Saturday, April 25, 2015

ဦးအံ့မောင်က ဦးရဲထွဋ်ဟာ အတော်ညံ့တယ်လို့ တရားဝင်ပြော

သမ္မတအကြံပေး ဦးအံ့မောင်က သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ဟာ အတော်ညံ့တယ်လို့ တရားဝင်ပြောကြား

ဒီတစ်ပါတ်ထုတ် သံတော်ဆင့်ဂျာနယ်မှာ သမ္မတအကြံပေးဦးအံ့မောင်က သူဟာ သမ္မတအကြံပေးဖြစ်မှန်း သမ္မတပြောရေးဆိုခွင့်ရှိသူဦးရဲထွဋ်မသိခဲ့တာဟာ ဦးရဲထွဋ်
အတော်ညံ့တယ်လို့ တရားဝင် ပြောသွားခဲ့ပါတယ်၊ တစ်ခုတွေးစရာကောင်းတာက သမ္မတအကြံပေးက သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ညံ့တယ်ဆိုတော့ ဦးအံ့မောင်ကရော
မညံ့ခဲ့ဖူးလား၊ အဲဒီလိုပဲ အခြား သမ္မတအကြံပေးတွေရော မညံ့ဘူးလား၊ နောက်တစ်ဆင့်ထပ်တွေးရရင် ညံ့တဲ့ သမ္မတအကြံပေးတွေ ညံ့တဲ့ သမ္မတပြောရေးဆိုခွင့်ရှိသူတွေကို ခန့်ထားတဲ့ သမ္မတကရော
မညံ့ပေဘူးလား..ပေါ့၊ ဒါဟာ တွေးမိလိုက်တာလေးပါနော်..၊ဘာရယ်တော့ မဟုတ်ဘူးပေါ့။ (ဟာဂျူလီ-ကသာ)


0 အကြံပြုခြင်း: