Wednesday, April 29, 2015

ဦးခင်ရွှေပေးသမျှ ယူတာယူ မဲထည့်ရင်သာ NLD ကို မဲထည့်

‘‘ဒီမှာအားလုံးရှိတုန်း၊ သတင်းထောက်တွေလည်းရှိတုန်း ပွင့်ပွင့်လင်းလင်းပဲပြောပါမယ်…
ဦးခင်ရွှေပေးသမျှ ယူတာယူ မဲထည့်ရင်သာ NLD ကို မဲထည့်’’
(ဒေါ်အောင်ဆန်းစုကြည်) ကော့မှုးမြို့နယ်
________
7Day News မှာတော့ ဒီခေါင်းစဉ်နဲ့ ဒီလိုပါလာတယ်…
တကယ်ဟုတ်တယ် မဟုတ်ဘူးဆိုတာထက် ဒေါ်စုက အဲ့လိုမျိုး ပြောတယ်ဆိုရင် ကျုပ်လေ ဒေါ်စုစကားကို ၁၀၀% ကျော်တဲ့အထိ ထောက်ခံတယ်ဆိုတာပဲ!
စဉ်းစားကြည့်!
ဇေကမ္ဘာခင်ရွှေဆိုတာ ၂၀၁၀ ရွေးကောက်ပွဲမှာ ကော့မှုးမြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် အဖြစ် အနိုင်ရထားတာ…
၂၀၁၂ ကြားဖြတ်မှာ ဒေါ်စုက ကော့မှုးမြို့နယ်ကနေ ဝင်ပြိုင်တော့ မဲအပြတ်အသတ်နဲ့ အနိုင်ရထားပေမဲ့ လာမဲ့ ၂၀၁၅ ရွေးကောက်မှာ ထပ်ပြီး အနိုင်ရဖို့ အရေးကြီးတယ်…
နောက်တခုက!
ဦးခင်ရွှေကို အခုလက်ရှိ ကော့မှုးမြို့နယ်မှာ လူမှုရေးကူညီမှုတွေ လုပ်ပေးနေတဲ့ အဖွဲ့က ဦးခင်ရွှေဆီက ငွေကြေးထောက်ပံ့မှုတွေအကူအညီလိုအပ်ကြောင်းကမ်းလှမ်းထားတဲ့ကိစ္စကို ဒေါ်စုက ခွင့်ပြုပေးထားတာပါ…
ကျုပ်တို့ပြည်သူတွေက ချေးငွေလေး ၅သောင်းထုတ်ချေးတာကို ကျေးဇူးရှင်အမှတ်နဲ့ မဲတပြားပါ ရက်ရက်ရောရော ပေးတတ်ကြတာမျိုးလေ!
ဒါတွေကို ဒေါ်စုက သိပြီးသား!
ဒါကြောင့် ဒီလိုအချိန်မှာ နားဝင်ချိုဖို့ထက် ဒုတ်ထိုးအိုးပေါက်ပြောမှ နားထဲအလုံးလိုက်ဝင်တော့မှာပေါ့!
ဒေါ်စုရဲ့ မဲဆန္ဒနယ်ဖြစ်တဲ့ ကော့မှုးမြို့နယ်ရဲ့ လူမှုရေးအဖွဲ့လေးကို ငွေကြေးထောက်ပံ့နေရလို့ ခရိုနီကြီးက စည်းရုံးသိမ်းသွင်းမှုတွေ မလုပ်ခင်
ဒါမျိုးပြောထားတာ ပိုကောင်းတယ်!
ကျုပ်သဘောကတော့ ဦးခင်ရွှေဆီမှ မဟုတ်ဘူး!
ဖွတ်ပါတီက ဘယ်ဝန်ကြီးဖြစ်ဖြစ် ဘယ်ခရိုနီဖြစ်ဖြစ် ငွေချေးပြီးမဲထည့်ခိုင်းလည်း ငွေသာယူ မဲထည့်ရင် NLD ကိုထည့်!
လမ်းဖောက်ပေးရင် သဘောတူလိုက်!
အချိန်တန် မဲထည့်ရင် NLD ကိုထည့်!
ဒါဘဲ!!
-
သက်နှင်း သုန္ဒရီ

0 အကြံပြုခြင်း: