Wednesday, March 18, 2015

မဖြိုးဖြိုးအောင်ရဲ့ အဖမ်းမခံရခင်အချိန် မှာကြားချက်

YoYam Hnine
=========
ကျနော်တို့ အတူတူ အဖမ်းမခံရမှီ နောက်ဆုံးမိနစ်အထိ ကျနော့် ညီမ ဖြိုးဖြိုးအောင်က တည်တည်ငြိမ်ငြိမ်နဲ့ ဖုန်းပြောနေတယ်.... သူထွက်အဖမ်းခံဖို့ သွားနေတုန်း၊ ဖုန်းပြောနေရာကနေ ပြန်လှည့်လာပြီး သူ့ညီတွေ၊ ညီမတွေကို လှမ်းမှာတယ် "နင်တို့နော်.... တည်တည်ငြိမ်ငြိမ် အဖမ်းခံ၊ ဘာမှ ပြန်မလုပ်နဲ့၊ ဘယ်သူ့ကို လုပ်လုပ်၊ ဘာမှပြန်ထ မလုပ်ကြနဲ့" တည်ငြိမ်အေးဆေးစွာ မှာပြီးမှ အဖမ်းခံသွားတယ်။ ထောင်ဖြတ်သန်းမှုရှိတဲ့ မဖြိုးဖြိုးအောင်က နောင်ဘာဖြစ်လာမယ်ဆိုတာ သိပြီး ညီငယ်၊ ညီမငယ်တွေကို နောက်ဆုံးအချိန်ထိ တည်ငြိမ်စွာ အဖမ်းခံအောင် ထိန်းသိမ်းပေးသွားခြင်းပါပဲ.....
လေးစားပါတယ်.... ညီမလေးဖြိုးဖြိုးအောင်..... ကျန်းမာပါစေ........။

0 အကြံပြုခြင်း: