Saturday, March 14, 2015

မြန်မာသမ္မတ၊ ပြည်ထဲရေးနဲ့ ပြန်ကြားရေးသတင်းတွေ မဖော်ပြဖို့ MJN ဆုံးဖြတ်

Kamayut Media
မြန်မာသတင်းထောက်တွေကို သတင်းသမားမှန်းသိသိဖြင့် ရိုက်နှက်ဖမ်းဆီးခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာသမ္မတ၊ ပြန်ကြားရေးနဲ့ ပြည်ထဲရေးဝန်ကြီးဆိုင်ရာ သတင်းတွေကို ရက်အကန့်အသတ်တစ်ခုသတ်မှတ်ပြီး လုံးဝမဖော်ပြဖို့ မြန်မာဂျာနယ်လစ်ကွန်ရက်က မတ်လ ၁၃ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

ဒါ့အပြင် မြန်မာသမ္မတနဲ့ ပြန်ကြားရေးဝန်ကြီးတို့ တက်ရောက်မယ့် မတ်လ ၂၇ကနေ ၂၉အထိ ရန်ကုန်မှာကျင်းပမယ့် မီဒီယာကွန်ဖရင့်ကို မြန်မာသတင်းသမားတွေ သပိတ်မှောက်ပြီး မတက်ရောက်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုတုံ့ပြန်ရတာဟာ သတင်းသမားတွေကို မတ်လ ၅ရက်နေ့ မြို့တော်ခမ်းမရှေ့ စွမ်းအားရှင်နဲ့ရဲတွေ အကြမ်းဖက် တိုက်ခိုက်မှု၊ အလုပ်သမားဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွင်းမှုနဲ့ လက်ပံတန်း ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲရာမှာ သတင်းသမားတွေကို ဖမ်းဆီးရိုက်နှက်ခဲ့တာကြောင့် တာဝန်ရှိတဲ့ မြန်မာသမ္မတ၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့အတူ မုသားသတင်းတွေဖော်ပြခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာနတွေရဲ့ လုပ်ရပ်ကို ရှုတ်ချတဲ့အနေနဲ့ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

0 အကြံပြုခြင်း: