Sunday, December 27, 2015

အောက်လမ်းနည်းတွေရပ်ကြပါ

အိမ်မီးလောင်ချိန် ထမိန်စုတ် ဝင်ခိုးတာ ကာလုံဥပဒေမူကြမ်းပါ...သမ္မတလဲသိစရာမလို လွှတ်တော်ဥက္ကဌလဲသိစရာမလိုအရေးပေါ်ရင် အာဏာသိမ်းမယ်တဲ့....အခုဝင်းနဲ့ဇော်အတွက် ဆန္ဒပြပြည်သူတွေကြားငါးမင်းဆွေလိုကောင်တွေ စလုံးကနေဒေါ်စုမကောင်းကြောင်းအွန်လိုင်းက ပြောနေသူတွေလူမြင်ကွင်းတက်လာပြီးလုပ်ပိုင် ခွင့်မရှိသေးတဲ့အန်နယ်ဒီကိုအပြစ်ဖို့တာကိုဦး တည်လာတယ်၊အခုဆန္ဒပြနေတာ ထိုင်းတရားစီရင်ရေးမှန်ကန်ဖို့၊စစ်ဆေးချက်မှန်ကန် ဖို့တောင်းဆိုတာအင်အားပြတာ၊အဲဒါကို အရေးပေါ်ရင်အာဏာသိမ်းမယ်ဆိုတာကြီးနဲ့ကိုက် ညီအောင်ဖွတာမျိုးတွေရှိလာနေတယ်.. ၀င်းနဲ့ဇော်အတွက်ဆန္ဒပြပြည်သူတွေအနေနဲ့အဲဒီ ထောင်ချောက်ထဲဝင်မသွားဖို့သတိချပ်စေချင်ပါတယ်

ဒီနေ့ ရန်ကင်းဘက်သွားရင်း အမေစုအိမ်ရှေ့က ဖြတ်သွားခိုက် ဆန္ဒပြနေကြတဲ့ ဘုန်းကြီးတချို့နဲ့ လူတစုကို ခြံဝမှာတွေ့တယ်။

ဘယ်လိုရည်ရွယ်ချက်နဲ့ လာသလဲဆိုတာ သိချင်လို့ သွားကြည့်ဖြစ်တယ်။ ထင်တဲ့အတိုင်းပါပဲ အများစုက အမေစုကို အမျိုးသားရေးမလုပ်ဘူးဆိုပြီး
ပြည်သူနဲ့ အမေစုကို သွေးခွဲတဲ့ စကားတွေပြောနေကြတယ်။ အများစုက ရခိုင်သံခပ်ဝဲ၀ဲ စကားပြောကြတယ် ဓာတ်ပုံထဲမှာပါတဲ့ ဘုန်းကြီးကအများဆုံးပြောတယ်။ ကျွန်တော်က ကားလမ်းတဖက်မှာ ရပ်ပြီးဓာတ်ပုံရိုက်တယ်။ ဗွီဒီယိုရိုက်တယ်။ ကျွန်တော့ဘေးမှာ ရဲနဲ့ စသုံးလုံးကလို့ထင်ရတဲ့ အရပ်ဝတ် ဗိုက်ရွှဲရွှဲ အော်ကီတော်ကီခါးချိတ်ထားတဲ့ ၃ယောက်လောက်ရှိတယ်။ ယောပုဆိုးအနက် နဲ့ အင်္ကျီအဖြူ (ငြိမ်း/ပွင့် ယူနီဖောင်း) ၀တ်ထားတဲ့ တက္ကသိုလ်ကျောင်းသားအရွယ် ကောင်လေး ၂ယောက်ထိုင်နေကြတယ်။ သိပ်မကြာဘူး ဗိုက်ရွှဲရွှဲတယောက်က ကောင်လေးတွေကို လှမ်းပြောတယ်။ ဟေ့ကောင်တွေ ဘာလုပ်နေတာလဲ မင်းတို့ကို ထိုင်ဖို့ခေါ်လာတာမဟုတ်ဘူးလို့ ပြောတယ်။ ကောင်လေးတွေ ချက်ချင်းပဲထ လူအုပ်ထဲဝင်ပြီး ဟိုအော်ဒီအော်လုပ်တော့တာပဲ။

လူအုပ်ထဲမှာ အသားမဲမဲ ရုပ်က စွမ်းအားရှင်ပုံနဲ့ အသက်က ၅၀ လောက်လူတယောက်က နိုင်ငံရေးက အဓိကမဟုတ်ဘူး အမျိုးကိုစောင့်ဖို့အဓိက အမျိုးမစောင့်သူတွေကို အာဏာမပေးနဲ့ စသဖြင့် ပြောနေပါတယ်။ ဘုန်းကြီးတပါးကလဲ ဒီဘက်ခြမ်းထိရောက်လာပြီး အမေစုက အမျိုးမစောင့်ဘူးလို့ ဒေါသနဲ့ပြောဆိုနေတယ်။ ဒီအချိန်မှာပဲ ဗိုက်ရွှဲရွှဲလူက ဘုန်းဘုန်း ဖြေးဖြေး ဖြေးဖြေး ဆိုပြီးပြောတယ်။ ဘုန်းဘုန်းကလဲ အဲဒီလူကို တရိုတသေနဲ့ အေးအေးဆိုပြီး လူအုပ်ထဲပြန်ဝင်သွားပါတယ်။

ကိုယ့်နားကိုယ့်မျက်လုံးတောင်မယုံချင်ဘူး ဖြစ်သွားတယ်။ တကယ့်ကို ကောက်ကျစ်ယုတ်မာစွာ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားနေကြတယ် ဆိုတာ တွေ့လိုက်ရတယ်။

ကျွန်တော်တို့လဲ စိတ်မကောင်းပါ။ ဒီ ၂ယောက်အတွက်တင် မဟုတ်ဘူး ပြည်ပမှာရော ပြည်တွင်းမှာရော ဆုံးရှုံးနစ်နာ ကျေကွဲစရာတွေ အများကြီးပါ။

ထိုင်းမှာ မြန်မာတွေ ခွေးသေ၀က်သေ သေနေရတာ အခုမှမဟုတ်ဘူး ၁၉၇၀ ပတ်ဝန်းကျင်က စခဲ့တဲ့ ဒုက္ခတွေပါ။ ပြည်တွင်းမှာလည်း ကိုယ့်တိုင်းရင်းသားအချင်းချင်း သတ်နေကြတာ ထောင်သောင်းချီ သေကုန်ပါပြီ။

တကယ်အမျိုးသားရေးကို မြတ်နိုးရင် မြန်မာပြည်သူတွေရဲ့ အသက်ကိုကယ်တင်ချင်ရင် ပြည်တွင်းစစ်ရပ်ဖို့ မတရားမှုတွေကိုရပ်တန့်ဖို့ ဖားကန့်မှာ ကျောက်တူးတာတွေရပ်ဖို့ ဆန္ဒပြကြပါ။

မတရားတဲ့ အပြစ်ပေးမှုနဲ့ အသက်ဆုံးရှုံးရမဲ့ ကလေး ၂ ယောက်ကို အသုံးမချကြပါနဲ့။ အောက်လမ်းနည်းတွေ ရပ်တန်းကရပ်ကြပါ။

အောင်မျိုးကျော်


၂၇၊ ၁၂၊ ၂၀၁၅

ဓာတ်ပုံ - EMG

အရပ်သားအစိုးရကို လွှမ်းမိုးမည့် ကာလုံဥပဒေကြမ်း လွှတ်တော်တွင် ဖြန့် ဝေ
အရပ်သားအစိုးရကို လွှမ်းမိုးထားမယ့် ကာလုံဥပဒေမူကြမ်းကို ပြီးခဲ့တဲ့ဒီဇင်ဘာ ၂၁ ရက် က အမျိုးသားလွှတ်တော်မှာ စတင်ဖြန့်ဝေခဲ့ပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဥပဒေကြမ်းတခုကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေထံ စတင်ဖြန့်ဝေပေးခဲ့တာဖြစ်ပြီး ဥပဒေကြမ်းပါ သတ်မှတ်ချက်တွေအရ သမ္မတဟာ ကာလုံမှာ သဘာပတိအဖြစ်ပဲ ရှိနေပြီး မဲပေးခွင့်လည်း မရဘူးလို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ရှင်းပြပါတယ်။
“ကာလုံ ၁၁ ယောက်မှာ စည်းဝေးလုပ်ရင် သမ္မတက သဘာပတိလုပ်ရမယ်ဗျာ။ သဘာပတိက မဲပေးခွင့် မရှိဘူး။ ကျန်တဲ့သူတွေပဲ မဲပေးရမယ်လို့ ပြောတယ်။ ကျန်တဲ့သူဆိုတဲ့အတွက် တပ်မတော်ဘက်က ၆ မဲ ဖြစ်နေတာပေါ့။ ကျန်တာက ၄ မဲပဲ ကျန်တာပေါ့။ မဲတူမှ သမ္မတ သဘာပတိက မဲပေးရမယ်ဆိုတော့ မဲက တူစရာ ရှိပါ့မလားဗျာ။”
အဖွဲ့ဝင် ၁၁ ယောက်ပါ ကာလုံ လို့ခေါ်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ကာချုပ်ကခန့်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီး ၃ ယောက်နဲ့ တပ်ဘက်ကတင်မယ့် ဒုသမ္မတ တယောက် အားလုံး ၆ယောက် ပါဝင်ပါတယ်။
ကျန် ၅ ယောက်က သမ္မတ၊ ဒုသမ္မတတယောက်၊ လွှတ်တော်ဥက္ကဋ္ဌ ၂ ယောက်နဲ့ နိုင်ငံခြားရေးဝန်ကြီး ၁ ယောက်တို့ ဖြစ်ပါတယ်။
ဒီဥပေဒကြမ်းကို အခု ကျန်နေသေးတဲ့ ပထမအကြိမ်လွှတ်တော်သက်တမ်းအတွင်း အပြီးသတ် အတည်ပြုဖို့ အကြောင်းရှိတယ်လို့လည်း ဦးဖုန်းမြင့်အောင်က ပြောပါတယ်။
တခါ အခု ဖြန့်ဝေလိုက်တဲ့ ကာလုံဥပဒေမူကြမ်းထဲမှာ တိုင်းပြည်ထဲ အရေးပေါ် အခြေအနေ ကြေညာတဲ့အခါ သမ္မတ မသိဘဲ ကြေညာလို့ရအောင် ထည့်သွင်းရေးဆွဲထား တယ်လို့လည်း ပြောပါတယ်။
“အရေးပေါ်စီမံဖို့ လိုလို့ရှိရင် ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးနဲ့ ကာကွယ်ရေး ဦးစီးချုပ်တို့ကပဲ ကျန်တဲ့သူတွေ သိစရာ မလိုဘဲ အစည်းအဝေးခေါ်ပြီးတော့ သမ္မတကို တင်ပြလို့ ရတယ်။ အရေးပေါ်စီမံဖို့ရှိရင် လွှတ်တော်ဥက္ကဋ္ဌတွေပါ အစည်းအဝေးခေါ်စရာ မလိုဘူးပေါ့ဗျာ။”
ဒီဥပဒေအတိုင်း အတည်ပြုလိုက်ရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သမ္မတဟာ ကာကွယ်ရေးဦးစီးချုပ်လောက် အခွင့်အာဏာ မရှိသလို ဖြစ်သွားနိုင်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အငြိမ်းစားယူမယ့် သမ္မတကို အကာအကွယ်ပေးထားတဲ့ ဥပဒေကြမ်းတခု လွှတ်တော်မှာ တင်ခဲ့ပါသေးတယ်။
Credit : DVB

26-12-2015

0 အကြံပြုခြင်း: