Tuesday, April 28, 2015

အစိုးရဖက်ကို မမေးထားဘူးဆိုလို့ 



Oakkar Ko Ko
တချို့သတင်းတွေမှာ ...
တစ်ဖက်တည်းရဲ့ အသံပဲပါလာတယ်...
အစိုးရဖက်ကို မမေးထားဘူး... တပ်ဖက်ကို မမေးထားဘူး...
ဆိုတဲ့စကားတွေက သတင်းပါလာပြီးနောက်မှာ ပြသနာဖြစ်လေ့ရှိတယ်။
မေးပေမယ့် ရှောင်လွှဲတာတွေ... မဖြေတာတွေ... ဟိုလွှဲဒီလွှဲလုပ်တာတွေကို
ဘယ်သူမှ မသိဘူး ... တစ်ခါတလေ တိုက်ပွဲတစ်ခုခု သတင်းဆိုပါစို့ ...
သတင်းထောက်က တိုင်းရင်းသားလက်နက်ကိုင်ဖက်ကို မေးတယ်...
ဟိုဖက်က တိုက်ပွဲအခြေအနေ အဖြစ်အပျက် အကျအဆုံးဖြေလိုက်တယ်...
တပ်ဖက်ကို ထပ်မေးတော့ ဟိုလွှဲဒီလွှဲနဲ့ စကားတစ်ခွန်းထွက်လာဖို့ အတော်ခက်တယ်။
ဒါနဲ့ပဲ အဲဒီသတင်းပါလာတဲ့အခါ... ဒီမီဒီယာဟာ သူပုန်ဖက်ကိုလိုက်ရေးတယ်...
သူပုန်ပြောသမျှရေးတယ်ဆိုပြီး ... တပ်ဖက်က အခဲမကျေဖြစ်လေ့ရှိကြတယ်။
သေချာတာတစ်ခုကတော့ အတိုက်အခံတွေအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့တွေတော်တော်များများဟာ မီဒီယာနဲ့ ဘယ်လိုဆက်ဆံရမယ် ဘယ်လိုအသုံးချရမယ်ဆိုတာ ကောင်းကောင်း သဘောပေါက်ကြတယ်။
မြန်မာအစိုးရဌာနများအပါအ၀င် တပ်မတော်ဖက်က သတင်းဖြေကြားမှုနဲ့
ပတ်သက်ပြီး ပွင့်လင်းလွတ်လပ်စေချင်ပါပြီလို့ ... ။

0 အကြံပြုခြင်း: