Sunday, April 19, 2015

သံဃာကိုစောင့်ရှောက်သော သံဃာမိခင်ဆု

r
"စတုပစ္စယ သံဃာ့မာတာဘွဲ့တံဆိပ် "တော်ရ ဒေါ်အောင်ဆန်းစုကြည်
==============================================

ရွှေကျင်သာသနာ သည် ထေရဝါဒဗုဒ္ဓဘာသာ သာသနာ တွင် အလွန်စည်းကမ်းကြီးတာ အထင်ကရဖြစ်ပါတယ်။

(၁၉)ကြိမ်မြောက် ရွှေကျင်နိကာယ သံဃာအစည်းဝေးကြီးမှ ဒေါ်အောင်ဆန်းစုကြည်အား

"စတုပစ္စယ သံဃာ့မာတာဘွဲ့တံဆိပ် "

အပ်နှင်းခြင်းသည်လက်ရှိ မြန်မာနိုင်ငံတော် သာသနာ့ ဦးဆောင်သံဃာတော်များမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားသည့်သဘောထားအစစ်အမှန်ကို သာသနာတော် တစ်ရပ်လုံးကိုယ်စား ပြလိုက်ခြင်း ဖြစ်၍ အလွန်မှန်ကန် သည့်လုပ် ရပ် ဖြစ်ပါသည်။

ဘာသာ သာသနာကို ခု တုန်း မလုပ်တတ်တဲ့သူ

နိုင်ငံကိုတကယ်ချစ်တဲ့သူ
နိုင်ငံရေးကို လုပ်စားခြင်း မပြုသူ

ဒေါ်အောင်ဆန်းစုကြည် အား ရွှေကျင်နိကာယာဓိပတိ ဥက္ကဌအမှူးပြုသောသံဃ အဖွဲ့ အစည်းကြီးမှ မြန်မာဗုဒ္ဓဘာသာ ဝင်တွေ စိတ်နှလုံး ချမ်းမြေ ကြည်နူး စေသည့်
ဆုံးဖြတ်ချက်ကို ချမှတ်ပေးလိုက်
သည့်အတွက် မြန်မာတို့ နှစ်ဦး နှစ်ကူး တံခူး လမြတ်ရဲ့ မင်္ဂလာ သတင်းမို့ အထူးကျေနပ်ဂုဏ်ယူရပါတယ်

တပည့်တော် လက်ဆယ်ဖျာ ထိပ်မှာမိုး ထိချင်းငါးဖျာဖြင့် ဦးတင်လိုက်ပါရစေ
ဘုရား။

Credit to Min Nanda Thu

ရီရီအေး ( သူနာပြု - ကညွှတ်ကွင်းမြို့ )

ရွှေကျင်ဂိုဏ်းက ဒေါ်အောင်ဆန်းစုကြည်ကို သံဃာ့မိခင်ဘွဲ့ချီးမြှင့်
====================================
Saturday, 18 April
-
ရွှေကျင်သာသနာပိုင် သံဃာဂိုဏ်းက ပစ္စည်းလေးပါးဒါယိကာ၊ သံဃာမိခင်ဘွဲ့ဖြစ်သည့် စတုပစ္စယ သံဃာ့မာတာ ဘွဲ့တံဆိပ်ကို အပ်နှင်းလိုက်ကြောင်း ရွှေကျင်သာသနာပိုင်ဆရာတော်၊ ဘဒ္ဒန္တအဂ္ဂိယက ဧပြီလ ၁၈ရက်တွင် မဇ္ဈိမသို့ မိန့်ကြားသည်။
-
"အင်မတန်ကြီးကျယ်တဲ့ ဘွဲ့ပါ၊ သံဃာတွေရဲ့မိခင်ဆိုတာ၊ အဲဒီဘွဲ့ကို ပေးအပ်ခဲ့တာ၊ အဓိကက ပစ္စည်းလေးပါးကို သံဃာတွေအတွက် မိခင်အဖြစ် ထောက်ပံပေးတဲ့ အဓိပ္ပါယ်ရှိတယ်" ဟု ဘဒ္ဒန္တအဂ္ဂိယ က မိန့်သည်။
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ခုနှစ် ဇန်နဝါရီလ ၂၇၊ ၂၈နှင့် ၂၉ ရက်ထိ သုံးရက်ကြာ မှော်ဘီမြို့နယ်တွင်း ပြုလုပ်သည့် ၁၉ကြိမ်မြောက် ရွှေကျင်သာသနာပိုင် သံဃာ့အစည်းအဝေးက ဆုံးဖြတ်ကာ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
-
အဆိုပါ ဘွဲ့သည် သာသနာရေးအတွက် အကျိုးပြုခြင်း၊ နိုင်ငံရေးအတွက် သာသနာကို အသုံးချကာ ဆောင်ရွက်ခြင်းမရှိခြင်း စသည့် အချက်များအပေါ် မူတည်ကာ ရွှေကျင်သာသနာပိုင်ဂိုဏ်းဝင် သံဃာတော်များ အားလုံး၏ ဆုံဖြတ်ချက်ဖြင့် ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
-
"ရွှေကျင်သာသနာပိုင်သံဃာ့ဂိုဏ်းမှ ချီးမြှင့်တာနဲ့ ပက်သက်ပြီး စာပေးပို့တာတို့ အကြောင်းကြားတာတို့ မရသေးဘူး၊ မသိသေးပါဘူး" ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
-
ရခိုင်ပြည်နယ်တွင်းမှ စတင်ခဲ့သည့် ပဋိပက္ခများတွင် ဝင်ရောက် ပြောဆို၊ ဖြေရှင်းမှုများမရှိဟု ဆိုကာ ဗုဒ္ဓဘာသာနှင့် ဆက်နွယ်သည့် အဖွဲ့အစည်းများ လူမူကွန်ယက်အပါအ၀င် အခြား လူမူကွန်ယက် ဝက်ဆိုဒ်များ၊ တရားဟောပြောသည့် နေရာများတွင်ပါ ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်မှုများလည်း ရှိနေသည်။

ရန်ကုန် (မဇ္ဈိမ)

1 အကြံပြုခြင်း:

Anonymous said...

ဘာဘာသာရေးမှမလုပ်ပဲဘယ်လိုဆုပေးလည်းနားမလည်ဘူးကွာ