Wednesday, April 1, 2015

လီကွမ်ယုကို ဝေဖန် တိုက်ခိုက် ခဲ့တဲ့ ၁၆ နှစ်အရွယ်ဆယ်ကျော်သက် စင်ကာပူနိုင်ငံသားတဦးကို စွဲချက်တင်

BBC Burmese
ကွယ်လွန်သူ စင်ကာပူ နိုင်ငံ ဗိသုကာ လီကွမ်ယုကို ဝေဖန် တိုက်ခိုက် ခဲ့တဲ့ ဆယ်ကျော်သက် စင်ကာပူနိုင်ငံသားတဦးကို စွဲချက်တင်လိုက်ပြီ ဖြစ်ပါတယ်။

အေးမော့စ် ရီ ဆိုသူ အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးက မစ္စတာလီဟာ အာဏာရှင် ဖြစ်တယ်၊ နောက်ပြီး ယေရှုနဲ့ နှိုင်းယှဉ်ပြီး ချိုးချိုးနှိမ်နှိမ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို သူ့ဘာသာ ပြောကြားထားတာကို ဗီဒီယိုရိုက်ကူးပြီး အွန်လိုင်းမှာ တင်လိုက်တာ ဖြစပါတယ်။

အေးမော့စ် ရီ ကို အခုတော့ ဘာသာရေး ခံစားချက်တွေ အတွက် ထိခိုက်စေမှု စော်ကားတဲ့ ပြောဆိုမှု နောက်ပြီး အဲဒီလို ပြောဆိုတာတွေကို ဖြန့်ချိမှုတွေ နဲ့ စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်။

မစ္စတာ လီကွမ်ယု ဈာပနကိုတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့တာဖြစ်ပါတယ်။

မစ္စတာ လီကွမ်ယုဟာ စင်္ကာပူကို ခေတ်မီ နိုင်ငံတော်ကြီး တခု ဖြစ်လာအောင် ပြောင်းလဲ စေခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုတွေ အတွက်လည်း ဝေဖန်ခံရသူ ဖြစ်ပါတယ်။

0 အကြံပြုခြင်း: