Saturday, May 2, 2015

ဒေါ်အောင်ဆန်း စုကြည် နဲ့ ပူးပေါင်း ဆောင်ရွက် ဖို့ အသင့် ရှိကြောင်း ဦးရွှေမန်း ပြော



BBC Burmese

နိုင်ငံ အတွက် ဒေါ်အောင်ဆန်း စုကြည် နဲ့ ပူးပေါင်း ဆောင်ရွက် ဖို့ အသင့် ရှိကြောင်း ဦးရွှေမန်း ပြောတာဟာ ကြံ့ခိုင်ရေး ပါတီ အလုပ် အမှုဆောင် တွေနဲ့ သဘောတူ မထား ဘဲ ပြောလိမ့်မယ် မထင်ဘူး လို့ NLD ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ဦး ဝင်းထိန် က ပြောပါတယ်။

NLD ဘက်က ဒီပြောကြားချက် အတွက် ဘာမှ တရားဝင် မသိရ ပေမယ့် လောလောဆယ် လွှတ်တော် တရားဥ ပဒေ စိုးမိုးရေး ကော်မတီ ကိစ္စ တွေ မှာ ဦးရွှေမန်း က ဒေါ်စုနဲ့ ပူးပေါင်း ဆောင်ရွက် မှုတွေ ရှိတယ် လို့ ဦး ဝင်းထိန် က ဆိုပါတယ်။

NLD က ရွေးကောက်ပွဲ ဝင်မဝင် သေချာ မဆုံးဖြတ် ရသေးခင် မှာ ညွန့်ပေါင်း အစိုးရ ဖွဲ့ဖို့ ကိစ္စ ကို ပြောဖို့ စောလွန်းကြောင်း၊ ဦးရွှေမန်း ကို NLD သမ္မတ တင်ဖို့ ကြိုးစားရင် လည်း NLD အောက်ခြေပိုင်း က လက်ခံမှာ မဟုတ် ကြောင်း သူက ပြောပါတယ်။

ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ရေး အတွက် အခြေခံ ဥပဒေ ပြင်ဆင်ရေး ကို မဖြစ်ဖြစ် အောင် စောင့်ပြီး ကြိုးစား သွားမယ်၊ အဲဒိနောက် ဒီမိုကရေစီ ပြည်ထောင်စု နိုင်ငံ ဖြစ်အောင် ဆက်လုပ်ရမယ် လို့လည်း ဆိုပါတယ်။

ဦးရွှေမန်း က ဒေါ်စုနဲ့ ပူးပေါင်းဖို့ စကားပြော တာဟာ လာမယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ရှုံးဖို့ များနေလို့ ပြောတာ မျိုး ဖြစ်နိုင်တယ် လို့လည်း ဦး ဝင်းထိန် က ပြောကြားပါတယ်။

0 အကြံပြုခြင်း: