Thursday, April 2, 2015

အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ရဲ့အထိမ်းအမှတ် Dinner မှာ ကျောင်းသားတွေ ဆန္ဒပြမယ်ဆိုတဲ့ရဲမိုးဝါဒဖြန့်မှု


Yan Aung
ဝါဒဖြန့်ခြင်းရဲ့နောက်ကွယ်
==============

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်
NCA ရဲ့အထိမ်းအမှတ် Dinner မှာ ကျောင်းသားတွေ ဆန္ဒပြမယ်ဆိုတဲ့
အလွန့် အလွန် အန္တရာယ်ကြီးတဲ့သတင်းကို

ဘာမှမဆိုင်တဲ့ ပုံတစ်ပုံနဲ့ တင်ပြီး ဝါဒဖြန့်နေတာ သတိထားမိပါတယ်

အဲဒီဝါဒဖြန့်တဲ့သူဟာ

ယခင် ထောက်ပြုတ်တစ်ဦးဖြစ်ပြီး
သူ့ရဲ့စာတွေကို ပြည်ထောင်စုဝန်ကြီးအဆင့်တွေ စစ်ဗိုလ်ချုပ်တွေ ဗိုလ်ချုပ်ကတော်တွေနဲ့ လက်ရှိ ဘောင်းဘီဝတ်ဘောင်းဘီကျွတ်တွေနဲ့ မိသားစုဝင်တွေ တခဲနက်အားပေးနေတဲ့
Facebook ကလောင်ရှင်တစ်ဦးဖြစ်ပါတယ်
တင်ထားတဲ့ ပုံမှားတာကို ထောက်ပြသူတွေကို
သူတင်တာ မှားယွင်းတယ်လို့ ဝန်မခံပဲ
သတင်းရလို့တင်သလိုလို ဖြီးဖြန်းလိုက်ပါသေးတယ်

အဲဒီမှာ တွေးစရာအချက်ဖြစ်လာပါတယ်

၂၀၀၃ ဦးခင်ညွန့် ပြုတ်ပြီး ထောက်လှမ်းရေးများ အရာမဝင်ချိန်နဲ့

လက်ရှိ Facebook က ထောက်ပြုတ်တစ်ယောက်ရဲ့
သတင်းမှန်တစ်ဝက် မှားတစ်ဝက်
စနစ်တကျ ဝါဒဖြန့်ချီမှုတွေကို တွေ့ရချိန်မှာ

သူ့ကိုအားပေးသူအများစုက
လက်ရှိစစ်ဖက်နဲ့နယ်ဖက်မှာ တာဝန်ထမ်းဆောင်နေသူတွေ များစွာရှိနေတာကိုလေ့လာကြည့်ရင်

လက်ရှိ တပ်မတော်ရဲ့ သတင်းထုတ်ပြန်ရေးကဏ္ဍ မှေးမှိန်နေတာ ပွင့်လင်းမြင်သာမှုမရှိတာကို
အခွင့်ကောင်းယူပြီ ဝါဒဖြန့်ချိနေတဲ့ အင်အားစုတစ်စုရှိတယ်ဆိုတာ ငြင်းမရပါဘူး

လောက်ကိုင်တိုက်ပွဲမှာ တရုတ်တွေ ပါဝင်ပတ်သက်တာ မှေးမှိန်စေတာလည်း
အဲဒီအင်အားစုဖြစ်သလို
တရုတ်ပိုင်နက်ထဲ ဗုံးကျချိန်မှာ
တရုတ်ကိုတိုက်မယ်ဆိုပြီးဝါဒဖြန့်ခဲ့တာလည်း အဲဒီအင်အားစုပါပဲ

လက်ရှိစစ်ဖက်နယ်ဖက်က အရာရှိတွေကိုယ်တိုင်
သူတို့ဝါဒဖြန့်ချိမှုထဲ မြောပါကုန်တာ Like တွေ Share တွေ Comment တွေရဲ့ပိုင်ရှင်တွေက သက်သေပါပဲ

အခုနောက်ပိုင်း အဲဒီလို ဝါဒဖြန့်ချိမှုတွေ များလာတဲ့အတွက်
တပ်မတော်သတင်းအမှန်ထုတ်ပြန်ရေးအဖွဲ့ဆိုပြီး ထွက်ပေါ်လာတာ တွေ့ရပါတယ်

အပစ်အခတ်ရပ်စဲရေး အထိန်းအမှတ် Dinner မှာ ကျောင်းသားတွေ ဆန္ဒပြမယ်ဆိုတဲ့သတင်းဟာ စစ်တပ်အသိုင်းအဝိုင်းရဲ့

ဆန္ဒပြကျောင်းသားများအပေါ် မြင်နေတဲ့အမြင်တွေကို ပိုမိုဆိုးကျိုးဖြစ်လာစေတာငြင်းမရပါဘူး

သေချာတာကတော့

စစ်တပ်အသိုင်းအဝိုင်းဟာ အရင် ထောက်လှမ်းရေးရဲ့

Propaganda Technique ကို ကျော်လွန်နိုင်ခြင်းမရှိတာ
သတင်းမှန်တဝက်မုသားတစ်ဝက်ဖြန့်ချိနေတဲ့
ဒီ Facebook Account
ပိုင်ရှင်တစ်ယောက်တည်းကို ကြည့်တာနဲ့ သိသာပါတယ်

0 အကြံပြုခြင်း: