Tuesday, April 7, 2015

ဒီကားကြီးကို သူမောင်းခဲ့တယ်



Soe Naing
ဒီကားကြီးကို သူမောင်းခဲ့တယ်
ဖြိုးဟန် တဲ့
ဒီနေ့ သူ့ရဲ့အလှုပါ
သမီးလေး နားသခါနီး ဖအေကိုမျှော်ရှာမှာပေါ့
ဇာတ်လမ်းကတော့ မြစ်သားအကျော်မှာစတာပါ ဗကသ ပင်မစစ်ကြောင်းမှာပါတဲ့ လှုံ့ဆော်ရေးကား ကိုယူလာသူတွေက သူတို့ယူလာတဲ့ကား ပြန်ယူသွားတော့မယ် လမ်းဆက်မလျှောက်တော့ဘူးတဲ့ လမ်းဆက်လျှောက်မယ့် ဗကသ ကျောင်းသားတွေအခက်တွေ့ပါပြီ ကားမရှိတော့ဘူး အသံချဲ့စက် စောင်းဘောက်တွေမရှိတော့ဘူး လှုံ့ဆော်ရေးဗီနိုင်းချိတ်ဖို့ကားမရှိတော့ဘူး ပြင်စည်ရောက်တဲ့ည လမ်းမလျှောက်ချင်တဲ့အဖွဲ့ ကားပြန်ယူသွားတော့ မနက်ပြင်စည်ကပြန်ထွက်ဖို့ကားမရှိတော့ဘူး တကယ်တော့ အဲဒီကားက ကိုနေမျိုးဇင်ရဲ့ကားပါ မင်းသွေးသစ်ကတော့ ကျောင်းသားတွေနဲ့အတူ သရဏဂုံတင်နေပြီ
ကိုမြတ်သူတို့ ကြံရပြီပေါ့ ဆရာလုပ်ပါအုံးတဲ့
ကျနော်လဲ ဖြိုးဟန်လုပ်ပါအုံးပေါ့
ဦးလူပေါက ကားပေးမတဲ့ အိုကေ
ပြည့်ဖြိုးဝင်းကလဲ ကူမယ်တဲ့ အိုကေပေါ့ ငါကတော့ ငါ့ကားစုတ်ကလွဲလို့မမောင်တတ်ဘူး လှုံ့ဆော်ရေးကားမင်းမောင်းရမယ် ဆိုတော့ မောင်းမယ်တဲ့ ထပ်ပြီး အိုကေပြန်ပြီပေါ့ ညတွင်းချင်းမြင်းခြံပြန် ကားပေါ်ကိုစက်တွေဆင် ပြင်စည်ကို မနက်အရောက်ပြန်မောင်းသွားကြတယ် ပြင်စည်က စထွက်လာကြတယ် ညကတရားဟောတာ နားထောင်ရတာအားမရလို့ ထပ်ပြီးတရားဟောရတာ ပြင်စည်က တော်တော်နဲ့ထွက်မရဘူး အဲဒီကစလို့ပင်မစစ်ကြောင်းကိုအားပေးတာ ခြိမ့်ခြိမ့်သဲသဲပဲ ရလိုက်တဲ့ အလှုငွေ ကျွေးလိုက်တဲ့အစားအစာ မကုန်လို့ လမ်းလျှောက်ရင်း အားပေးနေတဲ့ ပြည်သူတွေကို ကျောင်းသားနှစ်ယောက်က လမ်းဘေးဝဲယာ လိုက်ဝေနေတယ်။
ပြောချင်တာက ဖြိုးဟန်အကြောင်းပါ သူဌေးသား မျိုးရိုးစဉ်ဆက်ချမ်းသာတယ် မန္တလေး မြင်းခြံ သွားနေတဲ့ကုန်ကားတော်တော်များများပိုင်တယ် မိသားစုကို ပြန်ကြည့်စရာမလိုလောက်အောင် ပြည့်စုံပါတယ် အိမ်မှာ အဲယားကွန်းခန်း မွေ့ယာနဲ့အိပ်တဲ့ကောင်က ဟောက်တတ်တော့ ကျောင်းသားတွေကိုအားနာလို့ဆိုပြီး ငှားလိုက်တဲ့ကားအသစ်ကြီးကိုလဲ စောင့်ရှောက်ဖို့ဆိုပြီး အဲဒီကားပေါ်တင်ထားတဲ့ကျောင်းသားတွေရဲ့ပစ္စည်းပျောက်မှာကြောက်လို့ဆိုပြီး သူ့အရပ်ကြီးဂလန့်ဂလားနဲ့ကားခေါင်းထဲမှာဖြစ်သလိုအိပ်ပါတယ် အဲဒီလိုလူတယောက်က သပိတ်စစ်ကြောင်းတလျှောက် အအိပ်ပျက် အစားပျက် ဒုက္ခခံပြီး ဒီကားကြီးကိုလိုက်မောင်းပေးတယ် သူ့ရဲ့စိတ်ဓါတ်ကို မလေးစားပဲမနေနိုင်ပါဘူး (ငရုတ်သီးနဲ့ပေါင်းမိတဲ့ကြက်သွန်လို ဒေါ်စု နွားထိုးကြီးလာတော့ ကျနော်နဲ့အတူ ဘုံကျွန်ဖြစ်ရတဲ့အကြောင်းနောက်မှထပ်ရေးပါ့မယ်)
ဒီနေ့သူ့သမီးလေး ရှင်ပြုနားသအလှုပါ
သူကတော့ မြင်းခြံကစစ်ခွေးတွေလိုက်ကိုက်လို့ ဝရမ်းပြေးဖြစ်နေရရှာပါတယ် ကျနော် သူ့ကိုယ်စား ဘယ်လိုမှ ဖြေမဆည်နိုင်လို့ ရင်ဖွင့်ရပါတယ်
ဒီမိုကရေစီ ရအောင်လုပ်ပြီး ဒီအကြွေးပြန်ဆပ်ကြတာပေါ့ ဖြိုးဟန် ရေ.......

0 အကြံပြုခြင်း: