Thursday, March 26, 2015

ညာဖက်လက်ချောင်း ၃ချောင်းရဲ့အဓိပ္ပာယ်



ညာဖက်လက်ချောင်း ၃ချောင်းရဲ့အဓိပ္ပာယ် -

ဗယ်ဖက်လက်သုံးချောင်းရဲ့အဓိပ္ပာယ်ဖြစ်တဲ့ ကျေးဇူးတင်တာ၊ အားကျဂုဏ်ယူတာနဲ့ ကိုယ်ချစ်တဲ့သူကို နှုတ်ဆက်ရတာဆိုတဲ့ အဓိပ္ပာယ်သုံးမျိုးပေါင်းထားတဲ့ Sign ကို The Hunger Games ထဲမှာဖော်ညွှန်းခဲ့ပါတယ်။ District 12 ဇာတ်ကားထဲမှာတော့ ကိုယ်ရဲဘော်အချင်းချင်းကို ဗယ်ဖက်လက်သုံးချောင်းထောင် နှုတ်ခမ်းမှာကပ်ပြီး ထောင်ပြတဲ့ လက်သုံးချောင်းကို ညာဖက်လက်နဲ့ပြောင်းပြီး အများပြည်သူကို ထောင်ပြလိုက်တဲ့အခါမှာတော့ Rebellion ဆိုတဲ့ သူပုန်ထမှုအဓိပ္ပာယ်ကို စတင်ပေါ်ပေါက်လာစေခဲ့ပါတယ်။

ညာဖက်လက်ကိုသုံးစွဲပြီး လက်သုံးချောင်းထောင်တဲ့ အလေးပြုမှုဟာ အုပ်ချုပ်မှုနဲ့ အာဏာကိုချုပ်ကိုင်ထားသူတွေကို ဆန့်ကျင်တဲ့ လက္ခဏာအဖြစ် ပီပီပြင်ပြင်ပေါ်ပေါက်လာတဲ့နောက်မှာတော့ အတုအယောင်ဖန်တီးထားတဲ့ကမ္ဘာထဲကနေ ရုန်းထွက်ပြီး အစစ်အမှန်ကမ္ဘာကြီးအတွက် ရုန်းကန်တိုက်ပွဲဝင်ကြမယ်ဆိုတဲ့ အဓိပ္ပာယ်အထိ ရောက်ရှိလာပါတယ်။ ဒီကနေ့ကမ္ဘာမှာတော့ လူငယ်ကျောင်းသား လှုပ်ရှားမှုတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာပါတယ်။

ညာဖက်လက်ညှိုးအလယ် ၃ချောင်းထောင်ပြီး လက်ထိပ်တွေကြား သံတိုင်တွေကြားကနေ မတ်လ ၂၅ရက်နေ့မှာ အကျဉ်းစံ သပိတ်မှောက်ကျောင်းသားတွေဟာ သူတို့ရဲ့မိသားစုဝင်တွေ၊ ထောက်ခံအားပေးသူတွေကို ပြပြီး အလေးပြုခဲ့ပါတယ်။ ဒီအဓိပ္ပာယ်ဟာ အာဏာရှင်စနစ်အလိုမရှိ၊ အကြမ်းဖက်ဝါဒ ကျဆုံးပါစေဆိုတဲ့ မြန်မာကျောင်းသားတွေရဲ့ ရုန်းကန်မှုတိုက်ပွဲရဲ့အဓိပ္ပာယ်ကို ဆောင်နေပါတယ်။

Kamayut Media

0 အကြံပြုခြင်း: