Wednesday, April 22, 2015

The voice ကလဲဖျင်ချခံပြီးတောင်းပန်ရှာတယ်

r
ဒေါ်စုကဆ၇ာတော်တွေဆီလက်အုပ်ချီလိုက်တာနဲ့ 
ဗလီဆရာရယ်ခရစ်ယာန်ဘုန်းကြီးရယ်တိုက်ပုံ
အပြာဝတ်ထားတဲ့ဦးကြီးကထရှောင်ပေးတယ်
ဦးတင်ချိန်မှာရှောင်ပြီးပြီ
နေရာကျဉ်းတော့လွတ်ရုံပဲရှောင်ချိန်မှာရိုက်တဲ့
Angle နဲ့  View က အဲ့လိုဖြစ်တာ..
ဖိုတိုရှော့မဟုတ်ပါဖူး..
မူပိုင်ခွင့်အရကိုယ်ရိုက်တဲ့ပုံပဲတင်တယ်ဆိုပေ

မယ့်ဆင်ခြင်သင့်ပါတယ်...
ခရစ်ယာန်ဘုန်းတော်ကြီးကလဲလက်အုပ်ချီ
ပြီးနုတ်ဆက်ပါတယ်...ဗလီဆရာကတော့
လက်အုပ်ချီခွင့်မရှိဖူးထင်ပါတယ်...
The voice ကလဲဖျင်ချခံပြီးတောင်းပန်ရှာတယ်
အမေစုကကုလားကိုပစားပေးတယ်ဆိုတဲ့တိုက်
ကွက်ကမအောင်မြင်ခဲ့ပါဖူး
ဒီတခါနောက်ဆုံးဖြစ်ပါစေ.....
နောက်တခါဆို...

ဖျင်ရော...ဖျင်ရော....တကယ်အချခံရမှာနော်....

Ye Oo
ကင်မရာရဲ့ Point Of View အနေအထားအရ ဓာတ်ပုံတစ်ပုံရိုက်လာမိတာကို Cropping နဲ့ ထပ်ဖြတ်လိုက်တော့ ထင်ယောင်ထင်မှားတွေ ဖြစ်ကုန်ပါတော့တယ်။ အယ်ချုပ် ကိုကျော်မင်းဆွေကို တစ်ယောက်ယောက်က လုပ်ကြံတယ်ဆိုပြီး ကောလ ဟာလ ထွက်လာပေမယ့် မယုံပါဘူး။ အစိုးရပေးထားတဲ့ သိန်း ၅၀၀ မျက်နှာနဲ့ တေ့ဖြုတ်တာလို့ပဲ မီဒီယာလောကသားအားလုံး ယုံကြည်နေကြပါတယ်။ ဘာကြောင့်ဆို သမိုင်းကြောင်းအရပေါ့။

The Voice ရဲ့ အစ Living Colour က။ Living Colour အစ ဦးထွန်းကြည် သမီးက၊ ပြီးတော့ ဦးခင်ညွှန့် သား ရဲနိုင်ဝင်း၊ ရဲနိုင်ဝင်းထောင်ကျချိန် မှာ ဒေါက်တာနေဝင်းမောင်ဆီရောက်၊ ရုံးစိုက်တော့ တစ်ချိန်က
ကက(လှမ်း) က ဗိုလ်မှုးသန်းနိုင် နာမည်ခံပြီးထုတ်ခဲ့တဲ့ Myanmar Times ရုံးခန်းဖွင့်ခဲ့တဲ့ သမ္မတ ဟိုတယ်မှာ။ Myanmar Egress ကိုလည်း လှမောင်ရွှေ နဲ့ နေဝင်းမောင် ပေါင်းပြီး အဲ့ဒီနေရာမှာဘဲ ထူထောင်ခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်နဲ့ NDF ကို Free ကြော်ငြာ ပေးခဲ့တဲ့ ဂျာနယ်။ ဒီသမိုင်းကို သိထားသူဆိုရင် အခုလုပ်ရပ်ကို သဘောရိုးနဲ့ လုပ်တာ မဟုတ်ဘူး ဆိုတဲ့ဘက်က အလေးသာနေပါတယ်။


အခု ကိစ္စမှာတော့ သိပ်ရုပ်ဆိုးပါတယ်။ ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ဒီအကျိုးဆက်က ဘယ်အထိ ဖြစ်နိုင်လဲဆိုတာ တခြားသူတွေထက် ကိုကျော်မင်းဆွေ သိကို သိရမယ်။ မှားပြီးနောက်ပိုင်း မှာလည်း ဒီ့ထက်ပိုလေးနက်ပြည့်စုံတဲ့ စကား-စာ-သတင်းအပြည့်အစုံအပြင် သူတို့တစ်ဖွဲ့သားလုံး ဒ်ါစုနဲ့ The Voice ပရိသတ် ကိုရော၊ ပြည်သူလူထုကိုပါ တောင်းပန်သင့်တယ်။ ဒါက အမှားကျူးလွန်မိသူရဲ့ အမှား ပြင်ဆင်ချက်။ နောက်ပိုင်းမှာလည်း အလားသဏ္ဌန်တူ အမှားမျိုး ထပ်မဖြစ် ရအောင်တာဝန်ယူမှု ကတိခံမှုတွေနဲ့ ဆက်လုပ်ပါမယ် ဆိုတဲ့ အကြောင်း ကြေငြာချက် ထုတ်ပေးသင့်ပါတယ်။ အဲသလိုမလုပ်ပေးရင်တော့ The Voice ဂျာနယ်ရဲ့အနာဂတ်ဟာ............

သစ္စာတိုင် တောင်းပန် ဖြေရှင်းခြင်း

The Voice Weekly facebook စာမျက်နှာပေါ်၌ ဦးဝင်းတင်ကွယ်လွန်ခြင်း တစ်နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား ဓာတ်ပုံများ ဖော်ပြခဲ့ရာတွင် အွန်လိုင်း အယ်ဒီတာအဖွဲ့၏ ပေါ့ဆမှုကြောင့် အများအထင်အမြင်လွဲမှားစေနိုင်သည့် အငြင်းပွားဖွယ်ရာ ဓတ်ပုံတစ်ပုံ ပါဝင်သွားခဲ့ခြင်းအတွက် သက်ဆိုင်သူများကို အနူးအညွတ် လေးလေးစားစား တောင်းပန်အပ်ပါသည်။

သို့သော် အဆိုပါဓာတ်ပုံသည် တမင်လုပ်ကြံဖန်တီးထားခြင်းမဟုတ်ဘဲ ယင်းအခမ်းအနားတွင် အမှန်တကယ် ဖြစ်ပေါ်ခဲ့သော အခြေအနေအမှန်ကို ပကတိအတိုင်း မှတ်တမ်းတင်ရိုက်ကူးထားခြင်းဖြစ်ပါသည်။

စင်စစ်အားဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် ဘာသာအားလုံးမှ ဘာသာရေးခေါင်းဆောင်အားလုံးကို အရှေ့တိုင်းနိုင်ငံအများစု၏ ထုံးစံနှင့်အညီ အပြန်အလှန် လေးစားကြောင်း လက်အုပ်ချီ နှုတ်ဆက်ခြင်းသာဖြစ်ပါသည်။ အွန်လိုင်းအယ်ဒီတာအဖွဲ့၏ ပေါ့ဆမှုကြောင့် အပြန်အလှန် လက်အုပ်ချီနေသည့်ပုံ မတင်မိဘဲ လက်အုပ်မချီခင်ပုံ တင်မိခြင်းသာဖြစ်ပါသည်။ ယင်းဓာတ်ပုံများအမှန်အကန် ရိုက်ကူးထားခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများနှင့်အတူ The Voice ရုံးခန်းသို့ အချိန်မရွေး လာရောက် စစ်ဆေး အတည်ပြုနိုင်ပါသည်။

ထိုသို့ အပြန်အလှန် လက်အုပ်ချီနှုတ်ဆက်နေသည့် ထူးခြားပုံကို အွန်လိုင်းအယ်ဒီတာအဖွဲ့က ကြည်နူးစိတ်ဖြင့် အများဆင့်ပွား ကြည်နူးနိုင်စေရန် တင်ပေးလိုက်ခြင်းဖြစ်သော်လည်း လက်ရှိအချိန်မျိုးတွင် ဘာသာရေးဗန်းပြ အစွန်းရောက်အမြင်ရှိသူများက အလွဲအသုံးသွားနိုင်သော ဓာတ်ပုံဖြစ်သောကြောင့် မတင်သင့်သော ဓာတ်ပုံဖြစ်ကြောင်း အွန်လိုင်းပေါ်မှ မှတ်ချက်များကို ကြည့်ပြီးနောက် သတိပြုမိပါသည်။

The Voice အွန်လိုင်း အယ်ဒီတာအဖွဲ့အနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကိုသော်လည်းကောင်း၊ စာဖတ်ပရိသတ်များကိုသော်လည်းကောင်း နိုင်ငံသူနိုင်ငံသားအားလုံးအပေါ်တွင်လည်းကောင်း မည်သည့်အခါမျှ မရိုးမသားစိတ်ဖြင့် လှည့်စားလိမ်ညာခဲ့ခြင်းမရှိကြောင်း အချိန်မရွေး သစ္စာပြုနိုင်ပါသည်။ ထိုသစ္စာစကား မှန်ကန်ပါက ကျွန်ုပ်တို့အပေါ် အထင်အမြင်လွဲမှား၊ စွပ်စွဲနေသူများအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကာ အောင်မြင်ကြီးပွားတိုးတက်ကြပါစေ၊ ကျွန်ုပ်တို့ မီဒီယာသည်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို ဆထက်ထမ်းပိုး သယ်ပိုးထမ်းရွက်နိုင်ပါစေသတည်း...။

အယ်ဒီတာ


0 အကြံပြုခြင်း: