Thursday, April 9, 2015

လျောက်လဲချက် မပေးတော့ပါဘူး ကြိုက်တဲ့ အမိန့် သာချပါ တဲ့



Drkhin Mg Oo
ပါးကွက်ပျက် သနပ်ခါး နဲ့  သမီးက
ရုံးအထွက် မှာအဖေ မအော်နဲ့  နော်
အော်ရင် မခေါ်တော့ဘူး တဲ့

သူ့ ရှေ့ မှာ တွန်းထိုး
ခြေလက်လေးဖက်က ပက်လက်မ
အချုပ်ထဲ သွင်းခဲ့လို့  သူ ငိုခဲ့ရတယ်လေ

သမီးစကားကို အဖေနားထောင် ရှာပါတယ်
ရုံးတော် ဆိုတာမှာဒီ တရားစီရင်ရေးစနစ်ကို
 အယုံအကြည် မရှိပါဘူး
သက်သေလဲ ပယ်ဖျက်ခဲ့ ပြီးပါပြီ
ဒါကြောင့်လျောက်လဲချက် မပေးတော့ပါဘူး
ကြိုက်တဲ့ အမိန့် သာချပါ တဲ့

ညင်ညင်သာသာလေးပဲ ပြောပါတယ်

၂၃ ရက်နေ့  အမိန့် ချမှာပါ
အားလုံးသိပြီး ဖြစ်ကြတဲ့ အတိုင်းပါပဲ
သမီးလေးလဲ သိပုံ ရပါတယ်

နှင်းဆီများနဲ့လူ(သို့)သတ္တိများနဲ့သူ
========================

ဒီနေ့ ၉-၄-၂၀၁၅နေ့ ကိုသိန်းအောင်မြင့်ရဲ့ အမှူအောင်မြေသာစံမြို့နယ်တရားရုံး မှရှိပါတယ်။ဒါကြောင့် ကျမလည်းနည်းနည်းစောပြီးသွားလိုက်ပါတယ်....။ကျမရောက်တော့ ကိုသိနိးအောင်မြင့် ရဲ့ သမီးလေးကို တွေ့ရတယ်။သူရဲ့အဖေ ကိုတွေ့ချင်လို့ ပါ လို့ကျမကိုပြောပြတယ်..။ကျမလည်း သမီးငယ်လေးကို ခဏစောင့်ဖို့နဲ့ လာရင်တွေ့ရမယ်လို့..ပြောပြရင်းအခြားအကြောင်းရာများကိုပြောရင်း ကျီစားနေမိတယ်.....။အဲ့အချိန်ထိ ပတ်ဝန်းကျင်အခြေနေတွေက အားလုံးသာသာယာယာ ပါပဲ...။
မကြာပါဘူး အချုပ်ကားရောက်လာပါတော့တယ်။ကျမတို့လည်း အချုပ်ကားပေါ်ကဆင်းလာမဲ့ ကိုသိန်းအောင်မြင့် ကို စောင့်ကြည့်နေတုန်းမှာဘဲ ...သူကအချုပ်ကားပေါ်ကဆင်းအလာ..အောက်မှာစောင့်နေတဲ့ရဲတပ်သားတွေက အတင်းဆွဲချ...။ရုတ်တရက်ဆိုတော့ သူလည်းရုန်းကန်ရင်း ပါးစပ်ကနေ "မတရားလုပ်နေတာပဲ...။ယုတ်မာတဲ့အစိုးရ..။ကိုပါကြီးသတ်တဲ့တရားခံကိုတော့အခုထိဖော်ထုတ်မပေးဘဲ ငါတို့ကို မတရားဖမ်းထားတယ်...။၂၀၁၅ ဟာအရေးကြီးတယ်..။ပြည်သူကိုနှိပ်စက်တဲ့အစိုးရအလိုမရှိ...။ဒေါ်အောင်ဆန်းစုကြည် ကိုဝိုင်းရံကြ....။"ဆိုပြီးအော်ဟစ်တယ်..။ရဲတွေ ကလည်းအစတည်းက ဘာမှန်းမသိ ဇွတ်အတင်း ချုပ်ပြီး အတင်းဆွဲချနေတာကနေ..ချက်ချင်းအင်အားပြည့်ရောက်လာပြီး ဒရွတ်တိုက် ဆွဲခေါ်သွားကြတာများ လုံးဝမြင်မကောင်းပါဘူး...။ဘာလို့အဲ့လို အကြမ်းဖက်ပြီး အချုပ်ကားပေါ်က လူတယောက်ကို ဇွတ် အနိုင်ကျင့်ခေါ်တာလဲဆိုတာ စဉ်းစားလို့ကိုမရဘူး...။
ဒီမြင်ကွင်း ဖြစ်သွားတာ မိနစ်ပိုင်းလေးပေမဲ့ ကျမရဲ့စိတ်ထဲမှာတော့ "အကြမ်းဖက်ခံလိုက်ရတဲ့လူရဲ့သိက္ခာ၊ အကြမ်းဖက်ကြတဲ့သူတွေရဲ့ ကိုယ်ခြင်းစာတရားကင်းမဲ့စိတ်၊ဒါတွေ ကိုလက်တွေ့မြင်ရ တဲ့အခါ " ...နေပြင်းပြင်းပူလို့ ခြောက်ခန်းပက်ကြားအက်သွားတဲ့ ရေမရှိတော့တဲ့ တင်းကျပ်ကွဲအက်နေတဲ့ ကန်မျက်နှာပြင်လိုမျိုးခံစား ..လိုက်ရတယ်.....။
ကျမလည်း ကိုသိန်းအောင်မြင့် ကိုတွေ့ဖို့တောင်းဆိုပြီး သူ့သမီးငယ်လေးနဲ့အတူ ဝင်တွေ့လိုက်ပါတယ်...။ပြီးတော့ မစိုး(စင်္ကာပူ) က လူကြုံထည့်ပေးလိုက်တဲ့ ငွေ ၅ သောင်းကိုအပ်ပေးလိုက်ပါတယ်..။
သူဆီကနေ သိရတာတော့ ကိုစောရော ကိုကျော်မျိုးထွန်းရောအားလုံးနေကောင်းကြပြီး မခက်ခက်တင် နဲ့အကြောင်းတော့ သူလည်းမသိရသေးကြောင်းပြောပါတယ်....။
ကိုသိန်းအောင်မြင့် ကို ရုံးတော်က အမိန့်ချဖို့ ၂၃-၄-၂၀၁၅ နေ့မှာပြန်ချိန်းပေးလိုက်ပါတယ်...။

0 အကြံပြုခြင်း: