Monday, March 23, 2015

နေမျိုးဆေး ပါဝင်သော စီးပွားရေး လုပ်ငန်းစု အနော်မာ က MIC ၏ ခွင့်ပြုချက်ဖြင့် ရရှိ


ယခင် စစ်အစိုးရလက်ထက်တွင် ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ဗိုလ်ချုပ်ထွန်းကြည်၏ သမီးဖြစ်သူ မသီသီထွန်း မွေးနေ့ ညစာစားပွဲကို ရန်ကုန်မြို့ ရှိ သမိုင်းအထင်ကရ အဆောက်အုံဖြစ်သည့် ၀န်ကြီးများရုံး အဆောက်အအုံ မြက်ခင်းပြင်မှာ ကျင်းပခဲ့ကြောင်းကို ယခင် အာဏာရှင်ဟောင်း ကွန်လွန်သူ ဦးနေ၀င်း၏ မြေးဖြစ်သူ ဦးအေးနေ၀င်းမှ လူမူကွန်ယက်စာမျက်နှာမှတဆင့် ဓါတ်ပုံများ ပြန်နှံနေကြောင်း သိရှိရသည်။
အဆိုပါ ညစာစားပွဲသို့ ဆယ်လဗီတီအချို့ လည်း တက်ရောက်ခဲ့ပြီး အရက်သေစာများဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း ဓါတ်ပုံများအရ ကောက် ချက်ချဖွယ် ဖြစ်သည်။
အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က မနှစ်မြို့ ကြောင်း ၄င်း၏ လူမူကွန်ယက်စာမျက်နှာတွင် မတ်လ ၂၁ ရက်နေ့ ည ၁၀ နာရီခန့်က ရေးသားဖော်ပြခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ကြီးများ ကျဆုံးခဲ့သည့် အဆိုပါ ၀န်ကြီးများရုံး အဆောက်အအုံကို နိုင်ငံတော်အစိုးရက ဘတ်ဂျက်မရှိသဖြင့် ထိန်းသိမ်းစောက်ရှောက်ခြင်း မပြု နိုင်သဖြင့် Yangon Heritage Trust ကို အဆိုပါ အဆောက်အအုံများကို ထိန်းသိမ်းနိုင်ရန်အတွက် ၀င်ငွေရရှိမည့် နည်းလမ်းများကို ထုတ်ဖော်လျက်ရှိကြောင်းလည်း သတင်းများတွင် မကြာခဏ ဖော်ပြလေ့ရှိသည်။
ယခုအခါ ဝန်ကြီးများရုံးကို ၀င်ငွေရရှိမည့် နည်းလမ်းများကို ထုတ်ဖော်ရန် ယခင် စစ်ဗိုလ်ချုပ်ဟောင်းများနှင့် နီးစပ်မှုရှိ ရုံမျှမက ဒေါ်အောင်ဆန်းစုကြည်နှင့်ပါ ရင်းနှီးမှုရှိသည့် အဆိုတော်ဟောင်း နေမျိုးဆေး ပါဝင်သော စီးပွားရေး လုပ်ငန်းစု အနော်မာ က MIC ၏ ခွင့်ပြုချက်ဖြင့် ရရှိထားကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများအရ သိရသည်။
အဆိုပါ လုပ်ငန်းစုမှ ၀န်ကြီးများရုံးတွင် ကော်ဖီဆိုင်၊ ဈေးဆိုင်များ၊ ဘားဆိုင်များ၊ ကလပ်များ ဖွင့်လှစ်ဖွယ်ရှိကြောင်း နီးစပ်သည့် သတင်းရပ်ကွက်မှ သိရသည်။
မောင်နိုး
The Ladies News Journal


Nyein Nyein Pyae
ဝန်ကြီးကလည်း .... မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်ပြန်ပြီ။ ဝန်ကြီးများရုံးဝန်းထဲမှာ ဗခဟောင်း သမီး မွေးနေ့ပါတီလုပ် ... အေးနေဝင်းတို့က ပါတီတက်..တာကို "ဒီလုပ်ရပ်ကို ကိုသန့်မြင့်ဦးတို့ YHT အနေနဲ့ပြန်သုံးသပ် သင့်တယ်လို့ထင်ပါ တယ်" တဲ့။ အဲဒါဝန်ဆောင်မှုခွင့်ပြုချက်ကို MIC က ပေးပြီး ၊ အနော်မာက ရထားတာ။
ပြောရရင် မွေးနေ့ပါတီက ဒေါက်တာသန့်မြင့်ဦး မွေးနေ့လည်း မဟုတ်။ grin emoticon
နောက်ပြီး YHT က လုပ်နေတာက - အဲဒီ့လိုအဆောက်အအုံတွေကို privateပေးမယ်ဆိုရင် Conservation Management Plan ကို အရင် တင်ခိုင်းဖို့ MIC ကိုပြောနေတာ...advocate လုပ်နေတာ။
ဒီကိစ္စ ဒေါက်တာသန့်မြင့်ဦး ဘယ်လို response လုပ်မလဲ စိတ်ဝင်စားတယ်။

0 အကြံပြုခြင်း: