Thursday, March 12, 2015

အမေရိကန် သံအမတ် (မတ်ခ် လစ်ပါတ်စ်) သည် ဓားချက် အချက် (၈၀)ရရှိခဲ့တယ်လို့MRTVကကြေငြာ

MRTV
သစ်သီးလှီးသည့်ဓားနှင့် တိုက်ခိုက်ခံခဲ့ရသည့် အမေရိကန်သံအမတ် ဒဏ်ရာများ သက်သာလျက်ရှိ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
ပြီးခဲ့သည့် (၅)ရက်အကြာက တောင်ကိုးရီးယားနိုင်ငံတွင် သစ်သီးလှီးသည့်ဓားနှင့် တိုက်ခိုက်ခံရသည့် အမေရိကန်သံအမတ် (မတ်ခ် လစ်ပါတ်စ်) သည် ဒဏ်ရာများမှ သက်သာသွားပြီဖြစ်သည့်အတွက် ဆိုးလ်မြို့ရှိ ဆေးရုံမှ ဆင်းသွားခဲ့ပြီဖြစ်ကြောင်း သိရပါသည်။ Mark သည် ဓားချက် အချက် (၈၀)ရရှိခဲ့ပြီး အချို့ဒဏ်ရာများဟာ အာရုံကြောများကို ထိခိုက်နိုင်ပေမယ့် ယခုတော့ သက်သာကောင်းမွန် သွားပြီဖြစ်ကြောင်း၊ ကုသမှုပြုလုပ်ပေးသည့် ဆရာဝန်များကို ကျေးဇူးတင်ရှိကြောင်း ၄င်းက ပြောကြားခဲ့ပါသည်။ ဒီတိုက်ခိုက်မှုနှင့် ပတ်သတ်ပြီး အသက်(၅၅)နှစ်အရွယ် (ကင်မ် ကီ ဂျုံး) ဆိုသူကို ဖမ်းဆီးခဲ့ပါသည်။ ၄င်းက အမေရိကန်-တောင်ကိုးရီးယား စစ်ရေးပူးပေါင်း လေ့ကျင့်မှုကို ဆန့်ကျင်သည့် အနေနှင့် ယခုလို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ရဲတပ်ဖွဲ့က လူသတ်ရန် ကြိုးစားမှုနှင့် ၄င်းအား တရားစွဲနိုင်ရန် လုပ်ဆောင်လျှက်ရှိကြောင်း ရိုက်တာသတင်း ဌာနမှာ ဖော်ပြသွားပါသည်။
video
နာရီဝက်လောက်ထိုင်လှီးချိန်ရပုံရတယ်နော်

0 အကြံပြုခြင်း: