Saturday, May 30, 2015

မဘသဥက္ကဋ္ဌဆရာတော်ပါးစပ်တပြင်ပြင်နဲ့...

17 -5 -2015 နေ့လည် ၂ နာရီ ရွှေတိဂုံစေတီတော်ဂေါပက အစည်းအဝေးခန်းမမှာ
ရွှေတိဂုံစေတီတော် သြဝါဒစရိယ ဆရာတော်များကိုပင့်ဖိတ်ပြီး စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး
တာဝန်နဲ့မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်ဥက္ကဌ ဦးဇေယျာအောင်ကယခင်ကာကွယ်ရေးဝန်ကြီးဋ္ဌာနပိုင်
(စစ်ရုံး)မြေနေရာမှာ ဆောက်လုပ်မယ့်Dagon city စီမံကိန်းနဲ့ ပါတ်သက်ပြီး ဆရာတော်များကို
လျှောက်ထားပြီး ဆရာတော်များထံက သြဝါဒခံယူပါတယ်။

သူလျှောက်ထားခဲ့တာကို အကျဉ်းချုံးပြောရရင်" နိုင်ငံတော်အကြီးအကဲကိုယ်စား အစိုးရအဖွဲ့ကိုယ်စား
လာရောက်လျှောက်ထားခြင်းဖြစ်ကြောင်း ၊ စစ်ရုံးနေရာဟောင်းမှာ တည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်ဖို့
ကုမ္ပဏီ ၄ ခုကို ခွင့်ပြုခဲ့ကြောင်း ၊ တည်ဆောက်ရေးလုပ်ငန်းများကြောင့် ရွှေတိဂုံစေတီတော်နဲ့ သာသနာ့ဃိက
အဆောက်အအုံများထိခိုက်မှာကို ရဟန်းပြည်သူများက စိုးရိမ်ပူပန်ကြတဲ့အတွက် 22 - 1 - 2015 နေ့မှာ စီမံကိန်းကို
ခေတ္တရပ်ထားခဲ့ကြောင်း ၊ တတ်သိပညာရှင်များနဲ့တွက်ချက်ပြီး ရန်ကုန်မြို့တော်စည်ပင်မှကြီးကြပ်၍
အစီရင်ခံပြန်တင်ပြရန် ညွှန်ကြားထားကြောင်း "ပြောသွားတယ်။

ဝန်ကြီး ဦးဇေယျာအောင် လျှောက်ထားနေတုန်းမှာ သာသနာရေးဝန်ကြီးဦးစိုးဝင်းက ဆရာတော်ကြီးများရှေ့မှာရှိတဲ့
တစ်ခုတည်းသောစကားပြောခွက်ကို ကလေးဝကျောင်းတိုက်ဆရာတော်ရဲ့ ရှေ့ကို ရွှေ့ခိုင်းလိုက်တယ်။
သြဝါဒဆရာတော်ကြီးများကိုယ်စား နာဂလိုက်ဂူ ကလေးဝကျောင်းတိုက်ဆရာတော်ဦးဇာဂရက သြဝါဒမိန့်ကြားရာမှာ
" ဒကာကြီးတို့က တတ်သိကျွမ်းကျင် ပညာရှင်ကြီးများနဲ့ ဆောင်ရွက်
ကြတာဖြစ်လို့ ဘုန်းကြီးတို့အနေနဲ့ ပြောဖို့မလိုကြောင်း ၊ ရွှေတိဂုံစေတီ
ကြီး ထိခိုက် မပျက်စီးအောင် စီမံဆောင်ရွက်သွားဖို့လိုကြောင်း " မိန့် ပါတယ်။

အခမ်းအနားကိုကြွလာတဲ့ ဆရာတော်ထဲမှာ မဘသဥက္ကဋ္ဌဆရာတော်ဖြစ်တဲ့ အင်းစိန်ရွာမဆရာတော်ကြီးလည်းပါတယ်။
ဆရာတော်ကိုကြည့်ရတာ သြဝါဒ ပေးချင်နေပုံရတယ်။ မိုက်ခွက်ကို လှမ်းကြည့်ပြီး ပါးစပ်တပြင်ပြင်နဲ့
ဒါပေမဲ့ ပြောခွင့်မရခဲ့ဘူး။ ကလေးဝဆရာတော် ပြောပြီးတာနဲ့ အခမ်းအနားမှုးက ချက်ချင်း အစီအစဉ်ပြောင်းလိုက်တယ်။
အတိုင်အဖေါက် ညီလိုက်ကြတာ။
အခမ်းအနားကို တံခါးပိတ်ပြီး လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ ကျင်းပခဲ့တာ။ တက်ရောက်သူတွေထဲမှာ ရင်းနှီးမြှပ်နှံမှုကော်မရှင်က
 လူကြီးတွေရယ် ၊ သာသနာရေးက တာဝန်ရှိသူတချို့နဲ့ ရွှေတိဂုံစေတီဂေါပကလူကြီးတွေပဲ ပါတယ်။

ပြည်သူတွေ သိသင့်တယ်ထင်လို့ အသိပေးတင်ပြလိုက်တာပါ။
ဒင်းတို့ကတော့ ဆင်ခြေတွေ အကြောင်းပြချက်တွေပေးပြီး ရှေ့ဆက်မယ့်ပုံပဲ။
ရွှေတိဂုံစေတီတော်ကြီးကို ထိခိုက်မယ့် မည်သည့်လုပ်ရပ်ကိုမျှ
 လက်မခံပါ ၊ သဘောမတူပါ။
ရှင်းအောင် ထပ်ပြောမယ်ဗျာ ၊ (လုံးဝ) သဘောမတူပါ ။

(ဒဲ့ဟစ် )
<

1 အကြံပြုခြင်း:

Anonymous said...

The land belongs to the people. Its not for them to sell it or rent it. If they do not use it it should be returned to the government's housing department.

Trust these Bogyokes and chronies to put money in their pockets instead of using for the people.