Saturday, March 14, 2015

Lincang မြို့ပေါ်ကို မြန်မာအစိုးရရဲ့အမြှောက်ဆန်တွေ ကျတရုတ်နိုင်ငံသား ၄ယောက်သေဆုံးခဲ့ပြီး ၉ယောက် ဒဏ်ရာရ

Kamayut Media
တရုတ်နိုင်ငံသား ၄ယောက်သေဆုံးခဲ့ပြီး ၉ယောက် ဒဏ်ရာရခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ နယ်စပ်ဖြတ်ကျော် ဗုံးကျခဲ့မှုကြောင့် တရုတ်စစ်တပ်ဟာ မြန်မာ-တရုတ်နယ်စပ်ကို ကင်းလှည့်ဖို့အတွက် နောက်ထပ်တပ်ဖွဲ့တွေ စေလွှတ်ခဲ့ပါတယ်။

တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Liu Zhenmin က မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းကို သောကြာနေ့က ခေါ်ယူတွေ့ဆုံခဲ့အပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကန့်ကွက်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရတပ်တွေဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်နဲ့ ထိစပ်နေတဲ့ ကိုးကန့်ဒေသမှာ ဖုန်ကြားရှင်ဦးဆောင်တဲ့အဖွဲ့တွေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေဖြစ်ခဲ့ရာက နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တရုတ်အစိုးရက သတိပေးခဲ့ပါတယ်။

ကိုးကန့်တိုက်ပွဲတွေဟာ မတ်လ ဒုတိယပတ်မှာ ပြန်လည်ပြင်းထန်လာခဲ့ရာက မတ်လ ၁၃ရက်နေ့ညမှာ တရုတ်နိုင်ငံက Lincang မြို့ပေါ်ကို မြန်မာအစိုးရရဲ့ စစ်လေယာဉ်က အမြှောက်ဆန်တွေ ကျရောက်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ထိပ်တန်းအရေးကြီးသတင်းအဖြစ် ဖော်ပြနေပါတယ်။

0 အကြံပြုခြင်း: