Sunday, March 8, 2015

NNER အဖွဲ့ဝင် ၁၈ယောက်မနက် ၁နာရီခွဲကျမှ ကျောင်းသားတွေနဲ့ တွေ့ခွင့်ရ



 ညသန်းခေါင်ဟာ ဧည့်တွေ့ချိန်မဟုတ်လို့ ကျောင်းသားတွေနဲ့ မတွေ့ဖို့ NNER ကိုတားကြသေးတယ်

လက်ပံတန်းက ပင်မသပိတ်စစ်ကြောင်းရှိရာကို မတ်လ ၇ရက်နေ့ ညသန်းခေါင်မှာ ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်း၊ ဒေါ်သူသူမာ၊ ကိုစိုးထွန်းနဲ့ ပန်းရဲ့လမ်းက ကိုရဲလွင်အပါအဝင် NNER အဖွဲ့ဝင် ၁၈ယောက် လာရောက်တွေ့ဆုံတာကို အာဏာပိုင်တွေက ဧည့်တွေ့ချိန်မဟုတ်လို့ဆိုပြီး သပိတ်ရှိရာကို သွားခွင့်ပိတ်ခဲ့ပါတယ်။
နယ်လုံဝန်ကြီးနဲ့ ဒေါက်တာသိန်းလွင်တို့ ဆွေးနွေးအပြီး မနက် ၁နာရီခွဲကျမှ ကျောင်းသားတွေနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ NNER အဖွဲ့ဝင်တွေနဲ့ သပိတ်မှောက်ကျောင်းသားတွေဟာ ပညာရေးဥပဒေကြမ်းအခြေအနေ၊ သမ္မတထံ မေတ္တာရပ်ခံချက်နဲ့ ပြဿနာတွေကို ဆွေးနွေးဖြေရှင်းကြဖို့ တိုင်ပင်ခဲ့ပြီး ညတွင်းချင်းပဲ ပြန်ထွက်သွားခဲ့ကြပါတယ်။

(ဓာတ်ပုံ -မျိုးမင်းအောင်/ကမာရွတ်မီဒီယာ)



0 အကြံပြုခြင်း: