Thursday, April 23, 2015

သတင်းထောက်များအား ငွေ(၁)သိန်းစီပေး

သတင်းထောက်များအား ငွေ(၁)သိန်းစီပေးခဲ့တဲ့ ဂရိတ်ဝေါဦးတင်မောင်တက္ကသိုလ် ပညာသင်ဆုချီးမြှင့်ရေး မီဒီယာရှင်းလင်းပွဲကိစ္စ.(ဟာဂျူလီ-ကသာ)
*************************************
တရားခံပြေးဖြစ်နေတဲ့ ကိုးကန့်လူမျိုး(တရုတ်လူမျိုး)ဂရိတ်ဝေါဦးတင်မောင်ရဲ့ တက္ကသိုလ် ပညာသင်ဆုချီးမြှင့်ရေးကော်မီတီများရဲ့ သတင်းစာရှင်းလင်းပွဲကို မန္တလေးမြို့ ၃၁လမ်း ၇၇လမ်းထောင့်ရှိ ရုံးခန်းမှာ
၁၉၊၄၊၂၀၁၅ရက်နေ့ မနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ပါတယ်၊ ဦးတင်မောင်အနေနဲ့ ကျောင်းသား(၃၀၀၀)ကို ပညာသင်ကြားပေခဲ့ကြောင်း အဓိကထား ရှင်းလင်း ပြောပြခဲ့တာလို့ သိရပါတယ်၊
ရှင်းလင်းပွဲအပြီးမှာ တက်ရောက်လာတဲ့ သတင်းထောက်တွေကို စာအိပ်အညို တစ်အိပ်စီ ပေးခဲ့ပါတယ်၊ သတင်းထောက်တွေအနေနဲ့ စာအိပ်ညိုကို ဖွင့်ကြည့်ပြီး ငွေ(၁)သိန်းစီ ပါနေတာတွေ့လို့ အားလုံးလိုလို
ငွေမယူပဲ ပြန်ပေးခဲ့ကြပါတယ်၊ အခုလို ငွေပေးပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲသတင်းကိုလည်း အခြားမီဒီယာတွေအနေနဲ့ ဖေါ်ပြခြင်းမပြုခဲ့ပေမယ့် မန္တလေးထုတ် ရတနာပုံသတင်းစာရဲ့ စာမျက်နှာ(၂)မှာတော့
ဖေါ်ပြခဲ့တယ်လို့ သိရှိရပါတယ်၊ ဂရိတ်ဝေါဦးတင်မောင်ဟာ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီချုပ်ဦးသာအေးနဲ့ တိုင်းမှူးဘ၀ကတည်းက ညီအစ်ကိုသဖွယ် ရင်းနှီးပေါင်းခဲ့ပြီးး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက
လယ်မြေများစွာကို မြန်မာလယ်သမားများထံက အဓမ္မဈေးနှိမ်ဝယ်ယူခဲ့သူ တရုတ်လူမျိုးတစ်ဦး ဖြစ်ပါတယ်၊သူသိမ်းယူခဲ့တဲ့ လယ်မြေပေါင်းဟာ ဧက(၂)သိန်းကျော်ရှိခဲ့ပါတယ်၊ အဲဒီလို သိမ်းယူခံခဲ့ရမှု
သက်ကြီးရွယ်အို တောင်သူလယ်သမား အတော်များများဟာ အိမ်သာကျင်းတူးစားရခြင်း၊ သက္ကယ်ပျစ်စားရခြင်းတွေ ဖြစ်ကုန်ရသလို မြန်မာလူမျိုး တောင်သူလယ်သမားတွေရဲ့ မိသားစုဘ၀တွေ အတော်များများ
ပျက်စီးထောင်ကျကုန်တာလည်း ရှိခဲ့ပါတယ်။ (ဟာဂျူလီ-ကသာ)

0 အကြံပြုခြင်း: