Monday, December 28, 2015

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်မှ မီဒီယာများ သို့ ဖြေကြားချက်များ



ထိုင်းဝန်ကြီးချုပ်က ကော့တောင်ကျွန်းလူသတ်မှုကို တရားဥပဒေအတိုင်းသွားမည်၊ အယူခံရုံးနှင့် ဟိုက်ကုတ် အထိဆက်တက်နိုင်ကြောင်း၊ လွှတ်ပေးဖို့ဖိအားပေးခြင်းကို ယခင်အစိုးရ(ယင့်လတ်အစိုးရ( ကိုသွား တောင်းဆို ပါလား အကြောင်းမှာ အမြဲတမ်းလုပ်တတ်လို့ဟု ဆိုသည်။

မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဗိုလ်ချုပ်ကြီးပ၀စ် ၀ုံးဆူဝမ်း (ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး) နှင့် ဗိုလ်ချုပ်ကြီးဆွမ်မိုင် ကောင်ထိရ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်)တို့ (၂)ဦး ထံ ကော့တောင်ကျွန်းလူသတ်မှု၏ သက်သေအထောက်အထားများကိုပြန်လည်သုံးသပ်ပေးရန်တောင်းဆိုခြင်းနှင့်ပတ်သက်ပြီး ဖြေကြားရာတွင်

"ထိုင်းနိုင်ငံသည် ဥပဒေနှင့် တရားစီရင်ရေးလုပ်ငန်းစဉ်များရှိပြီးဖြစ်ကြောင်း၊ ဥပဒေကြောင်းအရမည်ကဲ့သို့ အမိန့်ချခဲ့သည်၊ တရားစီရင်ရေးလုပ်ငန်းစဉ်အဆင့်ဆင့်မည်သို့ရှိသည် တို့ကို ပြန်ကြည့်ရန်လိုမည်ဖြစ်ကြောင်း၊ ပထမအဆင့်တရားရုံးမှ အမိန့်ချခဲ့ပြီးနောက်၊ အယူခံရုံးနှင့် ဟိုက်ကုတ် အထိ တက်နိုင်သေးကြောင်း၊ အဆင့်ဆင့်လုပ်ဆောင်ရမည့် တရားစီရင်ရေးလုပ်ငန်းစဉ် အား ရုတ်သိမ်းခိုင်း၍မဖြစ်နိုင်ကြောင်း၊ “ဘာလဲ ထိုင်းနိုင်ငံက ဘာပဲလုပ်လုပ် လုပ်လို့မရတော့ဘူးဟုတ်လား" ဟုပြောပါသည်။

ဤအမှုနှင့်ပါတ်သက်ပြီး ထိုင်းအာဏာပိုင်များနှင့် ညှိနှိုင်းပေးရန် အမျိုးသားဒီမိုကရေးစီအဖွဲ့ချုပ်(NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့၌် မြန်မာနိုင်ငံသားများဆန္ဒပြတောင်းဆိုခြင်းနှင့် ပါတ်သက်၍ “ဆောင်ရွက်ရန်ကိစ္စရပ်များအားလုံးသည် ပြည်သူ့ရဲတပ်ဖွဲ့၏တာဝန်သာလျင်ဖြစ်ကြောင်း၊ နှစ်ဘက်ရဲတပ်ဖွဲ့များကို ဆွေးနွေးညှိနှိုင်းစေရမည်ဖြစ်ကြောင်း၊ ဥပဒေအရအယူခံဝင်နိုင်သည် ဟု သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ ဒါမှမဟုတ် အစိုးရကို ဖိအားလာပေးပြီး လွှတ်ပေးစေချင်နေခြင်းလား၊ ဒါဆိုလဲ အရင်အစိုးရကို သွားတောင်းဆိုလိုက်တော့၊ ဘာကြောင့်လဲဆိုတော့ အရင်အစိုးရက ဒီလိုမကြာခဏလုပ်တတ်လို့ပဲ" ဟုပြောကြားသွားပါသည်။

ဘာသာပြန်ဆိုသူ ဦးအောင်စိုး


The Voice Weekly
10 hrs ·
လိပ်ကျွန်းလူသတ်မှုတွင် တရားရုံး၏ ဆုံးဖြတ်ချက်ကို ထိုင်းဝန်ကြီးချုပ် အကာအကွယ်ပေး ပြောဆို၊ ဆန္ဒပြမှုများအပေါ် ဒေါသတကြီး တုံ့ပြန်
-----------------------------------------------------------

ဘန်ကောက်၊ ဒီဇင်ဘာ ၂၈

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှု၌ သေဒဏ်ပြစ်မိန့် ချမှတ်ခံထားရသော မြန်မာနိုင်ငံသားနှစ်ဦး အတွက် မြန်မာနိုင်ငံတွင် ကန့်ကွက်ဆန္ဒပြမှုများနှင့် ပတ်သက်၍ ထိုင်းစစ်အစိုးရ ခေါင်းဆောင် ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာရွတ်ချန်အိုချားက ဒေါသတကြီး တုံ့ပြန်ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုသူများ အနေနှင့် ထိုင်းတရားရုံး၏ ဆုံးဖြတ်ချက်ကို လေးစားသင့်ကြောင်း၊ ထိုင်းတရားစီရင်ရေးစနစ် အနေနှင့် လူအများ၏ ဖိအားပေးမှုများကို ဦးညွှတ်ကာ အလျှော့ပေးလိမ့်မည် မဟုတ်ကြောင်း ဝန်ကြီးချုပ် ပရာရွတ်ချန်အိုချားက ပြောကြားသည်။

“သူတို့ (ပြစ်ဒဏ်ချမှတ်ခံထားရသော မြန်မာနှစ်ဦး) မှာ အယူခံဝင်ပိုင်ခွင့်ရှိတယ် မဟုတ်လား။ တစ်ကမ္ဘာလုံးမှာရှိတဲ့ ဥပဒေတွေမှာလည်း ဒီအတိုင်းပါပဲ။ ဒါမှမဟုတ် ထိုင်းနိုင်ငံရဲ့ ဥပဒေမှာ အဲဒါမျိုး မရှိလို့လား။ ဒီအမှုမှာ ဖိအားပေး ခံလိုက်ရတာနဲ့ ကျွန်တော်တို့က အားလုံးကို လွှတ်ပေးသင့်ရောလား” ဟု ၎င်းက ဆိုသည်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချားသည် ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီ ပြည်နယ်သို့ သွားရောက်ရန် လေယာဉ်ပျံပေါ်သို့ မတက်မီ သတင်းထောက်များအား လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်ပြီး ထိုသို့ မှတ်ချက်ပေး ပြောကြားစဉ် ၎င်းသည် ဒေါသထွက်နေသည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခဲ့သည့် ကိစ္စအပေါ် မကျေနပ်သူ ရာပေါင်းများစွာက ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံရှိ မြို့ကြီးအချို့တွင် ဆန္ဒပြလျက်ရှိသည်။

ထိုင်းအာဏာပိုင်များသည် ကြီးမားသော အမှုကြီးတစ်ခုကို ပိတ်သိမ်းပစ်နိုင်ရန် ကြိုးပမ်းရာ၌ မြန်မာနိုင်ငံသားနှစ်ဦးကို ဓားစာခံအဖြစ် အသုံးချလိုက်ခြင်း ဖြစ်သည် (အရပ်အခေါ်အားဖြင့် ‘ထိုးကျွေးလိုက်ခြင်း ဖြစ်သည်’) ဟု ဆန္ဒပြသူများက ဆိုကြသည်။

0 အကြံပြုခြင်း: