Tuesday, March 10, 2015

အချုပ်ကားနှစ်စီးဖြင့်ရိုက်နှက် တင်ဆောင်သွား


ပင်မကျောင်းသားသပိတ်အား အားဖြည့်နေသည့် အရပ်သားများအား ရဲတပ်ဖွဲ့က ယနေ့ နေ့လည် ဆယ့်နှစ်နာရီ ငါးဆယ့်ငါးမိနစ် အချိန်ခန့်က စတင်၍ ရိုက်နှက်နေပြီဖြစ်ကြောင်း 7DAY သတင်းထောက်က သတင်းပေးပို့သည်။
ယနေ့ နံနက်ပိုင်းမှစ၍ ပိတ်ဆို့ထားသည့် လုံခြုံရေးရဲတပ်ဖွဲ့များအား ကျောင်းသားများက ထိုးဖောက်ထွက်နိုင်ရန် ကြိုးစားရာ အရပ်သားများက ၀ိုင်းဝန်းကူညီခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များသည် အရပ်သားများအား ရိုက်နှက်၍ အချုပ်ကားပေါ်သို့ ဆွဲတင်နေခြင်းဖြစ်သည်ဟု အဆိုပါနေရာသို့ ရောက်ရှိနေသည့် 7DAY သတင်းထောက်က သတင်းပေးပို့သည်။ အရပ်သားများအား ရဲတပ်ဖွဲ့က အချုပ်ကားနှစ်စီးဖြင့် တင်ဆောင်သွားသည်ကို တွေ့ရကြောင်း 7DAYသတင်းထောက်က သတင်းပေးပို့သည်။

0 အကြံပြုခြင်း: