Friday, April 3, 2015

ကျောင်းသားတွေကိုဝိုင်းဝန်ထောက်ခံပေးကြဖို့ အကယ်ဒမီထွန်းအိန္ဒြာဗိုတိုက်တွန်း



ဒီမိုကရေစီပညာရေးအတွက် ကြိုးပမ်းနေသည့်ကျောင်းသားတွေကို ဝိုင်းဝန်းထောက်ခံပေးကြပါလို့ တိုက်တွန်းလိုကြောင်း အကယ်ဒမီထွန်းအိန္ဒြာဗိုက မတ်လ ၂၇ ရက်နေ့တွင် သရုပ်ဆောင်မိုးဟေကို၏ မိုး Fabric house ဆိုင်ဖွင့်ပွဲ၌ Oriental News သို့ ပြောသည်။

အကယ်ဒမီထွန်းအိန္ဒြာဗိုလ်က “ဒီမိုကရေစီပညာရေးအတွက် ကြိုးစားနေတဲ့ ကျောင်းသားတွေရဲ့ လုပ်ရပ်ကို ကျွန်မထောက်ခံပါတယ်။

တိုင်းပြည်တစ်ပြည် တိုးတက်အောင်မြင်ဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍတွေ မှာ ပညာရေးလည်းပါပါတယ်။
ပညာရေးကဏ္ဍ နိမ့်ကျခဲ့တဲ့အတွက် ကျွန်မတို့တိုင်းပြည် နှစ်ပေါင်း ၆ဝ အတွင်း မှာ အောက်ဆုံးရောက်ခဲ့ရတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။

အဲဒါကိုကယ်တင်လိုစိတ်နဲ့ ကျောင်းသားတွေ ညီညီညွတ်ညွတ်နဲ့ စွန့်စားပြီးလုပ်ခဲ့တာ နိုင်ငံတော်ကောင်းစားဖို့ ဝိုင်းဝန်းကြိုးစားနေတယ်မမြင်နိုင်ဘဲ အကြမ်းဖက်ဖြိုခွင်းခံရတာ တော်တော်ရုပ်ဆိုးတယ်။ တော်တော်စိတ်ပျက်စရာကောင်းပြီး ရှုတ်ချပါတယ်။

ကျောင်းသားတွေကို ဘယ်လိုကဏ္ဍများက ကူညီခွင့်ရမလဲ ကျွန်မလည်း မျှော်လင့်ပါတယ်။ ကူညီချင်စိတ် လည်း အပြည့်အဝရှိပါတယ်။ ကျောင်းသားတွေကို ကိုဇာဂနာကတစ်ဆင့် လက်ရှိမှာလည်း လှူနေပါတယ်။ ကျောင်းသားတွေလိုနေပူထဲထွက် ဆန္ဒပြရမယ့်အရွယ်မဟုတ်တော့ အပင်ပန်းမခံနိုင်ဘူး။

ကျောင်းသားတွေ လုပ်ရပ် ဘယ်လိုနည်းနဲ့ပံ့ပိုးရမလဲ အဆင်သင့်ရှိပါတယ်။ ကျွန်မတို့ နိုင်ငံတိုးတက်ဖို့အရေးကြီးတဲ့ကဏ္ဍမှာ ပညာရေးလည်းပါတဲ့အတွက် ဒီမိုကရေစီပညာရေးရအောင်ကြိုးစားနေတဲ့ ကျောင်းသားတွေကို ဝိုင်းဝန်း ထောက်ခံပေးကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု ပြောသည်။

အကယ်ဒမီထွန်းအိန္ဒြာဗိုလ်သည် လက်ရှိအနုပညာ အလုပ်နှင့်ပတ်သက်ပြီး အိပ်မက်ဆုံရာ သီချင်းဆို ပြိုင်ပွဲမှာ ဒိုင်အဖြစ်ဆောင်ရွက်နေကြောင်း၊ ရုပ်သံဇာတ်လမ်းတွဲများ ရိုက်ကူးထားပြီး နောက်ထပ်ရုပ်သံ

ဇာတ်လမ်းတွဲများရိုက်ကူးဖို့ ဆွေးနွေးနေတာလည်းရှိကြောင်း၊ ဇာတ်ကားများကို သူမအသက်အရွယ်နှင့် လုပ်ခွင့်ရမည့်၊ သူမစိတ်ဝင်စားသည့် ဇာတ်ရုပ်မျိုးမှသာ ရိုက်ကူးသွားတော့မည်ဖြစ်ကြောင်း ပြောသည်။

Author : Su Su Khaing Myo ( March 29)

0 အကြံပြုခြင်း: