Wednesday, April 15, 2015

ရာဇဝတ်ကောင်တွေပါတီဖွဲ့မည်


BBC Burmese
နိုငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောတ်ရေး အဖွဲ့ နဝတ လက်ထက်က ဗိုလ်ချုပ်ကြီးဟောင်းတွေ ပါဝင်တဲ့နိုင်ငံရေး ပါတီကြီးတစ်ခု တည်ထောင်ဖို့ ပြင်ဆင် နေတယ်လို့ အစိုးရနဲ့ နီးစပ်သူတွေက ဘီဘီစီကို ပြောပါတယ်။

အဲဒီပါတီက အမတ်နေရာ ၄၀၀လောက် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

နဝတ ခေတ်က တိုင်းမှူး နဲ့ ဝန်ကြီးဟောင်း ရာထူးတာဝန်တွေ ယူခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းတွေ အဲဒီပါတီ မှာပါဖို့ရှိတယ်လို့ အစိုးရနဲ နီးစပ်သူတွေက ပြောပေမဲ့ ပါတီ မှာ ဦးဆောင် ပါဝင်မယ်လို့ သတင်းထွက်နေသူတွေ ကိုတော့ ဘီဘီစီက တိုက်ရိုက်ဆက်သွယ် လို့မရခဲ့ပါဘူး။

ဗိုလ်ချုပ်ကြီးဟောင်း ထွန်းကြည်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း ညွန့်တင်တို့ ပါဝင်မယ်လို့ သတင်းတွေ ထွက်နေခဲ့တာ ဖြစ်ပါတယ်။

ရွှေးကောက်ပွဲတွေ စောင့်ကြည့်နေတဲ့ နယူးမြန်မာအဖွဲ က မမြနန္ဒာက ဒီပါတီကြီး အတွက် ပြင်ဆင်နေတာနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ခြောက်လလောက်က တည်းက သိရတယ်လို့ ပြောပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်လက်ထက်က ထောက်လှမ်းရေးဟောင်း တွေက ရွေးကောက်ပွဲ အတွက် စိတ်ဝင်စားနေတယ်လို့ ပြောကြောင်းနဲ့ MPC မြန်မာ ငြိမ်းချမ်းရေး စင်တာနဲ့ ညှိပြီး လုပ်ဆောင်သွားမယ်လို့ ပြောကြောင်း မမြနန္ဒာက ဘီဘီစီကို ပြန်ပြောပြပါတယ်။

အဲဒီ ပါတီမှာပါဝင် သူတွေလို့ ယူဆရသူတွေရဲ့ အင်တာနက် ဖေ့ဘုတ် စာမျက်နှာ မှာလည်း ပါတီ တည်ထောင်ခွင့် တင်ထားပြီး ကော်မရှင်ရဲ့ ခွင့်ပြုချက် စောင့်နေတယ်လို့ ရေးသား တာတွေရှိပါတယ်။

ဒါ့အပြင် အဲဒီပါတီရဲ မူက တပ်မတော်ရဲ့ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်ဖို့ ရည်မှန်းပြီး လက်ရှိ အခြေခံ ဥပဒေ အရ တိုင်းပြည် တည်တည်ငြိမ်ငြိမ်နဲ့ စီးပွားရေး ကောင်းဖို့ အစွမ်းကုန်ကြိုး ပမ်းဆောင်ရွက် ရေးကို ရည်ရွယ်တယ်ဆိုတဲ့ အတွက် စစ်တပ်ကို ထောက်ခံမယ့် ပါတီ လို့ခန့်မှန်းရပါတယ်။

ဒီပါတီမှာ အာဏာရှင် ဗိုလ်ချုပ်ဟောင်းတွေ၊ စစ်တပ်ကို ထောက်ခံသူတွေ အပြင် အမျိုးဘာသာ စောင့်ရှောက်သူတွေ ဆိုတဲ့ အဖွဲ့ တွေလည်း ပါဝင်ပါတယ်။

သူတို့က လာမယ့် ရွေးကောက်ပွဲမှာ လွှတ်တော် အမတ်နေရာ ၁ဝ ရာခိုင်နှုန်းလောက် အထိ ရဖို့ ရည်ရွယ်ထားပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် လွှတ်တော်ထဲမှာ စစ်တပ် ပါဝင် မှုကို ၂၅ ရာခိုင်နှုန်း ကနေ ၂ဝ ရာခိုင်နှုန်း ဝန်းကျင်အထိ ပြင်ဆင် လျှော့ပေးလိုက်ပြီး လူထုကို နှစ်သိမ့်လိုက်ပြီးရင် ဒီပါတီသစ်နဲ့ အစိုးရကို ထောက်ခံတဲ့ တိုင်းရင်းသား အင်အားစုတွေက ၁၅ရာခိုင်နှုန်း ပြန်ရအောင် တဖက်က ကြိုးပမ်းမယ်၊ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်က ကိုယ်စားလှယ် ပေါင်းလိုက်ရင် စုစုပေါင်း လွှတ်တော်ထဲ မှာ အမတ်နေရာ ၅၀ ရာခိုင်နှုန်း ကျော် ရနိုင်မယ်လို့ ခန့်မှန်းပုံ ရကြောင်း နိုင်ငံရေးအကဲ ခတ်တွေ က သုံးသပ် ပါတယ်။


ဒါဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အန်အယ်ဒီ ကို အသာစီး ရအောင် လုပ်တာ ဖြစ်တယ် လို့လည်း နိုင်ငံရေး အကဲခတ်တွေ က သုံးသပ်နေကြပါတယ်။

0 အကြံပြုခြင်း: