Tuesday, December 29, 2015

လိပ်ကျွန်းဆန္ဒပြပွဲတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေးအရ လှုံ့ဆော်မှုတွေ တကယ်ရှိနေတာလား

r


အင်ဘရန် လတောင်

ကွမ်းတဗျစ်ဗျစ်နဲ့ ပေါင်မုန့် ခေါက်.. နေမျိုးဝေ ငမူး ... တို့ က ဟောပြောတဲ့ ဗိုလ်စိန်မှန်
က ပွဲ တဲ့ .. ကျက်သရေတုံးလိုက်တာမပြောနဲ့ .. ဘယ် လက်မည်းကြီးက မီးစိမ်းပြတယ်
တော့ မသိ ပြောလိုက်တာ စောက်ကြီးစောက်ကျယ်နဲ့ .. လိပ်ကျွန်းက ကောင်လေး
၂ သက်ကနေ မြန်မာထိုင်းပဲ စစ်အကြီးစားကြီးဖြစ်မှာလိုလို ဘာလိုလိုနဲ့ ...
တိုင်းပြည်မငြိမ်ဘူး ဆိုရင် တရားခံက အဲဒီ ကျက်သတုံးတွေပဲ လို့ သာမှတ်လိုက်..
ဘယ်တော့မှ လဲ တိုင်းပြည်အတွက် မကောင်းခဲ့သလို အဖျက်အမှောင့်တွေပဲ
လုပ်နေတဲ့ လက်ကိုင်တုပ်တွေ ထမင်းလွတ်ရူးနေတာ.. ကျက်သရေကိုတုံးတယ်


Soe Moe Kyaw
December 27
အမိန့်ချပြီး နာရီပိုင်းအတွင်း ခွင့်ပြုမိန့်တောင် မယူဘဲ နေမျိုးဝေ တပည့်တွေ ဆန္ဒထပြတာ
 လိုတာထက်ဆိုပြီး ဒီကိစ္စကို Double Standard လုပ်ပြနေကတည်းက တခုခုပဲလို့ထင်နေခဲ့ တာ....
ငါးမင်းဆွေ ရောက်လာတယ်၊ငြိမ်းချမ်း ဆိုတဲ့ ကောင်ရောက်လာတယ်၊ခု ပါမောက္ခတို့ အုပ်စုပါ
...ပါလာတယ် မဆီမဆိုင် ပါဝါ ၅၄ ရှေ့ပါ သွားနေကြပြီ ဆိုတော့....
အင်း အဖြူထည် မျိုးချစ်စိတ်တွေ နောက်ကွယ်က လက်မဲ ကြီးရဲ့ အသုံးချခံတွေတော့ မဖြစ်စေနဲ့ ဗျို့....။

လိပ်ကျွန်းဆန္ဒပြပွဲတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေးအရ လှုံ့ဆော်မှုတွေ
တကယ်ရှိနေတာလား
|| စိုင်းထွန်းအောင်လွင် ||
ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ဗြိတိသျှ စုံတွဲ အသတ်ခံရတာနဲ့ ပတ်သက်လို့
မြန်မာရွှေ့ပြောင်း လုပ်သား နှစ်ဦးကို သေဒဏ်ချမှတ်ခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့
နောက်ပိုင်းမှာတော့ အားလုံးသိကြတဲ့ အတိုင်းပါပဲ။ နိုင်ငံတစ်ဝန်းမှာ လူသတ်မှုနဲ့
ပတ်သက်လို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာနေခဲ့တာပါ။ ဆန္ဒပြပွဲတွေ ဖြစ်လာနေတာ
ဆိုရင် လေးရက်လောက်ကို ရှိနေပါပြီ။ အရင်က နိုင်ငံတကာသတင်းတွေမှာသာ
တွေ့ရတတ်တဲ့ မိမိနိုင်ငံသား မတရားခံရရင် နိုင်ငံတစ်ဝန်းလုံး ပြုလုပ်တတ်တဲ့
ဆန္ဒပြပွဲတွေလို ကိစ္စမျိုးတွေဟာ မြန်မာပြည်မှာ မြင်တွေ့ရတော့ ပြည်သူတွေရဲ့
စည်းလုံးမှုကို အားတက်မိတာလည်း အမှန်ပါပဲ။ ဒါပေမဲ့လည်း စိတ်ပူပန်စရာ
ကိစ္စတွေလည်း တစ်ပြိုင်နက်တည်း တွေ့ရလာရတယ်လို့ ဆိုချင်ပါတယ်။
စာရေးသူကိုယ်တိုင်လည်း ရန်ကုန်မြို့က ထိုင်းနိုင်ငံဆိုင်ရာ သံရုံးရှေ့က ဆန္ဒပြပွဲတွေ
ကို သွားရောက် လေ့လာခဲ့ပါတယ်။ အွန်လှိုင်းတွေပေါ်က လှုံ့ဆော်မှု တွေကလည်း
တရားမျှတမှုအတွက် အဓိကကျတဲ့ ဒီအမှုအတွက် ဘေးထွက် ဆိုးကျိုးကို
မြင်လာရတဲ့ သဘောမျိုးလည်း တွေ့မြင်လာရပါတယ်။ ဥပမာအားဖြင့် ထောင်နဲ့ချီတဲ့
ဆန္ဒပြသူတွေကိုသံရုံးရှေ့မှာပဲ ဆန္ဒပြနေတာက တစ်ပိုင်း မြို့ထဲကို လူအုပ်တွေနဲ့
ချီတက် စည်းလွတ်ဝါးလွတ် ချီတက်လာတာတွေက စလို့ လူမှုကွန်ရက်
မီဒီယာတွေမှာ မဆီမဆိုင် ထိုင်းနိုင်ငံသားတွေကိုပါ ရုန့်ရင်းကြမ်းတမ်းမှု အပြည့်နဲ့
ဆဲဆိုနေကြတာတွေ အဆုံးပါ။ လေ့လာသူတွေနဲ့ နိုင်ငံရေး အသိုင်းဝိုင်းကြားမှာ
လည်း စိုးရိမ်မှုအချို့လည်း ရှိလာနေခဲ့တာပါ။ နောက်ဆုံး သတင်းတွေအရ
ဆိုရင်တော့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးအေးသာအောင်
ကိုယ်တိုင် ရခိုင်နှစ်ဦး မတရား သေဒဏ်ချမှတ်ခံတဲ့အတွက် တုံ့ပြန်ဆန္ဒပြတာကို
ကြိုဆိုရမှာဖြစ်ပေမယ့် ဆန္ဒပြမှုတွေအပေါ် နိုင်ငံရေးအရ အမြတ်ထုတ် အသုံးချတာ
တွေ မဖြစ်သင့်ကြောင်း သတိပေးပြောဆိုမှုတွေ လုပ်လာခဲ့ပြီဖြစ်သလို ထိုင်းနိုင်ငံ
ရဲချုပ်ကလည်း လိပ်ကျွန်းဆန္ဒပြမှုတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေးအရ လှုံ့ဆော်မှု
တွေ ရှိနိုင်တယ်လို့ ဆိုလာတာ တွေ့ရပါတယ်။
တကယ်တော့ လိပ်ကျွန်းအမှုက တရားမျှတမှု ပြသ၁နာပါပဲ။ နိုင်ငံရေး၊ လူမျိုးရေး၊
ဘာသာရေး ပြသ၁နာလည်း မဟုတ်ပါဘူး။ နိုင်ငံရဲ့ နှစ်ပေါင်းများစွာ ဆင်းရဲနေမှု၊
ချွတ်ခြုံကျနေမှုက တစ်ဆင့် တိုင်းသူပြည်သားတွေ အစုလိုက် အပြုံလိုက်
နိုင်ငံရပ်ခြားကို တရားဝင်တာရော ၊ မ၀င်တာပါ ရေကြည်ရာ မြက်နုရာ သွားရောက်
ရာမှ ကြုံတွေ့နေခဲ့ရတဲ့ ပြသနာတစ်ရပ်သာ ဖြစ်ပါတယ်။ ဗြိတိသျှစုံတွဲနှစ်ဦး
အသတ်ခံခဲ့ရမှုက တရားမျှတမှု ပြသ၁နာဆိုတာတောင် တကယ့် တရားခံက
ဘယ်သူဆိုတာ ပြောရခက်တဲ့ အနေထားရှိနေဆဲပါပဲ။ ဘာပဲဖြစ်ဖြစ် ခုလိုလိပ်
ကျွန်းအမှုကနေ ပြည်သူတွေ အမျိုးသားအရေး နှိုးကြားတက်ကြွလာဟာ
ကြိုဆိုရမယ့်ကိစ္စပါ။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်းပဲ ရှိသင့်တာထက် ၊
လုပ်သင့်တဲ့ အတိုင်းအတာထက် ပိုလာရင် ဘယ်ဟာမှ မကောင်းပါဘူး။ အခု
လိပ်ကျွန်းကိစ္စမှာလည်း နောက်ပိုင်းမှာ စိုးရိမ်စရာအချက်တွေ ရှိလာတာ ငြင်းမရ
နိုင်တဲ့ ကိစ္စပါ။ ဥပမာအားဖြင့် သံရုံးနားမှာ ဆန္ဒပြ ၊ အချိန်တန်ရင် ပြန်သွားဆိုတဲ့
ကိစ္စတွေက ကိစ္စမရှိပေမယ့် ရန်ကုန်မြို့ထဲ ဆူးလေလောက်အထိ ချီတက်မှုတွေ
လုပ်လာတာက ရေရှည်မှာ မလိုလားအပ်တဲ့ ပြသ၁နာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် ဆန္ဒစပြတဲ့ နေ့ကစခဲ့ပုံတွေကို ကြည့်မယ်ဆိုရင်လည်း လူမှုကွန်ရက်မှာ
ကြက်ဖကြီးဆိုတဲ့ သံသယရှိစရာ ကောင်းတဲ့ အကောင့်က လှုံ့ဆော်တယ် ၊
အမျိုးသားရေး ၀ါဒီယောင်ယောင် အမုန်းစကားတွေ တောက်လျှောက် ဖြန့်ဖြူးတဲ့
နေမျိုးဝေ တပည့် နောင်တော်လေး ( မြန်မာအမျိုးသားကွန်ရက် ၊ သမ္မတဦးသိန်းစိန်
ကို ထောက်ခံသူ) တို့က ဆန္ဒစပြတယ်။ မဘသကိုယ်တော်တွေပါ ပါလာတယ်ဆိုတဲ့
အထိပါပဲ။ စာရေးသူဆိုလိုတာက အားလုံး နိုင်ငံချစ်စိတ်နဲ့ လုပ်နေတာကို အပြစ်
မြင်နေတာ မဟုတ်ပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဆန္ဒပြတဲ့ မဘသ ကိုယ်တော်
အချို့ ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့သွားတဲ့အထိ ဖြစ်လာပြီး ဘာမှ
မကူညီနိုင်ရကောင်းလားဆိုကာ တောင်းဆိုမှုတွေ လုပ်လာတာလည်း တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီအနေနဲ့ ဥပဒေကြောင်းအရ လိုအပ်တဲ့
ကူညီမှုတွေလုပ်သွားမယ်လို့ အစကတည်းက ပြောဆိုပြီးသား အခြေအနေပါ။
အမှုကလည်း ပြီးပြတ်သေးတာ မဟုတ်ပါဘူး။ အဆင့် နှစ်ဆင့် အယူခံတင်နိုင်
သေးတဲ့ အခြေအနေပါ။ ဒီအချိန်မှာ ဒီမိုကရေစီခေါင်းဆောင်ဆိုပြီး တခြားနိုင်ငံရဲ့
လွတ်လပ်တဲ့ တရားစီရင်ရေးကို ဖိအားပေးဖို့ဆိုတာ တကယ်တော့ မလွယ်တဲ့
ကိစ္စပါပဲ။ ဥပဒေကြောင်းအရ အကူညီပေးတာမျိုး ဘာမျိုးကတော့ ဖြစ်နိုင်ပါတယ်။
အမှုလုံးလုံးပြီးပြတ်သွားမှ ဆိုရင်လည်း တစ်မျိုးပါ။
ဒါပေမဲ့ အခုဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့သွားခဲ့တဲ့ ကိစ္စမှာ စဉ်းစားစရာကတော့
တစ်ချိန်လုံး သမ္မတဦးသိန်းစိန်နဲ့ ကြံ့ခိုင်ရေးပါတီကို ထောက်ခံတဲ့ သဘောမျိုးပြခဲ့တဲ့
မဘသ အဖွဲ့ဝင် တချို့အနေနဲ့ သမ္မတ ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့က
လိပ်ကျွန်းအရေး လုပ်နေပြီ၊ ဒေါ်အောင်ဆန်းစုကြည်က ဘာမှ မလုပ်သေးဘူးလား၊
ဒါဆို ဘာကြောင့် ပြည်သူတွေဆီက မဲယူထားသလဲဆိုတာမျိုး လာလုပ်တာလား
ဆိုတာကလည်း စဉ်းစားစရာပါ။ မြို့တော်တော်များများမှာ ဖြစ်နေတဲ့ ဆန္ဒြုပပွဲတွေ
လိပ်ကျွန်းအရေး ဆုတောင်းပွဲတွေမှာလည်း မဘသ အဖွဲ့ဝင်တွေ ဦးဆောင်နေတဲ့
သတင်းတွေ တက်လာနေပါတယ်။ ဘာသာရေး အစွန်းရောက်လို့ နိုင်ငံတာက
ရှုမြင်ခြင်းခံရတဲ့ မစိုးရိမ်တိုက် ဆရာတော် ဦးဝီရသူ ကိုယ်တိုင်လည်း မဘသတွေရဲ့
ဆန္ဒပြပွဲ ဦးဆောင်နေမှုအပေါ် လူမှုကွန်ရက် မီဒီယာကတစ်ဆင့် ပရိုမိုးရှင်းလုပ်ပေး
နေတာ အားလုံးအသိပါပဲ။
ဒါပေမဲ့ စိတ်ဝင်စားစရာ ကောင်းတာက မြန်မာနှစ်ဦးအတွက် ရှေ့နေလိုက်ပေးသူ
ကိုတောင်မှ မပံ့ပိုးပေးနိုင်၊ ရှေ့နေခ မပေးနိုင်တဲ့ အစိုးရအပေါ် ဆန္ဒပြပွဲ
ဦးဆောင်သူတွေက ဝေဖန်တာ မကြားမိသလောက်ပါပဲ။ အခုအချိန်က အာဏာ
လွှဲပြောင်းရေးအတွက် တည်ငြိမ်မှု ရှိရမယ့် အချိန်ဆိုတာလည်း ဂရုစိုက်တဲ့ပုံ
မပေါ်ကြပါဘူး။ စာရေးသူဆိုလိုတာက ကိုယ့်နိုင်ငံသား မတရားခံရတဲ့အတွက်
ဆန္ဒပြကြတာကို အပြစ်တင်နေတာ မဟုတ်ပါဘူး ။ ကိစ္စရပ်တိုင်းမှာ ကန့်သတ်
ချက်တွေ ရှိပြီးသားဖြစ်တဲ့အတွက် လိုအပ်တာထက် မပိုကြတာ အကောင်းဆုံးပါပဲ။
ဒါ့အပြင် လူမှုကွန်ရက် မီဒီယာတွေမှာ အမုန်းစကားတွေနဲ့ လူမျိုးရေးအရ ပြသ၁နာ
ဖြစ်နေသလိုလို လှုံ့ဆော်နေတဲ့ ကိစ္စတွေကိုလည်း နှစ်နိုင်ငံ ဆက်ဆံရေးပျက်မှာကို
အလေးမထားဘဲ အစိုးရအနေနဲ့ ဘာမှ ထိထိရောက်ရောက် သတိပေးပြောဆိုတာ
မတွေ့ရပါဘူး။ ယုတ်စွအဆုံး လူတွေ ခွင့်ပြုမိန့်တွေမယူဘဲ ချီတက်ဆန္ဒပြနေတာ
တွေကို အမှုဖွင့်ထားတာ တစ်နေရာမှ မတွေ့ရသေးပါဘူး။ ဒါက အံ့သြစရာကိစ္စရပ်
ပါပဲ။ အခုနောက်ဆုံး ထိုင်းသံရုံးက ကောင်စစ်ဝန်ဌာန ပိတ်လိုက်မှသာ ဆန္ဒပြသူတွေ
ကို အဲဒီအနားကနေ လူစုခွဲခိုင်းတာတွေ ဘာတွေ လုပ်လာခဲ့တာပါ။
ဒါ့အပြင် အခုလို လိပ်ကျွန်းကိစ္စဖြစ်နေတဲ့ အချိန်မှာသမ္မတနဲ့ တပ်မတော်ကို
အလွန်အမင်း အကာကွယ်ပေး၊ အသာပေးထားတဲ့ ဥပဒေကြမ်းတွေကို အတည်ပြုဖို့
ကြိုးစားလာတာလည်း တွေ့ရပါတယ်။ ဒါကိုလည်း သတိမမူကြတဲ့ လူတွေ
ပိုများနိုင်ပါတယ်။ ကျောက်စိမ်းတွေလည်း ပရမ်းပတာ တူးနေဆဲပါပဲ။ တကယ်တော့
အခုလို တိုးတက်တဲ့ ခေတ်သစ်ကမ္ဘာကို ရောက်နေချိန်မှာ မြန်မာနိုင်ငံသား
သုံးသန်းကျော် အနေနဲ့ ထိုင်းမှာ အလုပ်လုပ်နေရတာ၊ အများစုက အောက်ခြေ
ရွှေ့ပြောင်းလုပ်သားတွေဖြစ်ပြီး ကြုံရာကျပန်း လုပ်နေရတာ ၊ တရားမ၀င်
လုပ်သားတွေ ဖြစ်နေတာတွေဟာ အခုမှ ဖြစ်လာတဲ့ ပြသ၁နာမဟုတ်ပါဘူုး။
ကာလရှည်လျားလှတဲ့ စစ်အာဏာရှင် စနစ်ရဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေကြောင့်
ခြစားမှုတွေ ၊ ဆင်းရဲမွဲတေမှုက တစ်ဆင့် ဖြစ်နေတဲ့ ပြသ၁နာတွေပါ။ အခု
မြန်မာလုပ်သားနှစ်ဦးကို ကြည့်ရင်ပဲ တရားမ၀င် ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်နေပြီး
ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်နေတာကြောင့်ပဲ ဘ၀ တူ ရွှေ့ပြောင်းလုပ်သားတွေ
ဆီကနေ လုံလောက်တဲ့ သက်သေ မရခဲ့တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ပြီးတော့
အခင်းဖြစ်ပွားခဲ့တဲ့ နယ်မြေကလည်း လူမိုက်ဂိုဏ်းတွေ အားကောင်းတာပါ
တွက်လိုက်ရင် တရားမ၀င် လာရောက် အလုပ်လုပ်နေသူတွေအနေနဲ့ သက်သေ
လိုက်ရင်း ကိုယ်ပါ ဒုက္ခရောက်မယ့် အဖြစ်ကို ရောက်ခံကြပါ့မလား ဆိုတာကလည်း
စဉ်းစားစရာပါ။ တာဝန်ကျေသယောင် လုပ်နေတဲ့ မြန်မာသံရုံးတို့ ၊ အစိုးရတို့က
လည်း အခုထိ အမှုလိုက်ရှေ့နေကို ရှေ့နေခတောင် မပေးတာကြည့်ရင် ကိုဇော်လင်း
၊ ကိုဝင်းဇော်ထွန်းတို့နဲ့ အတူ နေထိုင်တဲ့ တရားမ၀င် ရွှေ့ပြောင်း လုပ်သားတွေက
သက်သေ ထွက်ပေးနိုင်အောင် ၊ မိသားစုတွေကို နောက်ဆံ မတင်းနိုင်အောင်
ကူညီပေးပါ့မလား ( မှတ်ချက် ၊ သက်သေထွက်တဲ့ ရွှေ့ပြောင်း လုပ်သားကလည်း
တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုနဲ့ ဥပဒေအရ ထောင်ဒဏ် ချမှတ်ခံရနိုင် ) ဆိုတာ
စဉ်းစားစရာပါပဲ။ ဒါ့အပြင် အလွန်အကျွံ ဖိအားပေးလို့ နှစ်နိုင်ငံဆက်ဆံရေးတွေ
ပျက်ယွင်းပြီး တစ်ခုခုဖြစ်ခဲ့ရင် ထိုင်းနိုင်ငံရောက် မြန်မာတွေအနေနဲ့ ဘယ်လို
ဆက်လက်ရပ်တည်နေရမလဲ။ လူသုံးသန်းလောက်ရှိတဲ့ မြန်မာလုပ်သားတွေ အနေနဲ့
ပြည်တော်ပြန်ရရင်ကော မြန်မာမှာ သူတို့ကိုပေးဖို့ အလုပ်အကိုင်တွေ အဆင်သင့်
ရှိနေပြီလား ဆိုတာကအစ စဉ်းစားသင့်ပါတယ်။
တကယ်တော့ အမျိုးသားရေး စိတ်ဓာတ်ဆိုတာ ရှိကိုရှိရမယ့်ကိစ္စပါ။ အမျိုးသားရေး
ကို အလွန်အကျွံ ဗန်းပြပြီး မိမိလိုလားသူ နိုင်ငံရေးအရ ရှေ့ရောက်ဖို့ အတွက်
ကြိုးစားတာမျိုးက သိပ်မသင့်လျော်ပါဘူး ။ မြန်မာပြည်သူတွေ အနေနဲ့ ပြီးခဲ့တဲ့
ရွေးကောက်ပွဲမှာကတည်းက အမျိုးသားရေး ဘာသာရေးနဲ့ ပတ်သက်လို့
စာမေးပွဲအောင်ခဲ့ကြပြီးပြီ ဆိုတာ အမျိုးသားရေးအရ အရောင်ဝင်ဆိုးချင်သူတွေ
မမေ့ဖို့လိုပါတယ်။ အခုချိန်မှာတော့ လိပ်ကျွန်းကိစ္စက ကမ္ဘာကလည်း သိနေပြီ
ဖြစ်တဲ့အတွက် ဥပဒေကြောင်းအရ အယူခံတင်တဲ့ အချိန်တွေမှာ မျှတမှုရှိအောင်
စောင့်ကြည့်ရမယ့် အချိန်လို့ ဆိုရမှာပါ။ တစ်ချိန်တည်းမှာလည်း နှစ် ၅၀ ကျော်
အတွင်း အရပ်သားအစိုးရ တစ်ရပ် တက်လာမယ့် အခွင့်အရေးအတွက် တည်ငြိမ်မှု
ဆိုတာ လိုအပ်နေပါတယ်။ ရခိုင်တိုင်းရင်းသားတွေ အနေနဲ့လည်း အရှည် ကို
ကြည့်ဖို့လိုပါတယ်။
ယုတ်စွအဆုံး လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တော်တော်များများကို
အသိအမှတ်ပြု ဆွေးနွေးနေတာတောင် ရခိုင်တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ AA
ရက္ခိုင့်တပ်မတော်ကို အစိုးရက လက်ခံတာ မဟုတ်ပါဘူး။ အမျိုးသားရေးအရ
ညီညွတ်ကြတယ် ဆိုပေမယ့် ကချင်ဆရာမအမှု အခုထိ မပေါ်သေးတာ အစိုးရ
ဘက်က ပေါ်အောင် မကြိုးစားတာ ၊ အဲဒီအမှုပေါ် အခုလို အုံလိုက်ကျင်းလိုက်
ကန့်ကွက်မှုတွေ မရှိခဲ့တာ ၊ နော်ခမ်းကို တရုတ်က သေဒဏ်ပေးတုန်းက အစိုးရ
ကိုယ်တိုင် ဒီအတိုင်း ကြည့်နေခဲ့တာတွေက လွှတ်ချင်တဲ့ ကိစ္စလွှတ်ပေး၊ ထိန်းချင်တဲ့
ကိစ္စ ထိန်းမယ်ဆိုတဲ့ သဘော သက်ရောက်နေပါတယ်။ အခုနောက်ဆုံး မန္တလေးမှာ
ဖြစ်ခဲ့တဲ့ မဘသ တွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲဆိုရင် တရားမျှတမှု အတွက်
တောင်းဆိုတာ မဟုတ်တော့ပဲ ထိုင်းဆန့်ကျင်ရေးအသွင် လှုံ့ဆော်လာတာ
တွေ့ရပါတယ်.။ ဒါဟာ တော်တော်လေးကို ဆိုးဝါးပါတယ်။ ထိုင်းနဲ့ ကုန်သွယ်မှု
အသွားအလာတွေ ရပ်တန့် အဆက်ဆံတွေ မလုပ် ၊ အာဆီယံ အရှေ့အနောက်
စင်္ကြန်လမ်းမတွေ ပိတ်ဖို့ တောင်းဆိုနေသူတွေ ၊ လူမျိုးရေးအရ လှုံ့ဆော်နေသူတွေ
ဟာ တကယ်တော့ စစ်အာဏာရှင်ကို ပြန်လာပါဆိုပြီး လက်ယပ်ခေါ်နေသူတွေပါပဲ။
ဆန္ဒပြမှုတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေးအရ ရည်ရွယ်ချက်တွေ ရှိမရှိဆိုတာက
တော့ ကာယကံရှင်တွေသာ သိပါလိမ့်မယ်။
စိုင်းထွန်းအောင်လွင်
The Ladies News Journal

0 အကြံပြုခြင်း: