Friday, December 25, 2015

တရားခံအစစ်တွေကို ဖမ်းမိမယ်လို့ မျှော်လင့်ပါတယ်



ထိုင်းနိုင်ငံ လိပ်ကျွန်းက လူသတ်မှုနဲ့ ပတ်သတ်ပြီး
စာတွေ လိုက်ဖတ်ကြည့်တဲ့အခါ..
ခု ထိုင်းအစိုးရက အတည်ပြု ဖော်ထုတ်ထားတဲ့ လူသတ်တရားခံ
မြန်မာလူမျိုးကောင်လေးနှစ်ယောက်က တစ်ကယ့်အစစ် တရားခံ မဟုတ်ဘူးဆိုတာ
သေချာသည်ထက် သေချာလာတာကို တွေ့ရတယ်
ဖြစ်စဉ်ကို အကျဉ်းချုံးပြောရမယ်ဆိုရင်
Full Moon Day Night မှာ တိုးရစ်တွေ အဲဒီ ကမ်းခြေမှာ
တစ်နည်းအားဖြင့် ကမ်းခြေက ဘားတွေ ကလပ်တွေမှာ သောက်ကြစားကြတယ်
အဲဒီမှာ AC Bar လို့ ခေါ်တဲ့ ဘားမှာ ..ဒေးဗစ်နဲ့ ဟမ်နာ ဆိုတဲ့ ဗြိတိန်စုံတွဲ
 နှစ်ယောက်လည်း သူတို့ သူငယ်ချင်းတွေနဲ့ သောက်ကြစားကြတယ်
(ပုံ၁ - မှာ စားသောက်ဆိုင်မှာ သောက်နေကြတဲ့ ပုံကို တွေ့ရပါမယ်..
အဲဒီပုံမှာ .. ဟမ်နာရဲ့ ဖုန်းကို တွေ့ရမှာ ဖြစ်ပြီး ..
လူသတ်မှု ဖြစ်ပြီးတဲ့နောက်မှာ ... ထိုင်းဝန်ကြီးချုပ်က ဟမ်နာရဲ့ ဖုန်းကို
 မြန်မာလူမျိုး ကောင်လေးနှစ်ယောက် အခန်းမှာ တွေ့တယ်လို့ ဆိုခဲ့ပေမယ့် ..
တစ်ကယ်တမ်းကျ ဟမ်နာ့ဖုန်းက သူငယ်ချင်းမဆီမှာ ကျန်နေခဲ့ပြီး ..
အဲဒီဖုန်းကို သူမ သူငယ်ချင်းကလဲ ထိုင်းရဲတွေဆီမှာ လာရောက်အပ်နှံခဲ့ပြီး ဖြစ်ပါတယ်)

အဲဒီဆိုင်မှာ သောက်စားကြပြီး မျက်မြင်တစ်ချို့ရဲ့ အပြောအရ ဒေးဗစ်တို့ စုံတွဲနဲ့
 ဘားက လူတစ်ချို့နဲ့ စကားများ ရန်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်
ပြီးတော့ ..ည ၂ နာရီမှာ ဒေးဗစ်တို့ စုံတွဲ ဘားကနေ ထွက်လာပါတယ်
သူတို့ သူငယ်ချင်း ဗြိတိန်သား Mr. Sean
ဆိုသူတစ်ယောက်ပါလာပြီး ..ကမ်းခြေမှာ ဂီတာ တီးကြပါတယ်
အဲဒီမှာ .. ဘားက စကားများခဲ့တဲ့ ကိတ်စကို မကျေနပ်တဲ့ ထိုင်းလူဆိုးတစ်သိုက် ..
ဖြစ်နိုင်ချေ နှစ်ယောက် သုံးယောက် ရောက်လာပြီး ဒေးဗစ်တို့ သုံးယောက်နဲ့ တိုက်ခိုက်ကြတယ် ဆိုတာကို ပုံ ၂ မှာ ..
သွေးစွန်းနေတဲ့ ဂီတာရယ် .. လက်နဲ့ ခြေထောက်တွေမှာ ဒဏ်ရာရထားတဲ့Mr. Sean ရဲ့ ဓါတ်ပုံတွေကို
 ကြည့်ရင် သိနိုင်ပါတယ်

အဲဒီနောက်မှာMr. Sean ဟာ ကမ်းခြေကနေ ထွက်ပြေးလွတ်မြောက်လာပြီး
သူ့ ဖေ့ဘုတ်မှာ ... ထိုင်းမာဖီးယား လူဆိုးတွေက သူ့ကို လိုက်သတ်ဖို့ ကြိုးစားနေပါတယ်လို့ ဖွင့်ဟ ခဲ့တာကို ..
ပုံ ၃ မှာ မြင်ရပါလိမ့်မယ်
(Mr.Sean ဟာ နောက်ပိုင်းမှာတော့ သူ့ အသက်အနရယ်အတွက်
အမှန်တရားကို မျက်ကွယ်ပြုပြီး ...ထိုင်းတွေရဲ့ အလိုအတိုင်း . အဖြစ်မှန်တွေကို လိမ်လည်ထွက်ဆိုခဲ့ပုံရပါတယ်....
သူ့မှာ ရထားတဲ ဒဏ်ရာတွေက
စက်ဘီးမှောက်လို့ ရတာပါလို့ .. ထွက်ဆိုသွားခဲ့ပြီး ရန်ပွဲကို ဖျောက်ပြစ်ခဲ့ပါတယ်)
အဲဒီအဖြစ်အပျက်တွေကို ပိုသေချာတဲ့ အချက်အပြင်
မြန်မာ လူမျိုး ကောင်လေးတွေ မသတ်ဘူး ဆိုတာကို ဖော်ပြပေးမယ့်
အဓိက အချက်အဖြစ်
သေဆုံးသူ ဒေးဗစ်ရဲ့ အလောင်းကို စစ်ဆေးတဲ့ အချိန်မှာ ..
ဦးခေါင်း တစ်ဝိုက် မျက်နှာပြင်တွေမှာ .. တစ်လက်မအရွယ်ရှိတဲ့ ဓါးကို အသုံးပြုထားတဲ့
ဒဏ်ရာ ဒဏ်ချက်တွေကို တွေ့ရတာပါပဲ

ထို ဒဏ်ရာများ နည်းတူ ရန်ပွဲက လွတ်မြောက်လာတဲ့ Mr. Sean ရဲ့ လက်နဲ့ ခြေထောက်တွေမှာ
 ပုံစံတူ တစ်လက်မ ဓါးအသုံးပြုထားတဲ့ ဒဏ်ရာတွေကို တွေ့နိုင်ပါတယ်
ဒါကြောင့် ပေါက်တူးကို အသုံးပြုပြီး သတ်ခဲ့ပါတယ်ဆိုတဲ့ ထိုင်းရဲတွေရဲ့ မြန်မာလူမျိုးကောင်လေးတွေအပေါ်
 စွပ်စွဲထားတဲ့ အချက်တွေက မှားယွင်းနေတာ သိသာလာပါတယ်
ပုံ ၄ မှာ ကြည့်ပါ ပေါက်တူးကြောင့် မဟုတ်ပဲ ... တိုက်ခိုက်မှုမှာ သေချာကျွမ်းကျင်အောင် လေ့ကျင့်ထားတဲ့
ထိုင်း မာဖီးယား လူဆိုးတွေရဲ့ ... တစ်လက်မ ဓါး နဲ့ တိုက်ခိုက်မှုကြောင့်
ဒေးဗစ်တို့ စုံတွဲ သေဆုံးခဲ့ရတာကို ရှင်းလင်းစွာ နားလည်သွားပါလိ့မ်မယ်
ဒါကို ထိုင်းအစိုးရအနေနဲ့ ... ထိုင်းလုပ်ငန်းရှင် မာဖီးယားဂိုဏ်းတွေက
လာဘ်ငွေတွေ ရယူပြီး .. တစ်ကယ့် လူသတ်တရားခံတွေကို မျက်နှာလွှဲကာ
မြန်မာလူမျိုး မလည်မ၀ယ် ကောင်လေးတွေကို တရားခံအဖြစ် လွှဲချခဲ့တာပဲ ဖြစ်ပါတယ်
စတိုးဆိုင်ကနေ ဖမ်းမိတဲ့ ပုံရိပ်တွေအရ
သူတို့တွေက အခင်းဖြစ်ပွားရာ နေရာနဲ့ မီတာ အနည်းငယ် ကွာဝေးတဲ့နေရာမှာ ရှိခဲ့ပေမယ့်
ဒေးဗစ်တို့ စုံတွဲကို ကျူးလွန်ခဲ့တဲ့ မုဒိန်းမှု လူသတ်မှုတွေမှာ ပါဝင်ပါတ်သတ်မှု လုံးဝမရှိဘူးဆိုတာကို ကျွန်တော်တော့ ယုံတယ်ဗျာ
ဒီအမ်အေ စစ်တာ တူနေတာတို့ ... သူတို့ ကိုယ်တိုင်က ၀န်ခံတယ် တို့ ဆိုတာက
ရဲတွေက မိမိ လက်ခုပ်ထဲကရေ မှောက်လိုမှောက် လှန်လိုလှန်
လုပ်ချင်သလို လုပ်လို့ရတဲ့ အရာမို့ .. အတည် ယူ လို့ မရ ပါဘူး
တစ်ကယ်တမ်းသာ သူတို့ သတ်ခဲ့ရင်လဲ ... သူတို့ အပြစ်နဲ့ သူတို့ ဘာမှ မပြောလိုပေမယ့် ..
ခုလို လိုက်လေ့လာကြည့်တဲ့အခါကျတော့ မင်္သကာစရာအချက်တွေနဲ့
မဖြစ်နိုင်ဘူးဆိုတဲ့ အချက်တွေက ပိုပြီး ခိုင်မာလာတဲ့အတွက်......

တရားကို နတ်စောင့်ပါတယ်..
ရာဇ၀တ်ဘေး ပြေးမလွတ်ပါဘူး .. တရားခံအစစ်တွေကို ဖမ်းမိမယ်လို့ မျှော်လင့်ပါတယ်

(ဆရာ ကြယ် )

0 အကြံပြုခြင်း: