Saturday, May 2, 2015

ဒေါ်အောင်ဆန်း စုကြည် နဲ့ ပူးပေါင်း ဆောင်ရွက် ဖို့ အသင့် ရှိကြောင်း ဦးရွှေမန်း ပြော



BBC Burmese

နိုင်ငံ အတွက် ဒေါ်အောင်ဆန်း စုကြည် နဲ့ ပူးပေါင်း ဆောင်ရွက် ဖို့ အသင့် ရှိကြောင်း ဦးရွှေမန်း ပြောတာဟာ ကြံ့ခိုင်ရေး ပါတီ အလုပ် အမှုဆောင် တွေနဲ့ သဘောတူ မထား ဘဲ ပြောလိမ့်မယ် မထင်ဘူး လို့ NLD ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ဦး ဝင်းထိန် က ပြောပါတယ်။

NLD ဘက်က ဒီပြောကြားချက် အတွက် ဘာမှ တရားဝင် မသိရ ပေမယ့် လောလောဆယ် လွှတ်တော် တရားဥ ပဒေ စိုးမိုးရေး ကော်မတီ ကိစ္စ တွေ မှာ ဦးရွှေမန်း က ဒေါ်စုနဲ့ ပူးပေါင်း ဆောင်ရွက် မှုတွေ ရှိတယ် လို့ ဦး ဝင်းထိန် က ဆိုပါတယ်။

NLD က ရွေးကောက်ပွဲ ဝင်မဝင် သေချာ မဆုံးဖြတ် ရသေးခင် မှာ ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့ ကိစ္စ ကို ပြောဖို့ စောလွန်းကြောင်း၊ ဦးရွှေမန်း ကို NLD သမ္မတ တင်ဖို့ ကြိုးစားရင် လည်း NLD အောက်ခြေပိုင်း က လက်ခံမှာ မဟုတ် ကြောင်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ရေး အတွက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို မဖြစ်ဖြစ် အောင် စောင့်ပြီး ကြိုးစား သွားမယ်၊ အဲဒိနောက် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံ ဖြစ်အောင် ဆက်လုပ်ရမယ် လို့လည်း ဆိုပါတယ်။

ဦးရွှေမန်း က ဒေါ်စုနဲ့ ပူးပေါင်းဖို့ စကားပြော တာဟာ လာမယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ရှုံးဖို့ များနေလို့ ပြောတာ မျိုး ဖြစ်နိုင်တယ် လို့လည်း ဦး ဝင်းထိန် က ပြောကြားပါတယ်။

၈သိန်းယူထားတဲ့ရုံးကိုစပြီးပညာပေးနေပါပြီ

အတာ လင်း·
လူအုပ်စုကိုတွေပြီးအထဲပေးဝင်ဘူးအစောင့်တွေထပ်ဆင်းလာတယ် ၈သိန်းယူထားတဲ့ရုံးကိုစပြီးပညာပေးနေပါပြီးကြောက်လိုက်ကြတာအတင်းဘဲလူကြီးမရှိပါဘူးတဲ့နောက်တခါချိန်းပြီးပြန်လာပါတဲ့


မင်းအောင်လှိုင်ရဲ နားရွက်ကို တံထွေးစွတ်လိုက်ပြီ


ယူဒဗလျှူအက်အေခေါ် ဝက သူ့ရဲ့ဒေသမှာ တော်လှန်ရေးအဖွဲတွေကို ဖိတ်ပြီးတော့ ညီလာခံကျင်းပနေတဲ့ပွဲမှာ အဖွင့်နေ့မှာစတင်လိုက်တဲ့ အဖွင့်စကားကတော့ ဝပြည်နယ်ကို အသိအမှတ်ပြုရေး တောင်းဆိုကြေငြာသွားခြင်းပါပဲ ။
ဒါဟာ ဝတွေက တကယ်လို့ သူတို့ရဲ့တောင်းဆိုမှု့ကို အစိုးရက မလိုက်လျှောနိုင်ဘူးဆိုပါက လက်နှက်ကိုင်တိုင်းရင်းသားတွေနဲ့ပေါင်းပြီး တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ အရိပ်အခြေကို ပြလိုက်ခြင်းပဲ ဖြစ်ပါတယ် ။
ထို့အတူ အရင်က လက်နှက်တွေကို နိုင်ငံခြားကနေ နည်းမျိုးစုံနှဲ့မှာယူပြီး ခိုးကြောင်ခိုးဝှက် ဝယ်ယူနေရတဲ့ အခြားလက်နှက်ကိုင်တပ်တွေကိုလဲ တရုတ်လက်နှက်စက်ရုံကြီး တည်ဆောက်ထားတဲ့ ဝက လက်နှက်တွေကို လိုသလောက် ထောက်ပံနေနိုင်တာ ဖြစ်လေတော့ အခြားအဖွဲ့အစည်းတွေကိုလဲ သြဇာညောင်းသူ ဆရာကြီးဖြစ်နေတယ်မဟုတ်လား ။
အခြားအဖွဲ့အစည်းတွေကလဲ ဝကို မလွန်ဆန်နိုင်ဖြစ်ပြီး လက်နှက်နဲ့ စစ်ရေးဗျူဟာများ ၊ တရုတ်ပြည်ကရရှိနေတဲ စစ်ရေးဗျူဟာသတင်းနဲ့ လက်နှက်ထောက်ပံ့မှု့များကို ဝတွေစီကနေတဆင့် ရရှိနေကြတော့ ဝတွေရဲ့ တောင်ဆိုချက်ကို အခြားအဖွဲ့တွေကလဲ လက်ခံသဘောတူပေးဖို့ အဆင်သင့် ဖြစ်နေကြတယ်လို့ ယူဆရတယ် ။
ဒီနေ့အချိန်မှာ ဝဒေသကဲ့သို့ မြန်မာအစိုးရကို လုံးဝဂရုမစိုက်ပဲ ကိုယ်ထင်ရာကိုယ်လုပ်ပိုင်ခွင့်ရှိသည့် ကိုယ်ပိုင်ဒေသ ၊ အစိုးရမှ လုံးဝ စွက်ဖက်ခွင့်မရှိသည့်ဒေသဟာလည်း ဝဒေသတခုပဲ ရှိပါတယ် ။
တကယ်လို့ မြန်မာအစိုးရက ဝဒေသကို ကိုယ်ပိုင်ပြည်နယ်အဖြစ်သတ်မှတ်ပေးခြင် မပြုလုပ်ဘူးဆိုပါက ဝဒေသသည် မကြာခင်မှာ လွတ်လပ်တဲ့ ပြည်နယ်အဖြစ် တရားဝင်ကြေညာတော့မှာ ဖြစ်ပါတယ် ။
အကယ်၍ ဝဒေသကို လွတ်လပ်တဲ့ပြည်နယ်အဖြစ် တရားဝင်ကြေညာခဲ့သော် ပထမဦးဆုံး အသိအမှတ်ပြုမည့်နိုင်ငံဟာလည်း တရုတ်နိုင်ငံ ဖြစ်ပါလိမ့်မယ် ။ တရုတ်အတွက် ဆင်ခြေပေးစရာရှိတာက ဝဒေသဆိုသည်မှာ တရုတ်လူမျိုး ၉၀%ရှိသော ဒေသကြီးဖြစ်နေသည့်အတွက် တရုတ်လူမျိုးကို ကာကွယ်စောင့်ရှောက်ရေးမူအရ တရုတ်ပြည်ကနေ အသိအမှတ်ပြုပေးပြီး စောင့်ရှောက်ရပါသည်ဟု ကြေညာလိုက်လျှင် တရုတ်ပြည်ရှိ တရုတ်အားလုံးတို့က တရုတ်အစိုးရကို ထောက်ခံမည်မှာ သေခြာပေါက် ဖြစ်ပါတယ် ။
ထိုကဲသို ဝဒေသက ခွဲထွက်သွားပြီး လွတ်လပ်သည့်ပြည်နယ်အဖြစ်ကြေညာခြင်းကို မြန်မာဘက်မှ သဘောမတူပါကလည်း ပြန်လည်ရယူနိုင်ရန် လုံလောက်သည့် စစ်အင်အားနှင့် စီပွားရေးအင်အားမရှိသလို ။
မိမိ၏ အကျိုးအမြတ်နှင့် မိမိတို့၏ စီပွားရေးကိုသာ အဓိကထားသော မြန်မာစစ်ခေါငးဆောင်များကလည်း တိုင်းပြည်ကို ရောင်းစားနေကြဖြစ်သကဲ့သို့ ဝဒေသကို တရုတ်ကအနိုင်ကျင့်၍ မနိုင်လို့ပေးလိုက်ရပါသည်ဟု ဝါဒဖြန့်သတင်းများလွှင့်ကာ အိပ်ထောင်ထဲသို့ ဘီလျှံပေါင်းများစွာ ခွဲဝေယူကြမည့် မြန်မာအစိုးရသာ ဖြစ်နေသောကြောင့် ။
နိဂုံးချုပ်အနေဖြင့် ပြောရလျှင် ဗိုလ်မင်းအောင်လှိုင်ကို ဝက နားရွက်ကို တံတွေးစွတ်ပြီး ပါးရိုက်ပေးတော့မည် ဖြစ်သည်ဟု ပြောရလျှင် လွန်အံ့မည်မထင်ပါ ။ ။
( ဦးနိုင်ဝင်း လန်ဒန် )

မဖြိုးဖြိုးအောင် ဘာတွေပြောသလဲ ??? (30-04-2015)

video

ဦဒဆန်းဆင်ဇနီးကတံခါးဖွင့်ထား

မုန့်ဟင်းခါးရောင်းမယ့် သမ္မတကြီး ဦးသိန်းစိန်ရဲ့ ပိုင်ဆိုင်မှုအချို့

၂၀၁၄ ဇန်နဝါရီလထဲက ယူနတီသတင်းဂျာနယ် မျက်နှာဖုံးမှာ ပါတဲ့သတင်း



Myo Lwin

မို့မို့မြင့်အောင် ကို သိကြတယ် မဟုတ်လား
မမို့ရဲ့ ပ-ယောင်္ကျားက အဆိုတော် လွှမ်းမိုး
လွှမ်းမိုးနဲ့ ကွဲတော့ မမို့ က သူဌေး မောင်မောင်ကျော်နဲ့ လက်ထက်တယ်လေ၊ အဲသည်ခေတ်က Lancer Salon စီးနိုင်တာ သူတို့ပဲ ရှိတယ်။
(လွှမ်းမိုးက ၀န်ကြီးချုပ် မောင်မောင်ခရဲ့ သမီးနဲ့ ပြန်လက်ထပ်တယ်)
မောင်မောင်ကျော် မှာလည်း ပ-မိန်းမရှိတယ်
အဲသည် ပ-မိန်းမ ရဲ့ ဒု- ယောင်္ကျားက သမ္မတရဲ့ အကြန်ပေး နေဇင်လတ် ဆိုပြီး ဖြစ်လာတာ
(လူငယ်တွေကို သမိုင်းအကြောင်း ပြောပြတာပါ)


ထပ်အရွေးခံအုံးမယ်တဲ့

video

ဗကသ ခေါင်းဆောင် မင်းသွေးသစ်

video