Wednesday, April 22, 2015

မန္တလေးမြို့ သီရိမန္တလာကားကွင်းအတွင်း ဓါးပြတိုက်နေခြင်း

ဘုရင့်နောင် အရုဏ်ဦး သတင်း

သီရိမန္တလာကားကွင်း ဂိတ်ပေါက်မှရဲများဟာ ကလိမ်ကကျစ်နည်းအမျိုးမျိုးသုံး၍ခရီးသွားပြည်တွေကို အတင်းအဓမ္မငွေညှစ်ယူနေကြပါတယ်။ကျွန်တော်ကိုယ်တိုင်အဓမ္မငွေညှစ်ခံလိုက်ရတာပါ။
ဒီနေ့ ကျွန်တော်နှင့်ကျွန်တော်ညီဝမ်းကွဲ ချင်းပြည်နယ်ကလေးမြို့မှပို့လိုက်သောပစ္စည်းတွေကိုယူဖို့ မန္တလေးသီရိမန္တလာကားကွင်း'ထွန်းတောက်'ဂိတ်ကိုသွားခဲ့ပါတယ်။ကားကွင်းတောင်ဘက်ပိုင်းက'ထွန်းတောက်'ဂိတ်မှပစ္စည်းရွေးရင်သီရိမင်္ဂလာဟိုတယ်ရဲ့မြောက်ဘက်ကဂိတ်ကိုသွားရွေးရပါတယ်လို့ပြောပြီlလမ်းပြောင်းပြန်မောင်းရင်လည်းရဲကငွေညှစ်တယ်လို့လည်းမှာလိုက်ပါတယ်။ဒါနဲ့ကျွန်တော်တို့လည်းဖမ်းခံရမှာကြောက်တာနှင့်လမ်းစည်းကမ်းနဲ့အညီဟိုတယ်ရဲ့အရှေ့ဘက်ကပတ်ပြီဂိတ်ကိုသွားဖို့ဆိုင်ကယ်နှစ်စီးဖြင့်မောင်းလာခဲ့ပါတယ်။ဟိုတယ်ရဲ့အရှေ့ဘက်အလွန်လောက်မှာပဲ ဘယ်ချောင်ကပုန်းပြီထွက်လာမှန်းမသိတဲ့ မီးသွေးလိုအသားအရည်နှင့်ရဲတစ်ကောင်ဟာ ကျွန်တော်တို့ဆိုင်ကယ်သော့တွေကိုအတင်းလုယူပြီတော့ ဆိုင်ကယ်နှစ်စီးကိုလည်းကားကွင်းအထွက်ပေါက်ဂိတ်တဲကိုယူလာခိုင်းပါတယ်။
ကန့်သတ်နယ်မြေထဲကဖြတ်လို့ဖမ်းတာလို့ပြောပြီဒဏ်ကြေးတစ်သိန်းတစ်သောင်းတောင်းပါတယ်။
ဘာကြောင့်ကန့်သတ်နယ်မြေလည်းတော့မသိဘူးကျွန်တော်မြင်တာကတော့ဒါဟာသိရိမင်္ဂလာဟိုတယ်ကြီးကိုပတ်ထားတဲ့လမ်းကြီးပါ။လမ်းပြောင်းပြန်မောင်းရင်လည်းဖမ်းတယ်lလမ်းစည်းကမ်းအတိုင်းပတ်မောင်းရင်လည်း ဒီရဲတွေကဖမ်းပါတယ်။ဒီထက်ယုတ်မာကောက်ကျစ်တာကတော့'ကန့်သတ်နယ်မြေ'ဆိုတဲ့ဆိုင်းဘုတ်ကို ဆိုင်ကယ်စီးလာတဲ့သူတွေမမြင်အောင်အတွင်းဘက်ကိုလှည့်ပြီမသိသာအောင်ချိတ်ပြီ ဖမ်းမဲ့ရဲကဘေးမှာပုန်းနေတာပါ။ဒီကားကွင်းကိုပထမဆုံးရောက်ဖူးတဲ့ကျွန်တော်တို့လိုသူတွေကတော့ကန့်သတ်နယ်မြေဆိုတာကိုဘယ်လိုလုပ်သိနိုင်မှာလည်း။ပြီတော့ဒီလမ်းပေါ်ကမဖြတ်စေချင်လည်းရဲတစ်ယောက်ယောက်ကရှေ့ကနေကြိုတားရမှာပါlအခုဟာကဆိုင်းဘုတ်ကိုသေချာမမြင်အောင်ထားပြီတမင်သတ်သတ်ဂွင်ဖန်နေကြတာအသိသာကြီးပါ။

ဖြစ်ချင်တော့ကျွန်တော့်မှာပါခဲ့တဲ့ငွေကတစ်သောင်းတစ်ထောင်lသူတို့တောင်းတာကတစ်သိန်းတစ်သောင်းဆိုတော့ ကျွန်တော်တို့ကိုဆိုင်ကယ်တွေထားပြီခြေလျင်ပြန်ခိုင်းပါတယ်။ကျွန်တော်လည်း မင်းတို့ရဲဆိုတာပြည်သူကိုကူညီဖို့ပဲlပြည်သူဒုက္ခရောက်ရင်ကူညီဖို့မင်းတို့မှာတာဝန်ရှိတယ်lပြည်သူ့တွေကိုငွေတောင်းဖို့မဟုတ်ဘူးlအခုမင်းတို့ကပြည်သူကိုပြန်ပြီဒုက္ခပေးနေတယ်လို့စိတ်တိုတိုနဲ့အော်ပြောပါတယ်။ကျွန်တော်ပြောတာကို ဒီကောင်တွေကဟက်ဟက်ပတ်ပတ်ရယ်ပြီလှောင်ပါတယ်lပြီတော့ကူညီပါရစေဆိုတာဆောင်ပုဒ်တစ်ခုသတ်သတ်ပဲ လက်တွေ့မသုံးဘူးလို့ မီးသွေးလိုအသားအရည်နှင့်ရဲကပြန်ပြောပါတယ်။
အတိုချုပ်အနေနဲ့ ကျွန်တော်နဲ့ဒီကောင်တွေအခြေအတင်စကားများပြီနောက်ဆုံးတစ်စီးကိုသုံးသောင်း နှစ်စီးခြောက်သောင်းနှင့်အိမ်ကမိန်းမကိုငွေလှမ်းပို့ခိုင်းခဲ့ရပါတယ်။
ကျွန်တော်ကဖုန်းနှင့်ဓာတ်ပုံရိုက်တာကို ဒီကောင်တွေကအတင်းပြန်ဖျက်ခိုင်းပါတယ်။သူတို့ပုံတွေကိုသူ့တို့ရှေ့မှာတင်ဖျက်ပေးခဲ့ပါတယ်။
ကျွန်တော်တို့အနောက်မှဆက်ပြီဖမ်းခံရတဲ့ကောင်မလေးဆိုရင်တော်တော်သနားစရာကောင်းပါတယ်။သူ့အဖိုးဆုံးလို့နယ်ပြန်ဖို့လက်မှတ်လာဝယ်လာတာကို ဒီကောင်တွေကဓါးပြတိုက်တဲ့အတိုင်းဇွတ်အတင်းအဓမ္မငွေသုံးသောင်းတောင်းပါတယ်။ကောင်မလေးခဗျာသူ့ရွှေကြိုးလေးကိုဒီကောင်တွေစီထားပြီငွေပြန်ယူရပါတယ်။
ဒါကြောင့် ဒီလိုရဲတွေဆိုရင် ပြည်သူတွေအနေနဲ့ဝေးဝေးကရှောင်တာအကောင်းဆုံးပါ။သူတို့တွေဟာပြည်သူကိုကူညီဖို့ရဲထဲဝင်တာမဟုတ်ပါဘူး။သူတို့ဟာငွေကိုအလွယ်တကူလိုချင်လို့ရဲထဲဝင်လာကြတဲ့ပြည်သူထဲကအတ္တသမားတွေပါပဲ။



ရှိန်း ရဲလင်းထွန်းတောက်

0 အကြံပြုခြင်း: