Thursday, March 5, 2015

လက်ပံတန်းမြို့ထဲမှာ အင်အားသုံးကာခုပဲဖမ်းဆီး


San Nyein Oo
ခုနံနက်မှာပဲဗကသများအဖွဲ့ချုပ်မှညီငယ်ရဲရင့်ပိုင်မှူးး
ညီမငယ်အိသဉ္ဇာမောင်တို့ညီငယ်သာအေး အောင်မင်းခန့် ရဲမျိုးဆွေတို့
လက်ပံတန်းမြို့ထဲ ကြိုးစားခါလူထုကိုကို စည်းရုံး သပိတ်မှောက်ပါတယ်
ရဲများက အင်အားသုံးကာခုပဲဖမ်းဆီးသွားကြောင်းသိရပါတယ်
အဲ့ဒီမှာ ရှိတဲ့မီဒီယာသမားတွေကိုလည်း
မှတ်တမ်းတင်လို့မရအောင်နှောက်ယှက်ခဲ့ပါတယ်
လူထုကြီးခင်ဗျားတရားမဲ့ ခွေးတွေကို
ဒီအတိုင်းကြည့်မနေကြပါနဲ့ဗျာ
၆ ၃ ၂၀၁၅
လက်ပံတန်း
၉: ၁၀

Ko Pyay
လက်ပံတန်း မှာ ကျောင်းသားတွေနဲ့  သတင်သမားတွေကို ဆွဲပြီ။
ကိုစိုင်းဇော် ဧရာဝတီ ကိပြန်လည်ဆွဲထုတ်ခဲ့ရ
ဓါတ်ပုံ ပြည်ကျော်


Eleven Media Group


မတ်လ ၆ ရက် ယနေ့နံနက် ၉ နာရီခန့်က လက်ပံတန်းမြို့ ဈေးအနီးတွင် ဒီမိုကရေစီပညာရေး ပင်မသပိတ်စခန်းမှ ကျောင်းသား ၄ ဦးနှင့် ကျောင်းသူ ၁ ဦးတို့ သည် ၄င်းတို့ ပိတ်ဆို့ခံထားရသည့် အခြေအနေနှင့် ရန်ကုန်မြို့တွင် ကျောင်းသားများအား အကြမ်းဖက် ဖမ်းဆီးသည့် ဖြစ်စဉ်များကို ရှင်းလင်းပြောကြား ဆန္ဒပြမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဆန္ဒပြသည့်နေရာသို့ ရဲတပ်ဖွဲ့၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အရပ်ဝတ်အချို့ ရောက်ရှိလာပြီး ယင်းသို့ မပြုလုပ်ရန် ပြောဆိုခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများကို ကားပေါ်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

0 အကြံပြုခြင်း: