Sunday, July 12, 2015

ရွေးကောက်ပွဲကိုNLD ဝင်ရောက်ယှဉ်ပြိုင်မယ်



Kumudra
နိုဝင်ဘာ(၈) ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲကိုNLD ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ဒေါ်အောင်ဆန်းစုကြည်ကကြေငြာလိုက်ပါတယ်။
"မပြီးသေးတဲ့ဒီမိုကရေစီလုပ်ငန်းတွေကိုဆက်လက်အကောင်အထည်ဖော်နိုင်ဖို့ရွေးကောက်ပွဲဝင်ဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်"လို့ယနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောလိုက်ပါတယ်။
မဲဆန္ဒနယ် ၁၂၀၀ကျော်မှာအားလုံးဝင်ပြိုင်မှာမဟုတ်ဘဲတချို့နေရာတွေမှာဝင်မပြိုင်ဘူးလို့ဆိုပါတယ်။


Kamayut Media
CRPP ဝင် တိုင်းရင်းသားတွေ ယှဉ်ပြိုင်မယ့်နေရာ NLD ရှောင်မယ်

CRPP အဖွဲ့ဝင်ထဲမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မြေတွေကိုတော့ NLD နဲ့ ရှောင်သွားမှာဖြစ်ပြီး ဒီကိစ္စကိုလည်း တိုင်းရင်းသားပါတီတွေနဲ့ ဆက်ပြီးဆွေးနွေးသွားမယ်လို့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
နိုဗယ်ငြိမ်းချမ်းရေးဆုရှင်ဟာ သူ့ရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့ ရန်ကုန်တိုင်း ကော့မှူးကနေပဲ ရွေးကောက်ပွဲဝင်မှာဖြစ်ပြီး လက်ရှိလွှတ်တော်ထဲက ၂၅%စစ်သားအမတ်တွေ ယူနီဖောင်းလဲပြီး ရွေးကောက်ပွဲဝင်မယ့်အပေါ် ဘယ်လိုသဘောထားရှိသလဲဆိုတဲ့အမေးကိုတော့ ဒေါ်အောင်ဆန်းစုကြည်က မပျင်းသေးဘူးလားလို့ တုံ့ပြန်ပါတယ်။ သူတို့ပါတီဟာ လာမယ့်ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့မယ်ဆိုရင် သမ္မတခန့်ထားရေးအတွက် ပြည်သူ့ဆန္ဒအတိုင်း လုပ်သွားမယ်လို့ ဆိုပါတယ်။
 

0 အကြံပြုခြင်း: