိမ်းဆိုတဲ့ တစ်ယောက်တင်တာကို DSA ဆင်းတွေက ၀မ်းသာအားရ တင်ကြရှယ်ကြတာတွေမြင်လို့ပါ။ (ပြည်သိမ်းဆိုတဲ့တစ်ယောက်က DSA ဆင်းလား၊ DSA ဆင်းရဲ့ အဆွယ်အပွားလားတော့ ကျနော်လည်း သေချာမသိ) ဒီဟာကို DSA ဆင်းမဟုတ်တဲ့ တပ်မတော်အရာရှိတစ်ယောက်ကနေ ဒီလို ပြန်ပြီး မေးငေါ့ သရော်ကာ ရှယ်ထားပါတယ်။ (ပုံမှာကြည့်ပါ)
ဒါကို မြင်ရတော့ စိတ်မကောင်းဘူး။ ငါတို့ DSA ဆင်းမှ တပ်မတော်အရာရှိဆိုတဲ့ စိတ်ကြီးက သိပ်တော့ မဟုတ်သေးပါ။ ငါတို့ DSA ကျောင်းဆင်းမှ သမ္မတ၊ လွှတ်တော်ဥက္ကဌဖြစ်တယ်၊ DSA ဆင်းတွေ ဘယ်နေရာရောက်ရောက် ဘာမဆိုလုပ်တတ်၊ ဘာမဆိုသိတယ်ဆိုတဲ့ အရူးချီးပန်းစိတ်တွေကို နည်းနည်းလောက်လျှော့လိုက်ရင် ကောင်းမယ်ထင်ပါရဲ့။ အဲလိုဆိုရင် အခြားကျောင်းဆင်းအရာရှိတွေသာမကပဲ ပြည်သူတွေ၊ ၀န်ထမ်းတွေပါ စိတ်ချမ်းသာရလိမ့်မယ်ထင်ပါရဲ့။ DSA ဆင်းတွေက တခြားလူတွေနဲ့ မတူရအောင် လူတွေထက် ထူးပြီး အမြီးတစ်ချောင်းပိုပေါက်နေတယ်လို့ ထင်နေသလား ကိုယ့်လူတို့ရယ်။ ဒုက္ခ ....