Saturday, May 2, 2015

မင်းအောင်လှိုင်ရဲ နားရွက်ကို တံထွေးစွတ်လိုက်ပြီ


ယူဒဗလျှူအက်အေခေါ် ဝက သူ့ရဲ့ဒေသမှာ တော်လှန်ရေးအဖွဲတွေကို ဖိတ်ပြီးတော့ ညီလာခံကျင်းပနေတဲ့ပွဲမှာ အဖွင့်နေ့မှာစတင်လိုက်တဲ့ အဖွင့်စကားကတော့ ဝပြည်နယ်ကို အသိအမှတ်ပြုရေး တောင်းဆိုကြေငြာသွားခြင်းပါပဲ ။
ဒါဟာ ဝတွေက တကယ်လို့ သူတို့ရဲ့တောင်းဆိုမှု့ကို အစိုးရက မလိုက်လျှောနိုင်ဘူးဆိုပါက လက်နှက်ကိုင်တိုင်းရင်းသားတွေနဲ့ပေါင်းပြီး တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ အရိပ်အခြေကို ပြလိုက်ခြင်းပဲ ဖြစ်ပါတယ် ။
ထို့အတူ အရင်က လက်နှက်တွေကို နိုင်ငံခြားကနေ နည်းမျိုးစုံနှဲ့မှာယူပြီး ခိုးကြောင်ခိုးဝှက် ဝယ်ယူနေရတဲ့ အခြားလက်နှက်ကိုင်တပ်တွေကိုလဲ တရုတ်လက်နှက်စက်ရုံကြီး တည်ဆောက်ထားတဲ့ ဝက လက်နှက်တွေကို လိုသလောက် ထောက်ပံနေနိုင်တာ ဖြစ်လေတော့ အခြားအဖွဲ့အစည်းတွေကိုလဲ သြဇာညောင်းသူ ဆရာကြီးဖြစ်နေတယ်မဟုတ်လား ။
အခြားအဖွဲ့အစည်းတွေကလဲ ဝကို မလွန်ဆန်နိုင်ဖြစ်ပြီး လက်နှက်နဲ့ စစ်ရေးဗျူဟာများ ၊ တရုတ်ပြည်ကရရှိနေတဲ စစ်ရေးဗျူဟာသတင်းနဲ့ လက်နှက်ထောက်ပံ့မှု့များကို ဝတွေစီကနေတဆင့် ရရှိနေကြတော့ ဝတွေရဲ့ တောင်ဆိုချက်ကို အခြားအဖွဲ့တွေကလဲ လက်ခံသဘောတူပေးဖို့ အဆင်သင့် ဖြစ်နေကြတယ်လို့ ယူဆရတယ် ။
ဒီနေ့အချိန်မှာ ဝဒေသကဲ့သို့ မြန်မာအစိုးရကို လုံးဝဂရုမစိုက်ပဲ ကိုယ်ထင်ရာကိုယ်လုပ်ပိုင်ခွင့်ရှိသည့် ကိုယ်ပိုင်ဒေသ ၊ အစိုးရမှ လုံးဝ စွက်ဖက်ခွင့်မရှိသည့်ဒေသဟာလည်း ဝဒေသတခုပဲ ရှိပါတယ် ။
တကယ်လို့ မြန်မာအစိုးရက ဝဒေသကို ကိုယ်ပိုင်ပြည်နယ်အဖြစ်သတ်မှတ်ပေးခြင် မပြုလုပ်ဘူးဆိုပါက ဝဒေသသည် မကြာခင်မှာ လွတ်လပ်တဲ့ ပြည်နယ်အဖြစ် တရားဝင်ကြေညာတော့မှာ ဖြစ်ပါတယ် ။
အကယ်၍ ဝဒေသကို လွတ်လပ်တဲ့ပြည်နယ်အဖြစ် တရားဝင်ကြေညာခဲ့သော် ပထမဦးဆုံး အသိအမှတ်ပြုမည့်နိုင်ငံဟာလည်း တရုတ်နိုင်ငံ ဖြစ်ပါလိမ့်မယ် ။ တရုတ်အတွက် ဆင်ခြေပေးစရာရှိတာက ဝဒေသဆိုသည်မှာ တရုတ်လူမျိုး ၉၀%ရှိသော ဒေသကြီးဖြစ်နေသည့်အတွက် တရုတ်လူမျိုးကို ကာကွယ်စောင့်ရှောက်ရေးမူအရ တရုတ်ပြည်ကနေ အသိအမှတ်ပြုပေးပြီး စောင့်ရှောက်ရပါသည်ဟု ကြေညာလိုက်လျှင် တရုတ်ပြည်ရှိ တရုတ်အားလုံးတို့က တရုတ်အစိုးရကို ထောက်ခံမည်မှာ သေခြာပေါက် ဖြစ်ပါတယ် ။
ထိုကဲသို ဝဒေသက ခွဲထွက်သွားပြီး လွတ်လပ်သည့်ပြည်နယ်အဖြစ်ကြေညာခြင်းကို မြန်မာဘက်မှ သဘောမတူပါကလည်း ပြန်လည်ရယူနိုင်ရန် လုံလောက်သည့် စစ်အင်အားနှင့် စီပွားရေးအင်အားမရှိသလို ။
မိမိ၏ အကျိုးအမြတ်နှင့် မိမိတို့၏ စီပွားရေးကိုသာ အဓိကထားသော မြန်မာစစ်ခေါငးဆောင်များကလည်း တိုင်းပြည်ကို ရောင်းစားနေကြဖြစ်သကဲ့သို့ ဝဒေသကို တရုတ်ကအနိုင်ကျင့်၍ မနိုင်လို့ပေးလိုက်ရပါသည်ဟု ဝါဒဖြန့်သတင်းများလွှင့်ကာ အိပ်ထောင်ထဲသို့ ဘီလျှံပေါင်းများစွာ ခွဲဝေယူကြမည့် မြန်မာအစိုးရသာ ဖြစ်နေသောကြောင့် ။
နိဂုံးချုပ်အနေဖြင့် ပြောရလျှင် ဗိုလ်မင်းအောင်လှိုင်ကို ဝက နားရွက်ကို တံတွေးစွတ်ပြီး ပါးရိုက်ပေးတော့မည် ဖြစ်သည်ဟု ပြောရလျှင် လွန်အံ့မည်မထင်ပါ ။ ။
( ဦးနိုင်ဝင်း လန်ဒန် )

0 အကြံပြုခြင်း: