Sunday, April 12, 2015

မင်းသွေးသစ်ရဲ့ ကျန်းမာရေး အခြေအနေ (၀၉-၀၄-၂၀၁၅)



မင်းသွေးသစ်ရဲ့ အဓိက ဒဏ်ရာရခဲ့တဲ့ ခေါင်းကို ဓါတ်မှန်ရိုက်တာ အခြေအနေကောင်းတယ် … စိုးရိမ်စရာမရှိ … ဒါပေမယ့် ကျောကုန်းမှာ အရိုက်ခံထားရတာတွေက ညိုမဲနေတာတွေရှိပြီး နာနေသေးတယ်တဲ့ … ခေါင်းကို နံပါတ်တုတ်တွေနဲ့ အရိုက်ခံရချိန်မှာ လက်နဲ့ ကာမိတော့ … ညာဘက်လက်ခုံကို ကန့် လန့် ဖြတ်ရိုက်သလိုဖြစ်ပြီး လက်သူကြွယ်အရင်းနားလေးမှာ ချိုင့်နေတာတွေ့ရတယ် … ညာဘက်လက်မအရိုးနားလေးလည်း ပုံမှန်မဟုတ် ။
ရဲတွေက ဖိနပ်နဲ့ ဆောင့် ဆောင့်နင်းတဲ့ ဒဏ်ကြောင့် ဘယ်ဘက်ခြေထောက် ခြေမနားလေးလည်း ညာဘက်ခြေထောက်နဲ့မတူ အနည်းငယ်ဖောင်းနေတာတွေ့ရ … နာတော့ မနာတော့ပါလို့ ပြောပါတယ် ။
ပြီးခဲ့တဲ့ရက်တွေမှာ ထောင်ကကျွေးတဲ့ ထမင်းက ကြမ်းလွန်းတာကြောင့် အစားပျက်ပြီး အစာအိမ်အောင့်သလိုဖြစ်ခဲ့တာ အခုတော့ သက်သာသွားပါပြီတဲ့ ။

0 အကြံပြုခြင်း: