Thursday, March 5, 2015

မှူးဇော်က ပြစ်မှုဆိုင်ရာ ကျင့်ထုံး ၁၂၇၊ ၁၂၈ နဲ့ ကိုင်ပြီးဖာတယ်


Ko Ko Gyi (The 88 Generation Students)

နိုင်ငံတော်သမ္မတပြောရေးဆိုခွင့်ရှိသူ ၊ ပြန်ကြားရေးဝန်ကြီးဦးရဲထွတ် က ' အရပ်ဝတ်နဲ့ပါနေတဲ့သူတွေဟာဘယ်အဖွဲ့အစည်းလဲ ၊ ဘယ်လိုမူဝါဒလဲဆိုတာကတိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရတို့ကိုမေးမှရမယ် 'လို့ ပြန်လည်ရှင်းလင်းနေချိန်မှာ သမ္မတရုံးညွှန်ကြားရေးမှုး မှုးဇော် က ဥပဒေနဲ့ညီညွတ်ကြောင်း အကိုးအကားနဲ့ရေးတင်လာလို့ နှိုင်းယှဉ်တင်ပြလိုက်တာပါ။
"လူစုလူဝေးကိုမုချမဖျက်မည့်အကြောင်းထင်ရှားသည့်အမူအရာကိုပြုလုပ်လျှင် " လို့ဖေါ်ပြထားပါတယ်။
ယခုဆန္ဒဖေါ်ထုတ်မှုဟာ အစီအစဉ်ပြီးဆူုံးလူစုခွဲတဲ့လူစုလူဝေးဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးညွှန်းဆိုသော အရပ်ဝတ်နဲ့ပါရေတဲ့သူတွေ ဆိုသည်မှာကြိုတင်ကြံစည်စုဆောင်းထားသူများဖြစ်ကြောင်းထင်ရှားပေါ်လွင်နေပါတယ် ။
လက်နက်ကိုင်မဟုတ်သူမည်သည့်အမျိုးသားကိုမဆိုအကူအညီတောင်းနိုင်သည် ဆိုရာမှာလည်း ဓါတိပုံအထောက်အထားကိုကြည့်ရှုနိုင်ပါတယ် ။
တရားသောဥပဒေများစိုမိုးနိုင်ပါစေ။





မည်သည့်ရာဇဝတ်တရားသူကြီး သို့မဟုတ် ဒုရဲအုပ်အဆင့်ထက်မနိမ့်သောရဲအရာရှိက ဥပဒေ နဲ့ မညီသော စုဝေးသည်ဟု ယူဆလျှင် စစ်သား ရဲ ဒါမှမဟုတ် အမျိုးသားတယောက်ကို အကူအညီတောင်းပြီးဖြိုခွဲနိုင်သည်လို့ ဆိုတယ်ဗျ ။

အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပြန်ချေပရတော့မှာပေါ့ ။

နိုင်ငံသားအခွင့်အရေး အရ နိုင်ငံသားတိုင်း လွတ်လပ်စွာ စုဝေးခွင့် စီတန်း ဆန္ဒပြခွင့် ဆန္ဒထုတ်ဖော်ခွင့်ရှိတယ် ။ မင်းတို့ စည်ပင်ဝန်းထဲမှာနေ့လည် ၂နာရီထဲကစုနေတယ် ။ ဒီဘက်က ထိုင်သပိတ် လုပ်နေတဲ့ ကိစ္စကို ကားလမ်းကူးပြီးလာတယ် ။ မင်းတို့လူအုပ်ဘက်က ရန်စတယ် ၊ အလံလာလုတယ် ။ ပြီးတော့ရဲက ဝင်ရိုက်တယ် ။ ဘယ်သူရန်စသလဲ ဘယ်သူစကျူးလွန်တာလဲ ။ ဥပဒေ ဆိုတာ တရားသူကြီး က ယူဆတယ်ဆိုရုံနဲ့လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး Logically ကျိုးကြောင်းဆီလျော်မှုရှိရလိမ့်မယ် ။ ဟေ့ ဘုရားပွဲမှာ လူစည်နေတယ် ရိုက်ကွာ ဆို မခက်ဘူးလား ။

ဥပဒေမှာက လက်နက်ကိုင် မဟုတ်သူ အမျိုးသားလို့ဆိုတယ် ။ မင်းတို့ကောင်တွေက တုတ် ကိုင်ထားတာ ဓါတ်ပုံသက်သေရှိတယ် ။

အခု မင်းတို့က ကလေကချေတွေ ဆိုက်ကားသမားတွေကို ကြံ့ဖွတ်တွေကတဆင့်တနေ့ ၅ထောင်ပေးခေါ်ပြီးရိုက်ခိုင်းတာ ....

မနက်ဖြန် နိုင်ငံတကာမီဒီယာတွေမှာပါလာမယ် ။ သိန်းစိန် ခွက်ကိုင်ပြီး ဘယ်မျက်နှာနဲ့ တောင်းမလဲ ကြည့်ချင်သေးတယ်..
Credit. Ko Ko Lwin

0 အကြံပြုခြင်း: