Wednesday, July 22, 2015

ပဲရစ်ဟီတန်ဆုံးဖြတ်ချက်နဲ့ ဘူးလှဆွေ

Hla Swe
အတွေ့အကြုံလေးတခုပါဗျာ ၊
ဆဲမယ်မကြံနဲ့နော်
နေပြည်တော် ဟီလ်တန်ဟိုတယ် ကိုအစည်းဝေးတခုသွားတက်ရတယ် ၊ ဟိုတယ်က ခလေးတွေက ကျနော့်ကိုသိနေတယ် ၊
ကျနော်နဲ့ ဒပုံ တွဲရိုက်လိုတဲ့အကြောင်း ကျနော့် ပြိတ်သပ် များဖြစ်တဲ့အကြောင်း ပြောပြကြတယ် ၊
"ရတာပေါ့ကွ ရိုက် ပေါ့ "
ဆိုပြီးခွင့်ပြုလိုက်ပါတယ်
သူတို့တင်မကပါဘူး ရန်ကုန်အာဇာနည်နေ့သွားတော့ ကားပျက်တဲ့အခါ ၈ မိုင် က ဖေါ်မြူလာဝမ်း ဝပ်ရှော့ဆရာ က ဦူးဘဲ ဆိုပြီး ဝပ်ရှော့ခလေးလေးတွေကအစ ဒပုံ တွဲရိုက်ခဲ့ပါသေးတယ် ။
ဟီလ်တန်ဟိုတယ်မှာ ဒပုံ ရိုက်ပြီးတဲ့အချိန်
ကျနော်က စကားတစ်ခွန်းတော့ပြောလိုက်ပါတယ် " နောက်ရွေးကောက်ပွဲမှာငါအရွေးမခံရရင် မင်းတို့နဲ့အတူ ဒီ ဟီလ်တန် ဟိုတယ်မှာ အလုပ်ဝင်မယ်လေကွာ" ဆိုတော့ ခလေးတွေက
" အမလေးအဘရယ် အဘရွေးကောက်ခံမယ့်ဒေသက အဘ လိုလူမရွေးရင်ဘယ်ဖြစ်မလဲ တဲ့ ဒီကိုလာရင်တောင် ပဲရစ်ဟီတန်ဆုံးဖြတ်ချက်နဲ့ အဘကဒီထက်မြင့်တဲ့နေရာ သေခြာပေါက်ရမှာပါ ". တဲ့ ၊
သဘောကတော့ ဒီခလေးတွေကကျနော့်ကိုအတော်လေးစားတာလား သူတို့နေရာလုမှာကြောက်နေတာလားမသိပါဘူး ။
ကျနော်ကအပျော်သဘောပြောတာပါဗျာ
နေပြည်တော် ဟီလ်တန်ဟိုတယ်က ရိုးသားစွာဖြင့်ကြိုးစားနေသော ခလေးများ ကြီးပွားကြပါစေ ။

0 အကြံပြုခြင်း: