Saturday, April 11, 2015

တစ်ပတ်စဉ်ထဲကလူတွေကတော့ အဘက သင်တန်းမှာ အရူးဆုံးလို့ပြောကြသား


Hla Swe
တခါတလေတော့လည်း နေ့ည ဆွေးနွေးပွဲမျိုးစုံတက်နေရတော့ အလွန်ငြီးငွေ့တယ် ၊ ကျနော်က အစ အနောက် ကလည်း အလွန်သန်တာ ဗျ ၊ တပါတ်စဉ်ထဲကသူငယ်ချင်းတွေသာမေးကြည့် တော. ။
"စ"စရာကလည်း ရေတွင်းထဲကျနေတဲ့ ဖားပြုတ်တွေလို ဒီ ပလူ တွေ ဘဲရှိတာကိုး ၊ ဂျီးများ နေလို့မရဘူးလေ ။ အမျိုးသမီးအမတ်တွေ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ ဘာဝတ်လာတယ် ၊ အန်တီ ဝိုင်းက ဘယ်လို ၊ နန်းနီနီအေးက အရပ်ရှည်သလောက် ဟိုဟာ ပုဝါ ရှည်တယ် ၊ မွန်မက မျက်စိကောင်းရဲ့သားနဲ့ ငိုက်ခြင်ရင် မျက်မှန်ကွယ်ပြီး အိပ်ငိုက်တယ် ၊ ဟို ဖလုံစဝေါ် ဘုတ်အီးမ က စကားပြောတာ ပေရှည်သလောက် အလှုအတန်း ကျ တွန့်တိုတယ် ဘာညာ ကွိကွပေါ့ ။တနေ့တနေ့ ဒီ လွှတ်တော်ထဲက ဒီ ပလူ တွေ ကိုဘဲ ဟိုဟာပြောဒီဟာပြော ဝိုင်းပြော စ နောက် နေကြတာ ရီလက်စ် ပေါ့ ။ တခါတလေ တအားနောက်တော့လဲ စိတ်ဆိုးပြီး စကားကိုမပြောတော့ပါဘူးဗျာ ၊ ခုတပါတ်လွှတ်တော် မှာ အန်တီ ဝိုင်း နဲ့ အန်တီစု နဲ့ က တရက်ထဲ အနက်ရောင် ဆင်တူ ဝတ် လာတယ်ဗျ ၊ ဒါနဲ့ နောက်ကြတာပေါ့ ဗျာ ၊ ISIS ညီအမ တူညီဝတ်စုံ နဲ့ပါလား လို့ ။ဒါနဲ့ စကားကို မပြောတော့ဘူးဗျို့ ။ မပြောလည်း နားအေးတာပေါ့ ။

တရုတ်ပြည်က ဝမ်ပေါင်ကုမ္ပဏီရဲ့ ဓာတုစက်ရုံမီးလောင်တာ နှစ်ရက်ရှိပြီ

သမ္မတရုံးမှ လိမ်ညာဝါဒဖြန့်မှုကို ဖေါ်ထုတ်ခြင်း


-----

Democracy Today သတင်းစာတွင်ပါဝင်သည့် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) ၏ဆောင်းပါးပါ အင်ဒိုနီးရှားလွှတ်တော်၌ပါဝင်သော တပ်မတော်သားကိုယ်စားလှယ်အရေအတွက် မှားယွင်း
======================================
ဧပြီ ၉ ရက်ထုတ် Democracy Today သတင်းစာတွင် သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေး (မှူးဇော်) ရေးသားထားသည့် "ဦးသိန်းစိန်ခေတ် မြန်မာ့နွေဦး" ဆောင်းပါးတွင် အင်ဒိုနီးရှားလွှတ်တော်ရှိတပ်မတော်သားကိုယ်စားလှယ်အရေ
အတွက် ဆိုင်ရာအချက်အလက်မှားယွင်းနေကြောင်း သိရသည်။
-
အဆိုပါဆောင်းပါးတွင် ဆောင်းပါးရှင်မှူးဇော်က "တပ်မတော်၏ပါဝင်မှုကို ထောက်ပြသူများအနေဖြင့် ဗြိတိန်နိုင်ငံ၏ House of Lord ကို မေ့ချင်ယောင်ဆောင်နေကြဟန်တူပါ၏။ အင်ဒိုနီးရှားအသွင်ကူးပြောင်းမှုတွင် ၄၀ ရာခိုင်နှုန်းအထိရယူခဲ့ပြီး တဖြည်းဖြည်းချင်း အောင်မြင်စွာလျှော့ချခဲ့သော Success Story ကို ညွှန်ရမည့်အစား မတူညီသော၊ အတိတ်ကကျင့်သုံးခဲ့ပြီး ကျဆုံးခဲ့ရသော ပါလီမန်ဒီမိုကရေစီစနစ်ကို ဈေးကွက်တင်ကြော်ငြာနေကြသည်များလည်း တွေ့ရှိရပါ၏" ဟုရေးသားထားသည်။
-
သို့သော် ၁၉၆၉ ခုနှစ် ဆူဟာတိုအာဏာရပြီးနောက်ပိုင်း အင်ဒိုနီးရှားလွှတ်တော်စတင်ဖွဲ့စည်းချိန်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၃၆၀ နှင့် တိုက်ရိုက်ခန့်အပ်သည့် ကိုယ်စားလှယ် ၁၀၀ ဖြင့် ဖွဲ့စည်းခဲ့သည်။
တိုက်ရိုက်ခန့်အပ်သည့် ကိုယ်စားလှယ် ၁၀၀ အနက် ၇၅ ဦးသည် တပ်မတော်သားကိုယ်စားလှယ်များဖြစ်ပြီး ၂၅ ဦးသည် သမ္မတမှ တိုက်ရိုက်ခန့်အပ်သော ကိုယ်စားလှယ်များဖြစ်သည်။
-
ထို့ကြောင့် ပါဝင်မှုအချိုးအစားမှာ ၁၆ ဒသမ ၃ ရာခိုင်နှုန်းသာဖြစ်သည်။
Democracy Today သတင်းစာတွင် သမ္မတရုံးညွှန်ကြားရေးမှူး
ဦးဇော်ဌေး (မှူးဇော်) ရေးသားထားသကဲ့သို့ ၄၀ ရာခိုင်နှုန်းအထိ ပါဝင်ခဲ့ဖူးခြင်းမရှိကြောင်း အင်ဒိုနီးရှားလွှတ်တော်နှင့် ပတ်သက်သော တရားဝင်အချက်အလက်များအရ သိရသည်။
-
ထို့ပြင် ၁၉၉၈ ခုနှစ် ဆူဟာတိုအာဏာစွန့်လွှတ်ပြီးနောက်ပိုင်းတွင် လွှတ်တော်ကိုယ်စားလှယ် ၅၀၀ အနက် ၄၆၂ ဦးကို ရွေးကောက်တင်မြှောက်ပြီး တပ်မတော်ကိုယ်စားလှယ်အရေအတွက်သည် ၃၈ ဦးသာရှိခဲ့သည်။ ထို့အပြင် ၂၀၀၄ ခုနှစ်တွင် တပ်မတော်သားကိုယ်စားလှယ်များ လွှတ်တော်မှထွက်ခွာသွားပြီးနောက် အင်ဒိုနီးရှားလွှတ်တော်ကိုတိုက်ရိုက်ခန့်အပ်သောတပ်မတော်ကိုယ်စားလှယ်များ
မပါဝင်ဘဲ ရွေးကောက်ခံကိုယ်စားလှယ်များဖြင့်သာ စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

============
Eleven Media Group

မြန်မာနိုင်ငံရဲ့ စည်းစိမ်တစ်ဝက်ကို သိမ်းပိုက်ထားတဲ့ တရုတ်မူးယစ်ဘုရင် Steven Law ခေါ် ထွန်းမြင့်နိုင်





ရင်းနှီးသူတွေက ကိုချူး(A Chiu) လို့ခေါ်တဲ့ Steven Law ရဲ့ လူသိပ်မသိတဲ့ တရုတ်နာမည် ကတော့ လျှူပင်ကျုံး (Lu Ping Zhong)ဖြစ်ပြီး ပြည်တွင်းမှာတော့ ဗမာအမည် ဦးထွန်းမြင့်နိုင်ကိုတော့ အားလုံးသိ ကြလိမ့်မည် ထင်ပါသည်။ ကိုချုးရဲ့ပုံရိပ်ဟာ မြန်မာအမည် ဦးထွန်းမြင့်နိုင်ဆိုရင် Asia World ကုမ္မဏီနဲ့ ယှဉ်တွဲပြီး သိရှိကြသလို Steven Law ဆိုရင်တော့ ကိုးကန့်အဖွဲ့ရဲ့ မူးယစ်မှောင်ခိုလုပ်ငန်းများနဲ့ ယှဉ်ပြီးသိကြမှာပါ။ Lu Ping Zhong အနေနဲ့တော့ တရုတ်နိုင်ငံအတွင်းနဲ့ စင်္ကာပူအပါအ၀င် ပြည်ပခရီး သွားလာရာမှ သုံးစွဲလေ့ရှိပါ သည်။

Steven Law ဟာ ထင်ပေါ်လိုစိတ်မရှိဘဲ မူးယစ်ရာဇာတို့ရဲ့ထုံးစံအတိုင်း သိုသိုသိပ်သိပ် နေထိုင်တတ်သလို မူးယစ်ဆေးဝါးကြောင့် ရရှိလာတဲ့ငွေမဲတွေကို ယခင်စစ်အစိုးရ လက်ထက် လူကြီးများနဲ့ပေါင်းပြီး ငွေဖြူ လုပ်နိုင်ခဲ့သူ တစ်ယောက်ဖြစ်ခဲ့ပါသည်။ ဦးရှစ်လုံးလို့ နာမည်ကြီးသည့် ယခု ဒုသမ္မတ(၁) ဦးတင်အောင်မြင့်ဦးကို Steven Law အဓိက ချဉ်းကပ်နိုင်ခဲ့ပြီး ဦးတင်အောင်မြင့်ဦး၏ လက်ရင်းတပည့် ဗိုလ်ကြီးအေးချစ်(ငြိမ်း)နှင့် ပူးပေါင်းပြီး အရပ်ဘက်၊ စစ်ဘက်စီးပွားရေးဂွင် အားလုံးကို လက်မလွှတ်တမ်း ရယူထားပါသည်။
Steven Law သည် သူ့အဖေ ဘိန်းဘုရင်လောစစ်ဟန်၏ ချမ်းသာကြွယ်ဝမှုကို တရားဝင်ငွေဖြူ ဖြစ်စေရန် ၁၉၉၂ ခုနှစ်တွင် Asia World ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်း စီးပွားရေး နယ်ပယ်ကိုဝင် ရောက်ခဲ့ပါသည်။ ထိုအချိန်က ဗကပပြိုကွဲရေးအတွက် လောစစ်ဟန်မှ တဆင့် လုပ်ဆောင်ခဲ့သော စစ်ထောက် လှမ်းရေးများက အထူးအခွင့်အရေး ပေးမှုအရ Steven Law သည် သစ်လုပ်ခွင့် ပါမစ်တန်(၅၀၀၀) ရရှိခဲ့ပါသည်။ ရရှိခဲ့သည့်ပါမစ်ကို တရုတ်ကုန်သည်များ နှင့် ပေါင်းပြီး အကြိမ်ကြိမ်အခါခါ သစ်တန်ချိန်သိန်းချီ ပို့ဆောင်ခဲ့ပါသည်။ သစ်ပါမစ်ပေါ်မှီပြီး ပြည်တွင်းတရားဝင် စီးပွားရေးလုပ်လာခဲ့သူ Steven Law သည် ၄င်းပိုင်ငွေမဲများဖြင့် လမ်း၊ တံတားဖောက် လုပ်ခြင်း၊ အစိုးရစီမံကိန်း လုပ်ငန်းကြီးများ ဆောက်လုပ်ခြင်း၊ ဘဏ်လုပ်ငန်းနှင့် အခြားသွင်းကုန်ထုတ်ကုန်လုပ်ငန်းများစသည့် စီးပွားရေးနယ်ပယ် အသီးသီးတွင် ၀င်ဆန့်လာ ခဲ့ပြီး စစ်အစိုးရ မျက်နှာသာပေးမှုအရ ထိပ်တန်း စီးပွားရေးသမားကြီး ဖြစ်လာခဲ့ပါသည်။

ဇနီးဖြစ်သူ စင်္ကာပူနိုင်ငံသူ ကလေးနှစ်ယောက် အမေ Cecillia Ng သည်လည်း မြန်မာနှင့်စင်္ကာပူ အကြား တရားမ၀င် ငွေကြေးလွှဲပြောင်းမှုလုပ်ငန်း(Hondi) အကြီးအကျယ်လုပ်ကိုင်သူတစ်ဦးဖြစ်ပြီး Steven Law ရဲ့ငွေမဲတွေကို စင်္ကာပူနိုင်ငံရှိ UOB ၊ OCBC ၊ DBS ကဲ့သို့သော ဘဏ်ကြီးများမှာ အကောင့်ဖွင့်သိမ်းဆည်း ထားလို့ အမေရိကန် CIA က စောင့်ကြည့်ခံနေရပါသည်။ Cecillia Ng သည် သူ့ယောက်ျား Steven Law ပိုင်သည့် Asia World ၏ ပြည်ပကုမ္ပဏီခွဲသုံးခုဖြစ်သော စင်္ကာပူအခြေစိုက် Golden Aron.Pte, S.H Ng Trading Company, K0kang Singapore Pte.Ltd များကို ဦးဆောင် လုပ်ကိုင်နေလျက် ရှိပါသည်။ မူးယစ်ဆေးဝါး အပါအ၀င် မြန်မာနိုင်ငံ၏ စီးပွားရေးဥပဒေများနှင့် မညီမညွတ်သည့် တရားမ၀င် စီးပွားရေးလုပ် ငန်းများမှ ရရှိသည့် ၀င်ငွေအားလုံးကို လွှဲပြောင်းရယူရန် ၄င်းကုမ္ပဏီများကို အသုံးပြုလျက် ရှိပါသည်။

Steven Law ၏ မူးယစ်ဆေးဝါးကျော်ဇောမှုနှင့် တရုတ်နိုင်ငံ၏ ကျောထောက် နောက်ခံပြုမှုများကြောင့် ယခင် စစ်ထောက်လှမ်းရေးများက ပြည်တွင်းစီးပွားရေး နယ်ပယ်မှာ နေရာပေးခြင်း မရှိသဖြင့် သူ့အဖေရဲ့ဇာတိမြေ ကိုးကန့်ဒေသကို အခြေခံပြီး ဒေသဆိုင်ရာ အာဏာပိုင်များနှင့်သာ ရင်းနှီး ကျွမ်းဝင်မှုရှိအောင် ကြိုးစားခဲ့ပါသည်။ ပါးရေနပ်ရေရှိပြီး စီးပွားရေး အကွက်မြင်သည့် တရုတ်လူမျိုးပီပီ ထိုစဉ်က ရှမ်းပြည်နယ် မြောက်ပိုင်းတိုင်းမှုးကို ချဉ်းကပ်ခဲ့ပြီး မူးယစ်ဆေးဝါးမှ ရရှိသည့် ငွေမဲများဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကြီးအကျယ် ထောက်ပံ့ပေးမှုကြောင့် ရှမ်းပြည်မြောက်ပိုင်း တိုင်းမှုးကြီး၏ အရင်းနှီးဆုံး တရုတ် လောပန်းကြီး ဖြစ်ခဲ့ပါသည်။ ၄င်းနောက်တိုင်းမှုးကြီး စစ်ထောက်ချုပ်ဖြစ်လာခဲ့ပြီး စစ်ထောက်လှမ်းရေးများ ပြုတ်သွားချိန်မှာ တော့ Asia World ကုမ္ပဏီမှာ ကံဇာတာတက်ခဲ့ရပါသည်။

ပြည်တွင်းမှာ စောင့်ကြည့်ခံရမှု အခြေအနေက လွတ်မြောက်ခဲ့ခြင်း၊ တရုတ်အစိုးရ၏ ကျောထောက် နောက်ခံခိုင်မာလာခြင်း၊ ဦးရှစ်လုံးတန်ခိုး အာဏာကြီးထွား လာခြင်းများနှင့်အတူ Steven Law၏ လုပ်ရည်ကိုင်ရည် ပါးနပ်မှုကြောင့် ၂၀၀၅ ခုနှစ်မှစတင်ပြီး Asia World ဆိုသည့် နဂါးကြီး မြန်မာပြည်တွင် အမောက်ထောင် လာခဲ့ပါသည်။

အထူးသဖြင့် ဦးရှစ်လုံး တာဝန်ယူရသည့် စစ်တပ် တပ်ထောက်ဌာနရှိ ဆောက်လုပ်ရေး လုပ်ငန်းကြီးများနှင့် မြန်မာစီးပွားရေး ကော်ပိုရေးရှင်း (MEC) ၏ စက်ပစ္စည်း ၀ယ်ယူမှုများ သွင်းကုန်လုပ်ငန်းများ အားလုံး တစ်ဦးတည်း ကိုယ်စားလှယ်ရရှိခဲ့ပြီး ငွေဖြူများ တိုးပွားလာပါသည်။ မူးယစ်မှရရှိသော ငွေမဲများကို ငွေဖြူလုပ်ရာတွင် ဗိုလ်ကြီးဟောင်း အေးချစ် (ဇင်ထက် ဘိလပ်မြေရောင်းဝယ်ရေး) နှင့်ပူးပေါင်းပြီး နှစ်စဉ် ဘိလပ်မြေတန်ချိန် ၃ သန်းနှင့် သံချောင်းလုံးတန်ချိန် ၁ သိန်းခန့်ကို ပြည်ပမှ ဘဏ်ငွေစာရင်းများဖြင့် ၀ယ်ယူပြီး MEC ပြည်တွင်းကျပ် ငွေဖြင့်ပေးချေခဲ့ပါသည်။ Steven Law သည် ဘိလပ်မြေတင်သွင်းမှုကြောင့် ရရှိသည့်ကျပ်ငွေအား ပြည်တွင်းမှ ၀န်ထမ်းများ၏ လစာနှင့်၎င်း၏ Asia W0rld ဘဏ်လုပ်ငန်းများတွင် အသုံးပြုလျက်ရှိပါသည်။ ဦးရှစ်လုံး နယက အတွင်းရေးမှုး(၁)ဖြစ်လာချိန်တွင် စစ်တပ်စီးပွားရေးသာမက အရပ်ဘက်ဝန်ကြီးဌာန စီမံကိန်းလုပ်ငန်းကြီးများ ကိုပါ လက်ဝါးကြီးအုပ် ဆောက်လုပ်ခွင့်ရရှိခဲ့ပါသည်။ ငွေမဲမှငွေဖြူပြောင်းခြင်း၊ ငွေဖြူများတိုးပွားအောင် လုပ်ခြင်းတို့ကို ၄င်းရရှိခဲ့သည့် စီးပွားရေး အခွင့်အလမ်းများအား အသုံးချနိုင်ခဲ့ပြီး ယခုအခါ ထိပ်ထိပ်ကြဲစီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦး ဖြစ်နေပါသည်။

အေရှားဝေါ(လ်) ကုမ္ပဏီ မြစ်ဆုံဆည် စီမံကိန်းမှ ဝန်ထမ်းကဒ် (ဓာတ်ပုံ ဒီမိုဝေယံ)
တရုတ်ကုမ္မဏီကြီးများ၏ ကိုယ်စားလှယ်(ပွဲစား)အဖြစ် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးများ ကိုချုပ်ကိုင်ထားပြီး မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းတွင်လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုကို လေ့လာမှု မပြုဘဲ ကော်မရှင်ရရှိရေး လောဘဇောဖြင့် လုပ်ဆောင်ခဲ့ပါသည်။ တရုတ်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏သယံ ဇာတများကို အမြတ်ကြီးစားရယူနိုင်ရန် Steven Law ကို အသုံးချပြီး မြန်မာနိုင်ငံ၏စီးပွားရေး လုပ်ငန်းကြီးများကို ကြိုးကိုင် လုပ်ဆောင်နေကြောင်း အနောက်နိုင်ငံများမှ ထင်မြင် ယူဆထားပါသည်။
၂၀၀၈ ခုနှစ်အတွင်း U.S Department Of The Treasury အင်တာနက် ၀ဘ်ဆိုက်မှာ ဖော်ပြချက်အရ Steven Law ၏ Financlal Network တွင် မူယစ်ဆေးဝါးနှင့် ဆက်နွယ်နေသော Asia World ၏ လုပ်ငန်းများကို ဖော်ပြထားရှိပါသည်။

အထင်ရှားဆုံး ဖြစ်ရပ်တစ်ခုမှာ ၂၀၀၉ခုနှစ် ဇန်န၀ါရီလကုန်ပိုင်းက Asia World ဆိပ်ကမ်းမှ ထိုင်ဝမ်ကိုထွက်ခွာမည့် ကုန်တင်သဘောင်္ပေါ်က သစ်သားချောင်းများ အတွင်း ဘိန်းဖြူဘလောက် တုံး ၆၄ တုံး (အမေရိကန်ဒေါ်လာ ၄ သန်းခန့်) ဖမ်းဆီးခံခဲ့ရပါသည်။ သို့ပေမဲ့လည်း Steven Law ဟာ ဖမ်းဆီး ခံရခြင်းမရှိဘဲ ၄င်း၏စီးပွားရေးလုပ်ငန်းများ ပိုမိုကြီးထွားလာခဲ့ခြင်းကို အများက အံ့အားသင့်ခဲ့ကြရပါသည်။

၁၉၉၅ ခုနှစ်ခန့်က မူးယစ်ဆေးဝါးဘုရင်၏ သားဖြစ်လို့ ကမ္ဘာကျော် ရှန်ဂရီလာ ဟိုတယ်များ၏ ဒါရိုက်တာအဖွဲ့ဝင် အဖြစ်မှ နှုတ်ထွက်ခဲ့ရသော Steven Law သည် မူးယစ်ငွေမဲများကို ပြည်တွင်းစီးပွားရေး ကုမ္ပဏီအမည် အမျိုးမျိုးဖြင့် ငွေဖြူလုပ်လာနိုင်ခဲ့သဖြင့် ၂၀၁၁ ခုနှစ်တွင် စင်္ကာပူနိုင်ငံ၏ (Asia News) သတင်းဌာနတွင် ဒေါ်လာသန်းပေါင်းများစွာ ရှယ်ယာပိုင်ဆိုင်ထားပြီးဖြစ်ပါသည်။ ၄င်းရှယ်ယာများသည် သူတစ်ဦး တည်းပိုင် ဟုတ်-မဟုတ် ဆိုတာ ခေတ်သစ်မူးယစ်ဘုရင် ကိုချူးသာ သိရှိနိုင်မည်ဖြစ်ပါသည်။

( ဆောင်းပါးရှင် - ရွှေဓူဝံ )

ရဲလုံခြုံရေးမရှိ တအိမ်တ ယောက်မလာမနေရ

Henry Maung Thant
အထုပ်ကိုယ်စီရကြတဲ့ .... တနင်္သာရီတိုင်းမြိတ်မြို့ ငြိမ်ချမ်ရေး ထောက်ခံဆန္ဒပြပွဲပါ
... ပေါ်ပေါ်တင်တင်ဘဲ ... မရှက်ပါဘူး .... ရှက်ရင်ငတ်သွားမှာပေါ့နော်တဲ့ ....
တအိမ်တစ်ယောက်မလာမနေရ ဌါနဆိုင်ရာတွေ မီသတ်တွေပါမကျန်
ဘာတွေအော်မှန်မသိ။ မြင်တဲ့အတိုင်ဘဲ့ အထုတ်လေကိုယ်စီ ရကြတယ်


Ko Ko Chit
ဘိတ်မြို့ရဲ့ ခွင့်ပြုချက်တင်စရာမလို ပုဒ်မ၁၈/၁၉နဲ့မညှိ
စပီကာကြိုက်သလိုသုံး ရဲလုံခြုံရေးမရှိ တအိမ်တ
ယောက်မလာမနေရ အထုပ်တွေကိုစီနဲ့ အော်
ချင်သလိုအော် ( အချုပ်အချာတည်တံ့ခိုင်မြဲရေး)
တဲ့

ဒါလားဟေ့ ဒီမိုကရေစီ