Sunday, March 29, 2015

မလေးရှားနိုင်ငံသို့ အခုလက်ရှိ လူကုန်ကူးနေသော သတင်း

သက်ဆိုင်ရာ လူကြီးမင်းများကူညီပေးစေလိုပါသည်
သဘောင်္သားများကို မလေးရှားနိုင်ငံမှ seatime ရမည်ဆိုပြီး
မလေးရှားနိုင်ငံ သို့စေလွှတ်လျှင် လုံးဝမလာကြပါနဲ့.............
သဘောင်္သားတွေ ကို ဝန်ဆောင်မှု့ပေးမယ်ဆိုပြီး အေးဂျင့်ခ
အလုံအလောက်တောင်းပြီး မလေးရှားနိုင်ငံ ဆာရာဝပ် စီဘူး
Sibu မှာ ဆောက်လုပ်ရေး ဆီအုံးနဲ အခြားအလုပ်ကြမ်းများကို
စေခိုင်းနေသည်မှာ သေချာခိုင်လုံနေပါသည်
အေးဂျင့်ကတော့ မြန်မာဘက်ခြမ်းမှ ဧကရီစတား ဖြစ်ပြီး
37 လမ်း အလယ်ဘလောက်မှာဖြစ်ပါတယ်.....စည်သူ
လို့ သူ့နာမည်ကိုသိရပါတယ်...............................
မလေးဘက်ခြမ်းကတော့ လူနာမည်သာသိရပြီး အူးဒင်း ပါ
အခုလက်ရှိ မြန်မာ ၂၀၀ လောက် မလေးဘက်ခြမ်းမှာ
ဒုက္ခရောက်နေကြပြီး နောက်ထပ် လာမည့်သူများသိရှိ
နိုင်ငံရန် နဲ့ အခု မလေးရှားမှာ လူကုန်ကူးခြင်းခံထားရသူ
များမှ အကြောင်းကြားလာပါပြီ
သူတို့လိုမျိုးနောက်လူငယ်တွေ ခလေးတွေ ကို လူကုန်ကူးခြင်း
မခံရစေရန်အတွက် အများသူငှာ ကိုသိစေရန်အကြောင်းကြား
ပေးလိုက်ပါသည်။
အေးဂျင့်ခ သိန်း (၃၀ )ပေးရပြီး အထွေထွေ လုပ်သားဘဝနဲ့
ကုန်တင်တုန်ချသင်္ဘောဆိပ်မှာ လုပ်နေကြရပြီး အရမ်း ပင်ပန်း
ပါတယ်....Sibu , Sound, Kabit မှာလုပ်နေရတာပါ
မနက် 6 နာရီထ နေ့လယ် ထမင်းစားချိန် 12 နာရီကနေ
12:45 ထိနား 6 နာရီထိုးမှနားရတယ်
သောက်ရတာချောင်းရေ ချိုးရတာချောင်းရေ တွေဖြစ်ပြီး
တစ်လကို ဒေါ်လာ ၅၀၀ ရမယ်ဆိုပြီး ဒေါ်လာ ၂၀၀
တောင် မပြည့်ကြပါဘူး.......
အခုလက်ရှိ သင်္ဘောပေါ်မှာ လုပ်လို့မရကြလို့ ဆောက်
လုပ်ရေးမှာ တနေ့ကို ၄၂ ရင်းဂစ်နဲ့ လုပ်နေကြရပါတယ်
မှတ်ချက် ။ ။ မလေးရှားကိုလာမည်ဆိုရင် သတိရှိကြပါ
အခုသတင်းမှာ သေချာပြီး တဖက်သားကို အပုတ်ချခြင်း
မဟုတ်ရပဲ အခုလက်ရှိ မလေးရှားကို လိမ်ပြီး အပို့ခံ
ထားရသူတွေမှ နောက်လာမည့် သူတွေကို ဒုက္ခမရောက်
စေရန်ရည်ရွယ်ပါသည်။
ရှယ်ပေးကြပါ
ဓါတ်ပုံ...............
ကုန်တင်ကုန်ချ လုပ်နေရသော သင်္ဘောများနဲ့
အခု အလုပ်လုပ်နေကြရသော လက်ရှိ ဆောက်လုပ်ရေး

0 အကြံပြုခြင်း: